
နေပြည်တော်ကောင်စီ ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စက်ရုံ၊အလုပ်ရုံများနှင့် စည်ပင်သာယာ ရေးလုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဝင် ဦးညီထွန်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် လုပ်ငန်းတာဝန်များကို စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင် နိုင်စေရန်အတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ ပိုမိုစနစ်ကျစွာဖြင့် ထိရောက်မှု ရှိစေရန်အတွက် ထိုသို့စစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှိ ရုံးခန်း၊ သတင်းခန်း၊ ထုတ်လုပ်ရေးနှင့် ထုတ်လွှင့်ရေးအခန်းများ၊ စက်ခန်းများ၊ ရေဒီယိုအသံလွှင့်ရုံ အမှတ် (၁/၂) တို့အား လိုက် လံစစ်ဆေးပြီး ဝန်ထမ်းများ တစ်ဦးချင်းလိုက်နာ လုပ်ဆောင်ရန် အချက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာ လုပ် ဆောင်ရမည့် အချက်များကို အကြံပြုခဲ့ကြသည်။






0 comments:
Post a Comment