Monday, May 7, 2018

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ကိုယ်တိုင် ပေးအပ်မည့် ဘွဲ့တံဆိပ်တော် မြန်မာပြည်မှ ဆရာတော်နှစ်ပါး နှင့် ဒေါက်တာခင်ရွှေ ရရှိ


ထိုင်းဘုရင့်သမီးတော် သီရိဒုံ နှင့် ထိုင်းနိုင်ငံ သာသနာရေးဝန်ကြီးဌာနတို့မှ ပေးအပ်မည့် ဘွဲ့တံဆိပ်တော်များကို ပထမဦးဆုံး အနေဖြင့် မြန်မာနိုင်ငံမှ ဆရာတော်နှစ်ပါးနှင့် ဇေကမ္ဘာ ဒေါက်တာ ဦးခင်ရွှေ တို့ က ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ကိုယ်တိုင်ပေးအပ်မည့် ဘွဲ့တံဆိပ်တော်များကို သာသနာပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော ကျိုက်ထီးဆောင်းဆရာတော် ဒေါက်တာ နာဂဒီပ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဥက္က ဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ဣဒ္ဓိဗလ၊ သာသနနုဂ္ဂဟအသင်း(ဗဟို)ဥက္က ဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေတို့ က ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေးအပ်ချီးမြှင့်ပွဲကို မေလ ၂၅ ရက် ၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Lan Khon Muang Ceremony Pavilions တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုင်း ဘုရင့်သမီးတော် Princess Maha Chakri Sirindhon နှင့် ထိုင်းနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာနတို့က ရာသက်ပန်သာသနာပြုရဟန်းတော်ဆုတံဆိပ် နှင့် ရာသက်ပန်သာသနာပြု ပုဂ္ဂိုလ်ဆုတံဆိပ်တော် တို့အား ကျိုက်ထီးဆောင်းဆရာတော် ဒေါက်တာ နာဂဒီပနှင့် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌဆရာတော်တို့အားလည်ကောင်း၊ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ တို့အား Dhammajakra Award ဘွဲ့တံဆိပ်တော် ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

’’ ထိုင်းဘုရင့်သမီးတော် သီရိဒုံ က ဒီနှစ်မှ စပြီး ဘွဲ့တံဆိပ်တော် ပေးတာ၊ ပေးတဲ့အချိန်မှာပဲ အန်ကယ်က သာသန နုဂ္ဂဟ အသင်းဥက္က ဋ္ဌ ဆိုတော့ အန်ကယ်ရယ်၊ ဗိုလ်တစ်ထောင်ဆရာတော်ရယ်၊ ဘုရားပေါင်း၅၀၀ ကျော် ထီး တင်တဲ့ ကျိုက်ထီးဆောင်းဆရာတော် တို့ကို ပေးတာပါ၊ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံက ရရှိတာဖြစ်ပါ တယ်။ ထိုင်းဘုရင့်သမီးတော် သီရိဒုံ ကိုယ်တိုင်ပေးမှာပါ၊ အန်ကယ်ထင်တာကတော့ ပြည်ပနိုင်ငံအနေနဲ့ ပထမဆုံးပေးတာဖြစ်တယ်’’ဟု ဒေါက်တာခင်ရွှေ က ပြောသည်။ 

ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက် ရှိ Mahachularlongkorn University မဟာချူလာလောင်ကွန် တက္ကသိုလ်မှ နှစ်စဉ် နိုင်ငံအသီးသီးရှိ ထူးချွန်သည့် ပုဂ္ဂိုလ်များ၊လူပုဂ္ဂိုလ်များထဲကို ရွေးချယ်ကာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များကို ပေးအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါကျောင်းမှ နှစ်စဉ် သံဃာ ၊ လူပုဂ္ဂိုလ် များကို ပေးအပ်ရာ ယင်းအထဲမှ ဂုဏ်ထူုးဆောင်ဒေါက်တာဘွဲ့များကို သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ က ပထမဆုံး ရရှိခဲ့ပြီးနောက် ကျိုက်ထီးဆောင်း ဆရာတော်၊ ဗန်းမော်ဆရာတော်၊ အောင်ဆန်းဆရာတော်၊ ဖားအောက်ဆရာတော်၊ မိုးကုတ်ဆရာတော် တို့မှ ဆက်လက်ပြီး အသီးသီးရရှိခဲ့ကြောင်း သိရသည်။


မော်ကျွန်းသူ (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment