Thursday, November 1, 2018

စစ်မှုထမ်းမိန့်ကို ယုံကြည်ချက်အရ ငြင်းဆန်ခွင့်ရှိဟု ကိုရီးယားအထက်ခုံရုံးက အမိန့်ချ


ခံယူချက်နှင့် ဘာသာရေးယုံကြည်ချက်များသည် တိုင်းပြည်အတွက် စစ်မှု ထမ်းမိန့်ကို ငြင်းဆန်ရာတွင် ခိုင်လုံသောအကြောင်းပြချက်များဖြစ်သည်ဟု အထက်ခုံရုံးက စီရင်ချက်ချပြီးနောက်တွင် စစ်မှုထမ်းမိန့်ကို မိမိတို့ သဘောဆန္ဒအလျောက်ငြင်းဆိုရန် လျှောက်ထားသူများ ရာနှင့်ချီကာ ရှိလာခဲ့သည်။ 
ကိုရီးယားစစ်ပွဲပြီးဆုံးပြီး ၆၅ နှစ်ကြာသည့်တိုင်အောင် ကျန်းမာသန်စွမ်းပြီး အသက် ၁၈-၃၅ အတွင်းရှိ တောင်ကိုရီးယားအမျိုးသားအားလုံးနီးပါး စစ်မှုကို ၂ နှစ်ခန့် မဖြစ်မနေ ထမ်းဆောင်နေရကြသည်။ တောင်ကိုရီးယားစစ် အက်ဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသောသူသည် အမိန့်ကို ခိုင်လုံသော အကြောင်းပြချက်မရှိပဲ ငြင်းဆိုပါက ထောင်ဒဏ် ၃ နှစ်အထိ ကျနိုင်သည်။ 

ငြင်းဆန်သူအရေအတွက်မှာ ၁၉၅၀ ခုနှစ်မှ စတင်ရေတွက်လျှင် ၁၉,၀၀၀ ယောက်ရှိပြီ ဖြစ်သည်။ 

တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀ - ၅၃ ကိုရီးယားစစ်ပွဲကို စစ်ပြေငြိမ်းထားသည်မဟုတ်ဘဲ အပစ်အခတ်သာ ရပ်စဲထားသဖြင့် စစ်ပွဲမှာ ပြီးဆုံးပြီဟု မဆိုနိုင်သေးချေ။ သို့သော် မြောက်ကိုရီးယားဖက်မှ တောင်ကိုရီးယား၊ ရန်သူတော်အမေရိကန်တို့နှင့် အစည်းအဝေးများ စတင်ပြုလုပ်လာသဖြင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပြေလျော့လာသည့်နောက်တွင် ဤစီရင်ချက်ကို ချခဲ့ကြသည်။ 

တောင်ကိုရီးယားစစ်တပ်သည် အမိန့်အရ စစ်မှုလာထမ်းသူများအပေါ် အတော်လေးမှီခိုနေရပြီး ထိုယာယီစစ်မှုထမ်းများကို ရံဖန်ရံခါတွင် မြောက်ပိုင်းနယ်စပ်၏ ရှေ့တန်းသို့ စေလွှတ်ခြင်းများလည်း ရှိသည်။ 

တောင်ကိုရီးယားစစ်မှုထမ်းမိန့်၏ လူမှုရေးဂရက်များမှာ အတော်ကြီးမားသည်။ အမျိုးသားများအနေဖြင့် စစ်မှုထမ်းရန် မိမိတို့၏ ပညာရေး သို့မဟုတ် အသက်မွေးဝမ်းကျောင်းကို ဖျက်ခြင်း သို့မဟုတ် ဆိုင်းငံ့ထားကြရသည်။ 


ZHO (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment