Friday, June 5, 2020

နိုင်ငံတော်အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်မည်

နိုင်ငံတော်အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ များကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ် (၇) စုပေါင်းအစည်းအဝေးခန်းမ၌ ဇွန် ၈ ရက်မှစ၍ နောက်ဆက်တွဲပါအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
သတင်းရယူနိုင်
သတင်းစာရှင်းလင်းပွဲများကို ကျင်းပသည့်ရက် မွန်းလွဲ ၁ နာရီတွင် စတင်သွား မည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ Mask နှင့် လက်အိတ်များဝေငှခြင်း၊ Social Distancing အတိုင်း သတင်းရယူနိုင်ရေးဆောင်ရွက်ခြင်း၊ အသုံးပြုသည့် ပစ္စည်းကိရိယာများ ဘေးကင်းလုံခြုံမှုရှိစေရန် စီမံခြင်းတို့ ဆောင်ရွက်ထားကြောင်း သိရသည်။
တက်ရောက်သတင်းရယူလိုသည့် သတင်းဌာနများအနေဖြင့် သတင်းဌာနတစ်ခု လျှင် နှစ်ဦးထက်မများ (သတင်းထောက်နှင့် ကင်မရာ) သတ်မှတ်ထားပြီး ရက်အလိုက် သတင်းရယူလိုသူများအနေဖြင့်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ E-mail-ir.pso.moi2015@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်သည်။
ကျင်းပမည့်ရက်နှင့် ရှင်းလင်းမည့်အဖွဲ့အစည်း အပြောင်းအလဲရှိပါကလည်း ကျင်းပမည့်ရက်မတိုင်မီ ထပ်မံ၍ ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Crd : The Mirror Daily #Myanmar_Online_News

0 comments:

Post a Comment