Thursday, June 4, 2020

ချက်နိုင်ငံတွင် ဇွန်လ ၈ ရက်နေ့မှ စတင်၍ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်

ချက်သမ္မတနိုင်ငံတွင် အခြေခံပညာကျောင်းများအား မေလ ၂၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ online မှသင်ကြားရန် အခက်အခဲရှိသော grade-1 မှ grade-5 အထိအား ဦးစားပေးဖွင့်လှစ်ခဲ့ပါသည်။
ကျန် grade များအား ဇွန်လ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား ၁၅ ဦးထက်မပိုရန်အတွက် အဆောက်အဦးနှင့် ကျောင်းသား အရေအတွက်ပေါ် မူ တည်၍ အလှည့်ကျ/ အချိန်ပိုင်း စနစ်တို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ grade-6 နှင့် အထက် ကျောင်း သားများသည် online သင်ကြားခြင်းအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြသဖြင့် ၂၀၂၀ ခုနှစ် နွေ ရာသီ ကျောင်းပိတ်ရက် (ဇူလိုင်လနှင့် ဩဂုတ်လ) မတိုင်မီ အတန်းဖော်သူငယ်ချင်းများ၊ ဆရာ/ဆရာမများနှင့် ထိတွေ့မှုရရှိရန်နှင့် online မှနားမလည်သော သင်ခန်းစာများအာ ဘာသာရပ်ဆိုင်ရာ ဆရာများထံတွင် မေးမြန်း ဆွေးနွေးနိုင်ရန် အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မသရ၊ ပရာ့ဂ်မြို့။
နိုင်ငံခြားရေးဝန်ကြီးဌာန

0 comments:

Post a Comment