နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှု ရလဒ်တွေအရ ထိရောက်မှုနှုန်း ၉၅ ရာခိုင်နှုန်းရှိကာ ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးမရှိကြောင်း တွေ့ရှိခဲ့အပြီးမှာ Pfizer နဲ့ BioNTech ကုမ္ပဏီတို့ဟာ သူတို့ရဲ့ ကာကွယ်ဆေးကို အမေရိကန်နဲ့ ဥရောပမှာ နောက်လကစပြီး အရေးပေါ် အသုံးပြုမှုဆိုင်ရာ ခွင့်ပြုချက်ရနိုင်ကြောင်း ယင်းဆေးဝါးကုမ္ပဏီတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။