နိုင်ငံမြောက်ပိုင်းက တရုတ်-အိန္ဒိယ အမှန်တကယ်ထိန်းချုပ်နယ်မြေမျဉ်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေချိန် အိန္ဒိယအမျိုးသားအဝေးပြေးအာဏာပိုင်အဖွဲ့ NHAI က ကတ်ရှ်မီးယားဒေသတောင်ပိုင်း ဆရင်နာဂါ-ဂျမူး အမျိုးသားလမ်းမကြီးမှာ အရေးပေါ်လေယာဉ်ဆင်းကွင်းတစ်ကွင်း တည်ဆောက်နေပါတယ်။
ဒါပေမဲ့ အဲဒီလေယာဉ်ကွင်းဟာ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေတာနဲ့မဆိုင်ဘဲ အရင်ကတည်းက ခွင့်ပြုပြီးသား စီမံကိန်းဟောင်းတစ်ခုဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လမ်းမသစ်ဘေးနားမှာ ဆောက်လုပ်ရေးစ နေတာပါ။ စီမံကိန်းမှာ ၃.၅ ကီလိုမီတာရှိတဲ့ အရေးပေါ်လေယာဉ်ဆင်းကွင်းတစ်ကွင်း တည်ဆောက်နေတာ ပါဝင်တယ်လို့ NHAI အရာရှိတစ်ယောက်ကပြောပါတယ်။
မြေခင်းတဲ့လုပ်ငန်းတွေ အင်ပြည့်အားပြည့်လုပ်နေပြီး ဆောက်လုပ်ရေးမှာပါတဲ့လူတွေကို အထူးဖြတ်သန်းခွင့် ပေးထားပါတယ်။ ပြီးဆုံးတာနဲ့ လေယာဉ်ဆင်းကွင်းကို အရေးပေါ်အခြေအနေတွေမှာအသုံးပြုနိုင်မှာဖြစ်ပြီး ကွင်းထားမယ့်နေရာဟာ ဗဟိုချက်မှာရှိနေတယ်လို့ အရာရှိတွေကပြောပါတယ်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<
ကတ်ရှ်မီးယား တောင်ပိုင်းမှာ အရေးပေါ်လေယာဉ်ဆင်းကွင်း အိန္ဒိယ ဆောက်လုပ်
Thursday, June 4, 2020
နိုင်ငံမြောက်ပိုင်းက တရုတ်-အိန္ဒိယ အမှန်တကယ်ထိန်းချုပ်နယ်မြေမျဉ်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေချိန် အိန္ဒိယအမျိုးသားအဝေးပြေးအာဏာပိုင်အဖွဲ့ NHAI က ကတ်ရှ်မီးယားဒေသတောင်ပိုင်း ဆရင်နာဂါ-ဂျမူး အမျိုးသားလမ်းမကြီးမှာ အရေးပေါ်လေယာဉ်ဆင်းကွင်းတစ်ကွင်း တည်ဆောက်နေပါတယ်။
ဒါပေမဲ့ အဲဒီလေယာဉ်ကွင်းဟာ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေတာနဲ့မဆိုင်ဘဲ အရင်ကတည်းက ခွင့်ပြုပြီးသား စီမံကိန်းဟောင်းတစ်ခုဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လမ်းမသစ်ဘေးနားမှာ ဆောက်လုပ်ရေးစ နေတာပါ။ စီမံကိန်းမှာ ၃.၅ ကီလိုမီတာရှိတဲ့ အရေးပေါ်လေယာဉ်ဆင်းကွင်းတစ်ကွင်း တည်ဆောက်နေတာ ပါဝင်တယ်လို့ NHAI အရာရှိတစ်ယောက်ကပြောပါတယ်။
မြေခင်းတဲ့လုပ်ငန်းတွေ အင်ပြည့်အားပြည့်လုပ်နေပြီး ဆောက်လုပ်ရေးမှာပါတဲ့လူတွေကို အထူးဖြတ်သန်းခွင့် ပေးထားပါတယ်။ ပြီးဆုံးတာနဲ့ လေယာဉ်ဆင်းကွင်းကို အရေးပေါ်အခြေအနေတွေမှာအသုံးပြုနိုင်မှာဖြစ်ပြီး ကွင်းထားမယ့်နေရာဟာ ဗဟိုချက်မှာရှိနေတယ်လို့ အရာရှိတွေကပြောပါတယ်။
crd-PeopleMedia #Myanmar_Online_News

0 comments:
Post a Comment