တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ မင်းကြီးဆွေရပ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တောင်ငူနှစ်လောင်းပြိုင်လူသတ်မှုကို ရက်ပေါင်း ၁၂၀ အတွင်း အပြီးစစ်ဆေးမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Sunday, March 31, 2019
ထိုင်းတောမီး ကူညီငြှိမ်းပေးနေသည့် မြန်မာနိုင်ငံသားတစ်ဦး တောင်ပေါ်မှ ပြုတ်ကျသေဆုံး
မြန်မာ-ထိုင်းနယ်စပ်ရှိ ချင်းရိုင်ခရိုင်အတွင်း တောမီး လောင်ကျွမ်းနေသည်ကို ထိုင်းမီး သတ်သမားများနှင့်အတူ သွား ရောက်ကူညီငြှိမ်းသတ်ပေးသည့် အသက်(၆၂)နှစ်အရွယ် မြန်မာ နိုင်ငံသားတစ်ဦး ယမန်နေ့က တောင်ပေါ်မှပြုတ်ကျ သေဆုံးခဲ့သည်။
အနောက်ဘက်နှင့် အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်
အနောက်ဘက်နှင့် အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
နေပြည်တော်တွင် တက္ကသိုလ်နှင့် နိုင်ငံခြားသံရုံးများ ဆောက်တော့မည်ဆိုသည့် သတင်းများကြောင့် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းနှင့် ရွှေကြာပင်ရပ်ကွက်များတွင် အိမ်ခြံမြေငှားရမ်းမှုပိုများလာ
နေပြည်တော်အိမ်ခြံမြေအငှားဈေးကွက် အနေအထားသည် နေပြည်တော်တွင် တက္ကသိုလ်ဆောက်တော့မည်၊ နိုင်ငံခြားသံရုံးဆောက်တော့မည် ဆိုသည့်သတင်းများကြောင့် ဇမ္ဗူ သီရိမြို့နယ် သပြေကုန်းနှင့်ရွှေကြာ ပင်ရပ်ကွက်များတွင် အိမ်ခြံမြေငှား ရမ်းမှုများပိုမိုများလာကြောင်း နေလ မိုးကြယ် နေပြည်တော်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးချစ်ခိုင် က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
တပ်မတော်တွင် စစ်မှုထမ်းနေသည့် ကလေးနှင့်လူငယ် ၃၂ ဦးကို နုတ်ထွက်ခွင့်ပြု
တပ်မတော်မှာ စစ်မှုထမ်းနေတဲ့ ကလေးနဲ့ လူငယ် ၃၂ ယောက်ကို မနေ့က နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောင်းမြတံတားသစ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်
ဧပြီ(၁)ရက် မနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြောင်းမြတံတားအသစ်ကို တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီတံတားသစ်ကို အရင်ပျက်ကျခဲ့တဲ့ ကြိုးတံတားအနီးမှာ ပြန်လည်တည်ဆောက်ထားတာပါ။ တံတားသစ် ရေရှည်တည်တံ့ဖို့ ဒေသခံတွေက ၀ိုင်းဝန်းထိန်းသိမ်းစေလိုတယ်လို့လည်း တံတားအသစ်ဖွင့်လှစ်တဲ့ အခမ်းအနားရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း သတင်းအမှားတင်သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
နိုင်ငံတော်သမ္မကြီးဦးဝင်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် သတင်းအမှားကို လူမှုကွန်ယက် facebook ပေါ်တွင် တင်ခဲ့သည် သူအား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။
ထာဝရငြိမ်းချမ်းရေး စေတီတော် ကို ရန်ကုန် တိုင်းဒေသကြီးတွင် ဧပြီ ၁ ရက်မှ ၁၈ ရက်ထိ ပူဇော်ခံသွားမည်
မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်း ရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည် ထွန်းကားပြန့်ပွား စေရန်နှင့်ခုနစ် ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ နေပြည်တော်တွင် ထာဝရ ငြိမ်းချမ်းရေး စေတီတော်အား တည်ထားလျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား တိုင်း ဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် ဒေသ စာရီ လှည့်လည်အပူဇော်ခံသွားမည် ဖြစ်ရာ ရန်ကုန် တိုင်းဒေသကြီးတွင် ဧပြီ ၁ ရက်မှ ၁၈ ရက်ထိ ပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
NLD ပါတီဝင်များအနေဖြင့် ပါတီအပေါ် သစ္စာမဖောက်ရန်အရေးကြီးပြီး ပါတီမှ အခြားဘက်သို့ သာကူးနှင့် ခြံခုန်သွားသူများရှိခဲ့ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များအနေဖြင့် ပါတီအပေါ် သစ္စာမဖောက်ကြရန် အရေးကြီးပြီး ပါတီမှ အခြားဘက်သို့ သာကူးသွားသူများ၊ ခြံခုန်သွားသူများလည်း ရှိခဲ့ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က မတ် ၃၁ ရက်က မန္တလေးမြို့တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးမှ အစိုးရအ ဖွဲ့၊ လွှတ်တော်နှင့် ပါတီဝင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သင်္ကြန်ပိတ်ရက်အတွက် YRTA က အရန်ကားတွေစီစဉ်ထား
သင်္ကြန်ကာလပိတ်ရက်များ အတွင်းရန်ကုန်မြို့မှနယ်မြို့အသီးသီးကိုသွားလာကြမည့်ခရီးသွားများအတွက် ကားလက်မှတ် အခက်အခဲများမဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ အရန်ကားများစီစဉ်ထားသည်ဟုသိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်း၊ ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
ရန်ကုန်မိုးပျံအမြန်လမ်း၊ ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး မိတ္တီလာပြည်သူ့အကျိုးဆောင်ကွန်ရက် တောင်းဆို
တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး မိတ္တီလာပြည်သူ့အကျိုးဆောင်ကွန်ရက်က ကြေညာချက် တစ်ရပ် ထုတ်ပြန်၍ ချက်ချင်းရပ်ဆိုင်းပေးရန် တောင်းဆိုသည်။
တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး မြန်မာအစိမ်းရောင်ကွန်ရက် တောင်းဆို
တရုတ်နိုင်ငံ၊ CPI ကုမ္ဗဏီက ဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေး မြန်မာအစိမ်းရောင်ကွန်ရက် ယနေ့ ကြေညာချက် တစ်ရပ် ထုတ်ပြန်တောင်းဆိုလိုက်သည်။
မြောက်ဦးတွင် လေပြင်းတိုက်၍ ဓာတ်မီးတိုင်များပြိုလဲကျ
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ညဥ့် ၁၂ နာရီခွဲလောက်က လေပြင်းတိုင်ခတ်သဖြင့် မြို့တွင်းရှိ ဓာတ်မီးတိုင် တစ်ချို့ ကျိုးကျ ပြိုလဲမှုများရှိကြောင်း သတင်းရရှိသည်။
မိုးကုတ်မြို့ အနောက်ပိုင်းတွင် ကျောက်မျက်ရတနာကုမ္ပဏီတစ်ခုအား မီးရှို့မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကြီးရွာအနီး ကျောက်မျက်ရတနာကုမ္ပဏီတစ်ခုနှင့် ကျောက်မျက်ရတနာရှာဖွေသည့် ဒေသခံ လုပ်သားများ မတ်လ ၃၁ ရက်နေ့ညပိုင်းက ပဋိပက္ခဖြစ်ကာ မီးရှို့မှုဖစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည် ။
ဖိလစ်ပိုင်မှာ သူပုန်လို့ မသင်္ကာသူတွေကို ရဲတပ်ဖွဲ့ စီးနင်းတိုက်ခိုက်
ဖိလစ်ပိုင်နိုင်ငံမှာ ကွန်မြူနစ်သူပုန်တွေအဖြစ် မသင်္ကာသူတွေကို ရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့လို့ သေဆုံးသွားသူ ၁၄ ဦးဟာ လယ်သမားတွေဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
စပိန်က မြောက်ကိုရီးယား သံရုံး စီးနင်းတိုက်ခိုက်ခံခဲ့ရ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပိန်နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယား သံရုံး စီးနင်းတိုက်ခိုက်ခံခဲ့ရတာဟာ လုံးဝအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပေးဖို့ စပိန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြို့နယ်များသို့ကွင်းဆင်းရာ၌ မြောင်းမကောင်းကြောင်းဝိုင်းတိုင်ကြဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းရာ၌ မြောင်းမကောင်းကြောင်း ပြည်သူများက ဝိုင်းတိုင်ကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် မတ်လ ၂၉ ရက်ကကျင်းပသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာအုပ်မိတ်ဆက်ပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
“ ဒီရက်ပိုင်းအတွင်းမှာ မြို့နယ်တွေတော်တော်များများကို ကျွန်တော်ရောက်ပါတယ်။ ရောက်တဲ့အချိန်မှာ မြို့နယ်တွေတော်တော်များများက ကျွန်တော့်ကိုပြောတဲ့အသံဟာတော်တော်လေးတူညီပါတယ်။ တစ်ခုကဘာလဲဆိုတော့ သူတို့အားလုံးဟာလမ်းတွေကတော်တော်လေးကောင်းလာတယ်တဲ့။ ကွန်ကရစ်လမ်းတွေလည်းဖြစ်လာတယ်တဲ့။ ဒါပေမဲ့မြောင်းတွေကမကောင်းဘူးတဲ့။ အမှိုက်တွေကလည်း စည်းကမ်းမဲ့တစ်အားပစ်တယ်တဲ့။ မြောင်းတွေထဲမှာ အမှိုက်တွေပဲပစ်တယ်။ မြောင်းတွေမကောင်းတဲ့အတွက် မြောင်းတွေထဲမှာ ရေတင်နေတဲ့အတွက်ခြင်ကိုက်တယ်တဲ့။ ခြင်ကိုက်တော့ ကလေးတွေမှာ သွေးလွန်တုပ်ကွေး တအားဖြစ်ပါတယ်တဲ့။ ဒီအသံဟာတော်တော်တူညီတဲ့အခြေအနေမှာတွေ့ရပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ထို့ကြောင့် မြောင်းများကောင်းမွန်စေရန် တည်ဆောက်နည်းကို လာမည့် ဘက်ဂျက်နှစ်၌ ထည့်သွင်းကာ စီမံဆောင်ရွက်ရေး စဉ်းစားကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေနုတ်မြောင်းများနှင့် မြောင်းများသန့်ရှင်းရေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။
မင်းသီဟန်(အကုန်သိ သတင်းဌာန)
လက်ရှိအစိုးရလက်ထက် ရန်ကုန်တိုင်းအတွက် ကျပ်ဘီလျံ ၂၀၀ ကျော် တိုးမြှင့်ရှာဖွေသုံးစွဲနိုင်ခဲ့ဟု ဦးဖြိုးမင်းသိန်း ပြော
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စတင်တာဝန်ယူချိန်၌ ကျပ်ဘီလျံ ၄၀၀ ကျော်ဖြင့် စတင်ခဲ့သော်လည်း လက်ရှိတွင် ကျပ်ဘီလျံ ၂၀၀ ကျော်တိုးမြှင့်ရှာဖွေရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဒေသမတည်ငြိမ်မှုကြောင့် ယခုနှစ်စစ်တွေရခိုင်ရိုးရာသင်္ကြန် ဗဟိုမဏ္ဍာပ်များထည့်သွင်း ကျင်းပမည်မဟုတ်ဟုဆို
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသ မတည်ငြိမ်မူ ဖြစ်ပေါ်နေသည့်အတွက် စစ်တွေ ရခိုင်ရိုးရာသင်္ကြန်တွင် ဗဟိုမဏ္ဍပ်များ အပါအဝင် ရပ်ကွက်အချို့မှ ရေကစား မဏ္ဍပ်များကို ထည့်သွင်း ကျင်းပမည် မဟုတ်ကြောင်း သတင်း ရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် Belt and Road Forum သို့ တက်ရောက်ရန် တရုတ်ဖိတ်ကြား ၂၀၁၉ အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်လာဖွယ်ရှိ
တရုတ်နိုင်ငံဘေဂျင်းမြို့ ၌ ယခုလနောက်ဆုံးအပတ်တွင် ပြုလုပ်မည့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဒုတိယအကြိမ် Belt and Road Forum သို့တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောသည်။
တူရကီရွေးကောက်ပွဲ အရေးပါတဲ့နယ်မြေတွေမှာ အာဏာရပါတီ ရှုံးနေ
တူရကီ နိုင်ငံမှ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာတော့ သမ္မတ Recep Tayyip Erdogan ရဲ့ ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။ မြို့တော် အန်ကာရာမှာ အတိုက်အခံပါတီက အနိုင်ရဖို့ များနေပြီး အရေးကြီးတဲ့ မြို့ကြီးတွေမှာလည်း သမ္မတ Erdogan ရဲ့ ပါတီဘက်က ရှုံးနိမ့်နေပါတယ်။
ဂျပန်အိမ်ရှေ့စံ Naruhito မေလ ၁ ရက် နန်းတက်မည်
ဂျပန်နိုင်ငံမှာ လက်ရှိ Heisei ခေတ် ကနေ အိမ်ရှေ့စံမင်းသား Naruhito နန်းတက်တာနဲ့အတူ ပြောင်းမယ့် ခေတ်နာမည်အသစ်ကို ဒီကနေ့ မေလ ၁ ရက်နေ့ ဂျပန်စံတော်ချိန် မနက် ၁၁ နာရီခွဲမှာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ကြေညာမယ့်အကြောင်း NHK သတင်းဌာနက ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် မူးယစ်နှိမ်နင်းမှုတွင်း ရိုဟင်ဂျာအမျိုးသမီးတဦး သေဆုံး
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြားက မူးယစ်မှောင်ခို အရောင်းဝယ်နဲ့ ထင်ရှားတဲ့ Teknaf မြို့မှာ ရိုဟင်ဂျာအမျိုးသမီးတယောက်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ် ခဲ့ကြောင်း တာဝန်ခံ အရာရှိတွေရဲ့ တနင်္ဂနွေနေ့က ပြောကြားချက်ကို AFP သတင်းမှာ ဖော်ပြထားပါတယ်။
သင်္ကြန် အိမ်ပြန်မယ့် ထိုင်းရောက်မြန်မာတွေ သတိထားဖို့
မဟာသင်္ကြန် ကာလအတွင်း နေရပ်ပြန်မယ့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အဆင်ပြေစေဖို့ မြန်မာနဲ့ထိုင်း ၂ နိုင်ငံ အစိုးရတို့ကြား ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး နေရပ်ပြန်တိုင်း ထိုင်းကိုပြန်ဝင်ခွင့်ရဖို့ (Re-entry) ဗီဇာကြေး ဘတ်ငွေ (၁၀၀၀) ပေးရတဲ့ အိမ်ပြန်တုံး ထုပေးမယ့် အစား အခမဲ့အိမ်ပြန်တုံး ထုပေးတဲ့စနစ်နဲ့ ဧပြီလ (၅) ရက်နေ့ကနေ ဧပြီလ (၃၀) ရက်နေ့ အတွင်း ၀င်/ထွက်ခွင့်ပြုကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သလို မတ်လကုန်ကစပြီး စစ်ဆေးမှုတွေလည်း သေသေချာချာ လုပ်လာနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အိပ်ရာထဲ သေဆုံးနေသည့် အမျိုးသား၏အလောင်းကို စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်
ရွှေပြည်သာမြို့နယ်၊ (၂၆) ရပ်ကွက်၊ ရွှေကြေးလမ်းရှိ အဆောင်တစ်ဆောင်တွင် အိပ်ယာထဲ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို စစ်ဆေးရာမှ လူသတ်မှုဖြစ်စဉ်ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်ုတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများကို အရေးယူပေးရန် သမ္မတထံတိုင်ကြား
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ မဲဇလီကျေးရွာအုပ်စု၊ မဲဇလီကျေးရွာ၌ ဖေဖော်ဝါရီလအတွင်းက အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ သံသယရှိသူများကိုဖမ်းဆီးရန် ပျက်ကွက်သည်ဟုဆိုကာ ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် လေးမျက်နှာမြို့နယ်ရဲတပ်ဖွဲ့မှူး အိုင်သပြုနယ်မြေစခန်းမှူးတို့ကို အရေးယူပေးရန် မတ်လ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားထားကြောင်း ကာယကံရှင်များက ပြောကြားသည်။
မိုးနဲမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်များအနက် မြို့တွင်းစေတီတော်များကိုသာ ထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး မြို့ပြင်တွင် ရှာမတွေ့ဘဲ ပျက်စီးပျောက်ဆုံးနေသော ရှေးလက်ရာများစွာ ကျန်ရှိနေသေးဟု သိရ
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်များသည် မြို့တွင်းစေတီတော်များကိုသာ ထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး မြို့ပြင်တွင် ရှာမတွေ့ဘဲ ပျက်စီးပျောက်ဆုံးနေသော ရှေးလက်ရာများစွာ ကျန်ရှိနေသေးသည်ဟု ဦးဆောင်ဆရာတော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က မတ်၂၉ ရက်တွင် ပြောကြားသည်။
မြန်မာအမျိုးသမီး ဒေါ်မီမီအောင် ဦးဆောင်သော အဖွဲ့သားများက အင်္ဂါဂြိုဟ်တွင် ပျံသန်းမည့် ရဟတ်ယာဉ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီ
အင်္ဂါဂြိုဟ်ပေါ်တွင် ပျံသန်းနိုင်မည့် ရဟတ်ယာဉ်ငယ်ကို အမေရိကန်ပြည်ထောင်စု အမျိုးသား လေကြောင်းနှင့်အာကာသဆိုင်ရာညွှန်ကြားမှုဦးစီးဌာန(NASA)မှ မြန်မာအမျိုးသမီး ဒေါ်မီမီအောင် စီမံကိန်းမန်နေဂျာအဖြစ်ဦးဆောင်သော အဖွဲ့သားများက အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီဖြစ်သည်။
ဒဂုံမြို့သစ်မြို့နယ်လေးခုတွင် မဲစာရင်းမှားယွင်းနေ
ဒဂုံမြို့သစ်မြို့နယ်လေးခုတွင် မဲစာရင်းမှားယွင်းမှုကြောင့် မဲပေးခွင့်မရသူ တစ်ထောင်ကျော်ရှိကြောင်း မဲရုံများကိုလှည့်လည်သွားလာနေသည့် စည်ပင်ရွေးကောက်ပွဲမြို့တော်ကော်မတီဝင်လောင်း ဦးသူရအောင်က ပြောသည်။
အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ (၁)ဦးသေဆုံး
ယနေ့နံနက် ၆နာရီခွဲခန့်က နေပြည်တော်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၈/၇အနီးတွင် ISUZU BIGHORN ခဲရောင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး(၁)ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲအတွက် မဲပေး
ယနေ့  ( မတ်၃၁ ရက်နေ့ ) နံနက် ၆း၃၅ နာရီက ကမာရွတ် မြို့နယ် (၉) ရပ်ကွက်၊ အမက (၂) ကျောင်းဝင်းရှိ မဲရုံ အမှတ် (၂) သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီး (ပညာရေးဝန်ကြီးဌာန)နှင့်ဇနီးတို့ ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခဲ့သည်။

















































