Thursday, June 4, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် တစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ မေ ၃၁ ရက်ညနေ ၃ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ မောင်ကိုဇော်လင်း(ဘ)ဦးသန်းထွန်းမောင် အသက် (၂၅)၊ ရခိုင်၊ ဗုဒ္ဓဖြစ်သူသည် လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့သည်။
AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့အနေဖြင့် စစ်ရေးအရရှုံးနိမ့်ကာ တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးပြီး စိတ်ဓာတ်ကျဆင်း၍ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံတွင် ဆက်လက်နေထိုင်လိုစိတ်မရှိခြင်းကြောင့် ယခုကဲ့သို့ အလင်းဝင်ရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလက်နက်မဲ့အလင်းဝင်ရောက်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့်ရှိ မောင်ကိုဇော်လင်း ကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ခေါ်ယူ၍ လိုအပ်သည့် ကူညီဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment