
ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရန်အတွက် သတ်မှတ်ထားသော လူမှုရေးကန့်သတ်ချက်များအား နိုင်ငံသားများဆက်လက်လိုက်နာရန် နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern မှ ညွှန်ကြားခဲ့ပြီး ကန့်သတ်ချက်များအား ဖြေလျှော့မည့်အစီအစဉ်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။ နယူးဇီလန်နိုင်ငံသည် မတ်လ ၁၆ ရက်နေ့မှစ၍ ပထမဆုံးအကြိမ်အဖြစ် COVID-19 ကူးစက်လူနာသစ် မရှိကြောင်း မေလ ၄ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
နယူးဇီလန်ဝန်ကြီးချုပ် Ardern သည် ဩစတြေးလျဝန်ကြီးချုပ် Scott Morrison မှဖိတ်ကြားထားသည့်မေလ ၅ ရက်နေ့တွင် ပြုလုပ်မည့်ဩစတြေးလျနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော အရေးပေါ် အစိုးရအဖွဲ့ဆွေးနွေးပွဲကိုလက်ခံ ထားပြီး သူမမှ နှစ်နိုင်ငံအကြား ခရီးသွားခြင်းလုပ်ငန်းကို ဆွေးနွေးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။






0 comments:
Post a Comment