ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ပြေးဆွဲနေသည့် ရေကြောင်းလမ်းကို သက်ဆိုင်ရာမှ ဩဂုတ် ၁ ရက်မှ စတင်၍ ပိတ်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ဆန် အပါဝင် စားသောက်ကုန်တချို့နှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဝယ်မရသည့် အခြေအနေ ကြုံတွေ့နေရသည်ဟု ပလက်ဝမြို့ခံများက CNI သတင်းဌာနသို့ ပြောသည်။