စက်သုံဆီကော်မတီရဲ့နေ့စဉ်ဈေးနှုန်း ထုတ်ပြန်ချက်တွေအရ ဒီကနေ့မှာ မနေ့ကထက် ဓာတ်ဆီ နဲ့ ဒီဇယ်ဈေး တစ်လီတာကို ၅ကျပ်ကနေ၃၀အထိဈေးတွေပြန်တက်လာကြောင်းစက်သုံးဆီကော်မတီရဲ့ဖော်ပြချက်အရသိရပါတယ်။
စက်သုံဆီကော်မတီရဲ့နေ့စဉ်ဈေးနှုန်း ထုတ်ပြန်ချက်တွေအရ ဒီကနေ့မှာ မနေ့ကထက် ဓာတ်ဆီ နဲ့ ဒီဇယ်ဈေး တစ်လီတာကို ၅ကျပ်ကနေ၃၀အထိဈေးတွေပြန်တက်လာကြောင်းစက်သုံးဆီကော်မတီရဲ့ဖော်ပြချက်အရသိရပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လ နှစ်လတာကာလအတွင်း ပြည်ပနိုင်ငံတွေဆီ ဆန်နဲ့ ဆန်ကွဲတန်ချိန် သုံးသိန်း ဆက်လက်တင်ပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
အိန္ဒိယနိုင်ငံမှ ဆေးဝါးစက်ရုံများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇန်နဝါရီ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့သည်။
၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဆယ်လနီးပါးကာလအတွင်း ပြည်ပနိုင်ငံတွေကို ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၈ သိန်းကျော် တင်ပို့ခဲ့ရတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ၂ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အာဆီယံဒေသအတွင်း ထုတ်လုပ်မှု အပြင်းထန်ဆုံးကျဆင်းခဲ့သည့် မြန်မာ
အာဆီယံထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် တိုးတက်ထုတ်လုပ်မှုသည် ဒီဇင်ဘာတွင် ထပ်မံအားပျော့လာခဲ့ပြီး အော်ဒါအသစ်များ ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့၍ ထုတ်လုပ်မှုမှာ အသင့်အတင့်မျှသာ တိုးလာခဲ့ကြောင်း၊ ယင်းတစ်ချိန်တည်းတွင် ငွေကြေး ဖောင်းပွမှု ဖိအားပေးမှုများ ဆက်ပြီးအား ပျော့လာနေသည့် လက္ခဏာများကို ထပ်တွေ့ နိုင်ပြီး သွင်းအားစုအတွက် ကုန်ကျမှုများနှင့် ရောင်းစျေးနှစ်ရပ်စလုံး၏ ငွေကြေးဖောင်းပွမှုမှာ ဒီဇင်ဘာလတွင် အသင့်အတင့်ဖြစ်လာခဲ့ ကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရ သည်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေးစသည့် လမ်းကြောင်း သုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာနှင့်ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၀၂ သန်းကျော် တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်ဒေါ်လာ ၁၂၆၅ သန်းကျော်တင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံကို ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ငှက်ပျောတင်ပို့ရာမှာ ကျပ်ငွေနဲ့ စည်းကြပ်ကောက်ခံမှုအစား ယွမ်ငွေနဲ့ ပြောင်းလဲကောက်ခံနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာ့သနပ်ခါးကိုအခြေခံတဲ့ ဆေးဝါးတွေထုတ်လုပ်ကာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ပြီး တရားဝင်ဖြန့်ဖြူးရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
ပြည်တွင်း ရွှေဈေးကွက်ထဲ ရွှေ အဝယ်နည်းပြီး အရောင်းများလို့ ရွှေဆိုင်တချို့ တစ်နေ့ ရွှေ ၅ ပိဿာလောက်ပြန်ဝယ်နေရတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။