Wednesday, October 25, 2017

ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနပွဲ


ထိုင်းနိုင်ငံမှာ နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့ ၅ ရက်ကြာ ဈာပန အခမ်းအနား အဓိက နေ့ရက် ရောက်ရှိ လာပြီ ဖြစ်လို့ ပူဆွေး ဝမ်းနည်း နေတဲ့ ထိုင်းပြည်သူ အများ ဘန်ကောက်မြို့တော်မှာ စုဝေး နေကြပါတယ်။
အရိုးပြာ ထည့်မယ့် အိုးကို သယ်သွားတော့မယ်

ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်၊ ကြာသပတေးနေ့ မှာ ဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း ရုံးပိတ်ရက် ကြေညာ ထားပြီး၊ ရှိသမျှ ဈေးတွေ ဆိုင်တွေ အများစုလည်း ပိတ်ထားကြပါတယ်။

ဘုရင်ကြီးရဲ့ အရိုးပြာ ထည့်မယ့် အိုးကို မနက် အစောပိုင်းမှာ မြင်းရထားနဲ့ နန်းတော်ကနေ မီးသင်္ဂြိုဟ်မယ့် နေရာဆီ သယ်ဆောယ်မှာ ဖြစ်ပါတယ်။
စနမ်းလူဝမ် တော်ဝင်ကွင်း ပတ်ချာလည်မှာ စုဝေး
ထိုင်းနိုင်ငံ တဝန်းက ပြည်သူတွေ ဗုဒ္ဓဟူး နေ့ကတည်းက ဘန်ကောက်ကို ရောက်လာကြပြီး မီးသင်္ဂြိုဟ်မယ့် စနမ်းလူဝမ် တော်ဝင်ကွင်း ပတ်ချာလည်မှာ စုဝေး နေကြတယ်လို့ အဲဒီမှာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အရိုးပြာအိုး သယ်ဆောင်ပွဲ

ဘုရင်ကြီး ဘူမိဘောရဲ့ ဈာပန ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်က တော်ဝင် မိသားစုတွေ တက်ရောက်မှာ ဖြစ်ပါတယ်။

ဘုရင်ကြီးရဲ့ အရိုးပြာကို သောကြာနေ့မှာ နန်းတွင်းကို ပြန်လည် သယ်ဆောင်မှာ ဖြစ်ပြီး ဈာပန အခမ်းအနား နောက် ၂ ရက် တိုင် ကျင်းပမှာ ဖြစ်ပါတယ်။

BBC Burmese