Friday, November 20, 2020

NLD ပါတီဝင် ၃ ဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းပြီး အမြန်ဆုံးပြန်လွှတ်ပေးမည်ဟု AA ထုတ်ပြန်

 

ရခိုင်တပ်တော် AA က ဖမ်းဆီးထားသော NLD ပါတီဝင် ၃ ဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA က ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။
NLD ပါတီဝင် ၃ ဦး လွတ်မြောက်ရေး နှုတ်အားဖြင့်လည်းကောင်း၊ ထုတ်ပြန်ချက်အားဖြင့်လည်းကောင်း၊ တောင်းဆိုနေသည်ကို မိမိတို့အနေဖြင့် ကြားသိရကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ထောက်ရှုလျက် မေတ္တတရားကို မေတ္တတရားဖြင့် တုံ့ပြန်ရန် အသင့်ရှိကြောင်း၊ ပါတီဝင် ၃ ဦး လွှတ်ပေးရန် NLD ပါတီတာဝန်ရှိသူများက တောင်းဆိုနေသည့် နည်းတူ NLD ပါတီအားလုံး AA က အချက် ၄ ချက် တောင်းဆိုကြောင်း ဖော်ပြထားသည်။
AA၏ တောင်းဆိုချက် ၄ ရက်တွင် NLD အစိုးရက ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော အပြစ်မဲ့ရခိုင်ပြည်သူများ၊ မရေရာသော စွပ်စွဲချက်များဖြင့် ထောင်သွင်းအကျဉ်းချခံနေရသော ရခိုင်ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများ၊ မတရားဖမ်းဆီးထားခြင်းခံနေရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများ၊ ငြိမ်းချမ်းရေး အတွက် တောင်းဆိုဆန္ဒပြ၍ ဖမ်းဆီးခြင်းခံထားရသော မြန်မာပြည်အနှံ့မှ တက္ကသိုလ်ကျောင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။
AA က NLD ပါတီမှ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။




0 comments:

Post a Comment