Monday, October 21, 2019

အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုမှ တရားလိုပြ သက်သေ၆၄ ဦးစစ်ဆေးပြီးဖြစ်

အောက်တိုဘာ ၂၁ ရက်နေ့တွင် အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၃၅ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

အဆုပါ အောက်တိုဘာ ၂၁ ရက် ရုံးချိန်းတွင် ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) နှင့်ပတ်သက် ၍ တရားလိုပြ သက်သေ နေပြည်တော် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ဘဏ္ဍာရေးဌာနမှ အထွေ ထွေမန်နေဂျာ ဒေါ်အေးအေးမြင့်ကို နှစ်ဖက်ရှေ့နေများက စစ်မေးခဲ့ကြောင်း သိရသည်။
ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) နှင့်ပတ်သက်၍ တရားလိုပြသက်သေ နေပြည်တော် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ဘဏ္ဍာရေးဌာနမှ အထွေထွေမန်နေဂျာ ဒေါ်အေးအေးမြင့် ကို နှစ်ဖက်ရှေ့နေများက စစ်မေးရာတွင် GGS ကုမ္ပဏီအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရန်ကျန်သော အကြွေးများကို ကျေအောင်ဆပ်ပြီးပြီ ဖြစ်ကြောင်းနှင့် ဒဏ်ကြေးများလည်း ပေးသွင်းပြီးဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး တရားခံဘက်မှ ရှေ့နေက GGS ကုမ္ပဏီအနေဖြင့် အကြွေးကျန်များကို ဆပ်ပြီးပြီ ဖြစ်သောကြောင့် နိုင်ငံတော်ဘဏ္ဍာ နစ်နာမှုမရှိတော့သည်မှာ မှန်ပါသလား ဆိုသည့်မေးခွန်းကို မှန်ပါသည်ဟု ထွက်ဆိုခဲ့သော်လည်း GGS ကုမ္ပဏီ၏ ဂက်စ်ဖိုးငွေ အကြွေးကျန်အတွက် နိုင်ငံတော်မှ အချိန်ကြာမြင့်စွာ စိုက်ထုတ်ပေးခဲ့ရပြီး စောင့်ဆိုင်းခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။
ထို့ပြင် ရာဇဝတ်ကြီးအမှုအမှတ် (၄/ ၂၀၁၉) အမှုက တရားလိုပြသက်သေ ကော့သောင်းခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးဝဏ္ဏထွန်းနှင့် GGS ကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်လင်းတို့ကို နှစ်ဖက်ရှေ့နေများ က သရက်ချောင်းမြို့ရှိ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် နေအိမ်နှင့် ခြံဝင်းအား GGS ကုမ္ပဏီထံ ကျပ်သိန်း ၂၀၀၀ ဖြင့် ရောင်းချခဲ့သည့် အိမ်အရောင်းအဝယ် စာချုပ်ကိစ္စရပ်များ၊ GGS ကုမ္ပဏီက သရက်ချောင်းမြို့အနီးရှိ ဆင်ဖြူပြင်နှင့် တီတွတ်ပြင်ရွာအကြားရှိ လယ်မြေပေါ်၌ ငါးလေလံစျေးနှင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ရန် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စ စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်းမှုများ ရှိခဲ့သည်။
အောက်တိုဘာ ၂၁ ရက် ရုံးချိန်းတွင် သက်သေခံ စာရွက်စာတမ်း ရှစ်စောင် တင်သွင်းမှုရှိခဲ့သောကြောင့် စတင်တရားစွဲဆိုသည့်အချိန်မှ ၃၅ ကြိမ်မြောက် ရုံးချိန်းအထိ သက်သေခံ စာရွက်စာတမ်း တင်သွင်းမှုအဖြစ် တရားလိုဘက်မှ ဥပဒေအရာရှိများက ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) အတွက် ၈၄ စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၂/ ၂၀၁၉) အတွက် ၇၃ စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) အတွက် ၅၉ စောင် နှင့် ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အတွက် ၇၉ စောင် စုစုပေါင်း ၂၇၈ စောင် တင်ပြထားပြီး တရားခံဘက်မှ ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၇) အတွက် တစ်စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၃/ ၂၀၁၉) အတွက် အစောင် ၂၀ နှင့် ရာဇဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉) အတွက် ၁၁ စောင် စုစုပေါင်း ၃၂ စောင် ပြထားကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုမှ အောက်တိုဘာ ၂၁ ရက် ရုံးချိန်းအထိ တရားလိုပြ သက်သေ ၉၉ ဦးအနက် စစ်ဆေးပြီးခဲ့သည့် ဦးရေမှာ ၆၄ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
<<Zawgyi>>

Tuesday , October 22 , 2019

0 comments:

Post a Comment