Monday, May 4, 2020

မြန်မာ့ပညာရေးရုပ်မြင်သံကြားလိုင်းကို ယနေ့တွင် စတင်ထုတ်လွှင်ပြသ

No photo description available.
ပညာရေးဝန်ကြီးဌာန၏ မြန်မာ့ပညာရေး ရုပ်မြင်သံကြားလိုင်းကို အများပြည်သူ ဖမ်းယူ ကြည့်ရှုနိုင်ရန်အတွက် လိုင်းအဖြစ် စမ်းသပ်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

မြန်မာ့ပညာရေး ရုပ်သံလိုင်း (Myanmar Education Channel) ကို ၂၀၂၀ ပြည့်နှစ်၊ မေလ (၄)ရက်၊ ယနေ့မှ စတင်ကာ ရုံးဖွင့်ရက်များတွင် နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ အဆိုပါ မြန်မာ့ပညာရေးရုပ်သံ (Myanmar Education Channel)ကို MRTV Platform ၏ Channel အမှတ် (၇)တွင် ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
ဖမ်းယူကြည့်ရှုနိုင်မည့် စက်အမျိုးအစားများမှာ DVB-T2 Set-top Box ဖြင့်လည်းကောင်း၊ DVB-T2 Tuner ပါရှိသော LCD, LED Flat TV များတွင် အင်တင်နာဖြင့်လည်းကောင်း၊ Analog TV များတွင် Set-top Box ဖြင့် ချိတ်ဆက်ကြည့်ရှုပါက Aspect Ratio ရွေးချယ်၍လည်းကောင်း ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
မြန်မာ့ပညာရေး ရုပ်မြင်သံကြားလိုင်း (Myanmar Education Channel) ၏ ထုတ်လွှင့်မှု အစီအစဉ်များကို အဆင့်ဆင့် တိုးချဲ့ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန

0 comments:

Post a Comment