Thursday, June 4, 2020

ကောလာဟလတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း H1N1 ဖြစ်ပွားသူ မရှိဟု ဆို

တောင်ဒဂုံမြို့နယ်မှာ H1N1 ဖြစ်ပွားသူ တစ်ယောက်ကို တွေ့ရတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိစာရင်းတွေအရ ရာသီတုပ်ကွေး(H1N1)ဖြစ်ပွားသူ မတွေ့ရသေးဘူးလို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
H1N1 ရောဂါဟာ မိုးရာသီမှာ ဖြစ်ပွားလေ့ရှိတဲ့ ရာသီတုပ်ကွေးရောဂါ တစ်မျိုးဖြစ်ပြီး ပြင်ပမှာ ကာကွယ်ဆေး ကြိုတင်ထိုးထား နိုင်တယ်လို့ သိရပါတယ်။ တောင်ဒဂုံမြို့နယ် Fever Clinic တာဝန်ခံ ဆရာဝန် ဒေါက်တာ ဇော်လင်းဗိုလ်က လည်း တောင်ဒဂုံမှာတော့ H1N1 ဖြစ်ပွားသူတွေ့ရှိရတယ်ဆိုတာ မကြားမိဘူးလို့ ပြောပါတယ်။
ရာသီတုပ်ကွေး(H1N1)ဟာ မြန်မာနိုင်ငံမှာ (၂၀၁၇) ခုနှစ်က စပြီး ဖြစ်ပွားခဲ့တာဖြစ်ပြီး (၂၀၁၉) ခုနှစ်မှာလည်း အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိခဲ့ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
ကောလာဟလတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း H1N1 ဖြစ်ပွားသူ မရှိ ဟုဆို
Thursday, June 4, 2020
တောင်ဒဂုံမြို့နယ်မှာ H1N1 ဖြစ်ပွားသူ တစ်ယောက်ကို တွေ့ရတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိစာရင်းတွေအရ ရာသီတုပ်ကွေး(H1N1)ဖြစ်ပွားသူ မတွေ့ရသေးဘူးလို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
H1N1 ရောဂါဟာ မိုးရာသီမှာ ဖြစ်ပွားလေ့ရှိတဲ့ ရာသီတုပ်ကွေးရောဂါ တစ်မျိုးဖြစ်ပြီး ပြင်ပမှာ ကာကွယ်ဆေး ကြိုတင်ထိုးထား နိုင်တယ်လို့ သိရပါတယ်။ တောင်ဒဂုံမြို့နယ် Fever Clinic တာဝန်ခံ ဆရာဝန် ဒေါက်တာ ဇော်လင်းဗိုလ်က လည်း တောင်ဒဂုံမှာတော့ H1N1 ဖြစ်ပွားသူတွေ့ရှိရတယ်ဆိုတာ မကြားမိဘူးလို့ ပြောပါတယ်။
ရာသီတုပ်ကွေး(H1N1)ဟာ မြန်မာနိုင်ငံမှာ (၂၀၁၇) ခုနှစ်က စပြီး ဖြစ်ပွားခဲ့တာဖြစ်ပြီး (၂၀၁၉) ခုနှစ်မှာလည်း အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိခဲ့ပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment