
၁။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံ၌ရောက်ရှိ နေထိုင်လျက်ရှိသော နိုင်ငံခြားသားခင်ပွန်းအပေါ် မှီခို နေထိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးများမှ သံရုံးသို့ ပေးသွင်းထားသည့် အပြန်လေယာဉ်စရိတ်များကို ပေးသွင်းကာလ (၃) နှစ်အထက် ပေးသွင်းပြီးဖြစ်ပါက ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်းကို အသိပေး ကြေညာထားပြီး ဖြစ်ပါသည်။
၂။ သံရုံး၏ အသိပေးကြေညာချက်နှင့်အညီ မြန်မာသံရုံး၊ တိုကျိုမြို့ သည် (၂၃-၈-၂၀၁၈) ရက်နေ့မှစတင်၍ (၃၁-၅-၂၀၂၀၂၀) ရက်နေ့အထိ သံရုံး၌ အပြန်လေယာဉ်စရိတ်ပေးသွင်းထားသော မြန်မာအမျိုးသမီးများမှ ပြန်လည် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာသူ (၃၀၄) ဦး အား သံရုံး၏ မှတ်တမ်းများနှင့် တင်ပြလျှောက်ထားသူ၏ စာရွက်စာတမ်းများအား တိုက်ဆိုင်စိစစ်၍ လာရောက် လျှောက်ထားသူများအတွက် အပြန်လေယာဉ်စရိတ်များကို ပြန်လည်ထုတ်ပေးခဲ့ပါသည်။
၃။ ထို့ကြောင့် မြန်မာသံရုံး၊ တိုကျိုမြို့တွင် (၃) နှစ်အထက် အပြန်လေယာဉ်စရိတ် ပေးသွင်းထားသော မြန်မာ အမျိုးသမီးများအနေဖြင့် ပြန်လည် ထုတ်ယူရန်အတွက် ကိုယ်တိုင် လာရောက်လျှောက်ထားရန် အဆင်ပြေမှု မရှိခြင်းနှင့် အပြန်လေယာဉ်စရိတ် ပေးသွင်းထားသည့် အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သည့်အတွက် စာရွက်စာတမ်း ပြည့်စုံစွာတင်ပြနိုင်မှု မရှိခြင်းတို့အပါအဝင် လျှောက်ထားသူများ ကြုံတွေ့နေသော အခက်အခဲများကို ကာယကံရှင်များမှ တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ တယ်လ်လီဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ တိုက်ရိုက် ဆက်သွယ် မေးမြန်း ဆောင်ရွက်ခြင်းမှာ ထိရောက်မှု အရှိဆုံးနှင့် ကောင်းမွန်မှန်ကန်သော ဖြေရှင်းမှု နည်းလမ်း ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
Crd : Embassy of the Republic of the Union of Myanmar, Tokyo #Myanmar_Online_News






0 comments:
Post a Comment