Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Thursday, February 9, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ဌာပနာတော် ရွှေ၊ ရွှေနှင့်ကျောက်မျက်၊ ကျောက်မျိုးစုံ ပိဿာ ၁၂၀ ကျော် ပြည်သူများ လာရောက်လှူဒါန်း

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်အတွက် ရွှေ၊ ရွှေနှင့်ကျောက်မျက်၊ ကျောက်မျိုးစုံ ပိဿာ ၁၂၀ ကျော် ပြည်သူများ လာရောက်လှုဒါန်းထားပြီးနောက် အဖိုးတန်ကျောက်မျက်များ အလှူခံမှုရပ်ဆိုင်းလိုက်ပြီး ငွေသားသာလှူဒါန်းနိုင်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

Saturday, September 5, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး ကာကွယ်ကြရမည်ဖြစ်ပြီး မိမိဒေသအတွင်း မူးယစ်ဆေးကင်းစင်အောင် ကာကွယ် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းထုတ်ကုန်များကို ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ရရှိအောင် ထုတ်လုပ်နိုင်သည့် အသေးစားစက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား ယနေ့နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့၊ တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။

Sunday, September 29, 2019

မဟာမုနိဘုရား၌ ပြည်တွင်း ပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို အသံစနစ်ဖြင့် ကြေညာမည်

Image may contain: 1 person, standing and indoor

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ လာရောက်ကြသည့် တရုတ်ခရီးသွားများ အပါအဝင် ပြည်တွင်းပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ် စသည့် ဘာသာစကားသုံးမျိုး အသံစနစ်ဖြင့် ကြေညာမည်ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

Thursday, September 26, 2019

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူသာသနာအပြုအဖွဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိ

Image may contain: 2 people, people standing

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ၂၀၁၉ ခု စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ DME လေဆိပ်သို့ ရောက်ရှိတော်မူလာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးကိုကိုရှိန်၊ စစ်သံမှူးဗိုလ်မှူးချုပ်ကျော်စိုးမိုး၊ လက်ထောက်စစ်သံမှူးဗိုလ်မှူးမျိုးမင်းထိုက် နှင့် တက္ကသိုလ်အသီးသီးရှိ သင်တန်းသားအရာများစွာတို့က သွားရောက်ကြိုဆိုနှုတ်ဆက် ဂါရဝပြုခဲ့ကြပါသည်။

Wednesday, September 25, 2019

သီတဂူဆရာတော်နှင့်အဖွဲ့ ရုရှားနိုင်ငံသို့ ကြွချီ

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် သီတဂူဆရာတော်ကြီးသည် နောက်လိုက် သီတဂူကပ္ပိကာရက အဖွဲ့ လူကြီးမင်းများနှင့်အတူ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ စေတီတော်တည်ရန် အတွက် ကြွချီသွားပြီ ဖြစ်ပါသည်။

Monday, September 23, 2019

အစိုးရဘဏ် ၊ပုဂ္ဂလိကဘဏ်များတွင် မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော် ဦးဝီရသူ၏ ဘဏ်စာရင်းများပိတ်သိမ်းပေးရန် ဗဟိုဘဏ်နှင့် ရဲတပ်ဖွဲ့ ညှိနှိုင်း

Image may contain: 1 person, sitting

စက်တင်ဘာ ၂၃ ရက် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး ရုံးချိန်းတွင် အမျိုးသားရေးဆရာတော် ဦးဝီရသူ အမည်ဖြင့် ပုဂ္ဂလိကဘဏ်၊ အစိုးရဘဏ်များတွင် ငွေကြေးများအပ်နှံထားခြင်း ရှိ မရှိနှင့် ရှိလျှင် ပိတ်သိမ်းပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဗဟိုဘဏ်နှင့် ညှိနှိုင်းဆွေးနွေးထားကြောင်း သိရှိရပြီး အခြေအနေအား အောက်တိုဘာ ၂၂ ရက်နေ့ ရုံးချိန်းတွင် ပြန်လည် တင်ပြရန် တရားရုံးမှပြန်လည် ချိန်းဆိုလိုက်ကြောင်းရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်ကပြောကြားခဲ့သည်။

Thursday, September 19, 2019

ရေကြည်မြို့ဆရာစံရပ်ကွက်ရှိ သုံးပါးကပ်ကျော် အောင်ချမ်းသာဆုတောင်းပြည့်စေတီတော် မိုးကြိုးထိမှန်၍ အရံစေတီတော်သုံးဆူ မြေခပျက်စီး

Image may contain: sky and outdoorImage may contain: outdoor and food

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ ဆရာစံရပ်ကွက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော သုံးပါးကပ်ကျော် အောင်ချမ်းသာဆုတောင်းပြည့်စေတီတော်တွင် ယနေ့နံနက်(၄)နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးထိမှန်ကာ ပင်မစေတီတော်အား မိုးကြိုးပွတ်ထိပြီး စနေထောင့် အထက်ပစ္စယံရှိ စေတီ တစ်ဆူ၊ သောကြာထောင့် အထက်ပစ္စယံရှိစေတီတစ်ဆူနှင့် အင်္ဂါထောင့် အထက်ပစ္စယံရှိ စေတီတစ်ဆူ အပေါ်ရှိ ဘုရားရုပ်ပွားတော်များ မိုးကြိုးခပြီး ရင်ပြင်တော်၌ ပြုတ်ကျပျက်စီးခဲ့ကြောင်း သိရသည်။

ဇေကမ္ဘာဦးခင်ရွှေမှ ကျောင်းတော်ရာစေတီတော်တွင် ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူပြုလုပ်မည်

Image may contain: 5 people

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းတော်ရာစေတီတော်တွင် ဇေကမ္ဘာဦးခင်ရွှေမှ ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူပြုလုပ်မည်ဖြစ်ရာ အဆိုပါကိစ္စနှင့် ပါတ်သတ်ပြီး ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၉ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မကွေးတိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

Wednesday, September 11, 2019

ပေါင်းတည်မြို့၌ (၁၁၉)ကြိမ်မြောက်ဗုဒ္ဓမြတ်စွယ်တော်ရတနာအား အပူဇော်ခံထားရှိ


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်၌ ၁၁၉ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်ရတနာအား တနှစ်တာကိန်းဝပ်စံမြန်းတော်မူရာ ဂန္ဓကုဋိ တိုက်တော်မှ ယာယီစံမြန်းတော်မူမည့် ရွှေကျောင်းဆောင် ရွှေပလ္လင် ထက်ပေါ်သို့ ပင့်ဆောင်သည့်အခမ်းအနားကို တော်သလင်းလဆန်း ၁၂ရက်နေ့ ယမန်နေ့ ညနေ ၅နာရီအချိန်က အဆိုပါ ဗုဒ္ဓမြတ်စွယ်တော် အာရုံခံတန်ဆောင်း၌ကျင်းပပြုလုပ်သည်။

Monday, August 26, 2019

လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အင်အားအပြည့်ဖြင့် လွှတ်တော်တွင်းဝင်ရောက်နိုင်ဦးမည် မဟုတ်ဟု UNA အတွင်းရေးမှုးအဖွဲ့ဝင်ပြော

လာမည့် ၂၀၂အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်တိုင်းရင်းသားပါတီများအနေဖြင့် လွှတ်တော်တွင်းသို့  အင်အားအပြည့်ဖြင့် ဝင်ရောက်လာနိုင်ဦးမည်မဟုတ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့(UNA) အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောကြားသည်။

Sunday, August 25, 2019

ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာ သာမဏေကျော် စာသင်တိုက်နှင့် ပတ်သက်၍ မဟုတ်မမှန် ရေးသားပြောဆိုနေမှုများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်

Image may contain: sky, mountain, outdoor and nature
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာ သာမဏေကျော်စာသင်တိုက်နှင့်ပတ်သက်၍ မဟုတ်မမှန် ရေးသားပြောဆိုနေမှုများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းတိုက်ဆရာတော် ဦးခေမိန္ဒက မိန့်ကြားသည်။

Wednesday, August 21, 2019

အိန္ဒိယရှိ လာဒက် ဗုဒ္ဓဘာသာနယ်မြေတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖွယ်ရှိ

Image may contain: one or more people, crowd and outdoor

အိန္ဒိယပိုင် ကက်ရှ်မီးယားပြည်နယ်ကို နယ်မြေနှစ်ခုအဖြစ် သတ်မှတ်လိုက်ပြီးနောက် လာဒက် ဗုဒ္ဓဘာသာနယ်မြေမှာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။

Tuesday, August 13, 2019

မဟနက ဖျက်သိမ်းရန် ညွှန်ကြားသော်လည်း ကရင်ပြည်နယ်တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆက်လက် တည်ရှိမည်ဟု ဇွဲကပင်တောင်ဆရာတော် မိန့်ဆို

Image may contain: 1 person, sitting and indoor
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (မဟန) က မဘသအမည်ပြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းရန် ညွှန်ကြားထားသော်လည်း ကရင်ပြည်နယ်တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Sunday, August 11, 2019

ဆရာတော်ဦးဝီရသူ ၏ ပိုင်ဆိုင်မှု သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံရှိဟုဆို

Image may contain: motorcycle and outdoor
ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော် ဦးဝီရသူ ၏ ပိုင်ဆိုင်မှုမှာ သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံရှိကြောင်း ဆရာတော်၏ ပိုင်ဆိုင်မှုအား ဝရမ်းကပ်ရန်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် စိန်ပန်းရပ်ကွက်အကွက်မှူး ဦးဋ္ဌေးကျော် က ပြောသည် ။
ဆရာတော် ဝီရသူ၏ ပိုင်ဆိုင်မှုများကို ဝရမ်းကပ်ရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဩဂုတ်လ ၉ ရက်နေ့က အမိန့်ချခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းမချိန်က သံဃာ့နာယကဆရာတော်များ၊ ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ က မစိုးရိမ်တိုက်သစ်အတွင်းရှိ ဓမ္မသဟာယကျောင်း သို့ သွားရောက်ဆောင်ရွက်ခဲ့သည် ။
``ဆရာတော် ပိုင်တဲ့ဟာ ဘာမှ မရှိဘူး။ သံဃိက ပစ္စည်းတွေလေ ဘုန်းကြီးကျောင်း ကားတွေဘာတွေက ။ အဲ့ဒါတွေကျတော့ စာကပ်လို့မရဘူးလေ ။ အဲ့ဒါတွေကြောင့် နာယက ဘုန်းကြီးတွေ လျှောက်တယ် ။ သူပိုင်တဲ့ ပစ္စည်းဆိုလို့ သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံပဲရှိတယ် ။ သံဃိက ဖြစ်တဲ့အတွက် မစိုးရိမ်တိုက်သစ်က သံဃာတွေကို ရေစက်ချလှူထားတာ ။ သူပိုင်ဆိုင်တာ ဘာမှမရှိကြောင်းကို ဘုန်းကြီးက ထောက်ခံချက်ပေးမှာ။´´ ဟု စိန်ပန်းရပ်ကွက်အကွက်မှူး ဦးဋ္ဌေးကျော် က ပြောသည် ။
မေ လ ၅ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဟောပြောချက်များ သည် အုပ်ချုပ်ရေးမဏ္ဍိုင်အား စော်ကားသည် ဟုဆိုကာ အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက အနောက်ပိုင်း ခရိုင် တရားရုံးတွင် အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ဆရာတော်အား နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားရုံးစွဲတင်က ဖမ်းဝရမ်းထုတ် ဖမ်းဆီးစေသော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ ။
ဆရာတော်ဦးဝီရသူအား စွဲဆိုထားသော ပုဒ်မ ၁၂၄ (က) သည် အာမခံပေးမရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်နှင့် ထောက်ဒဏ် တစ်ကျွန်းထိကျခံနိုင်ရသော ပုဒ်မဖြစ်သည်။

Friday, August 9, 2019

ဦးဝီရသူ၏ ပိုင်ဆိုင်မှုများကို ဝရမ်းကပ်ရန် ခရိုင်တရားရုံးက အမိန့်ချ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုထားသော ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကို ဝရမ်းကပ်ရန် ယနေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။

Thursday, August 8, 2019

တောင်ပြုန်းပွဲသွားရာလမ်းတစ်လျှောက် သင်္ကန်းဝတ်များ အလှူခံပါက အရေးယူမည်

တောင်ပြုန်းပွဲတော် ကျင်းပသည့်ကာလအတွင်း တောင်ပြုန်းကျေးရွာ အဝင်နှင့် ပွဲတော်သို့သွားရာလမ်းတစ်လျှောက်၌ ရိုးရာတစ်ခုသဖွယ် ပွဲတော်လာသူများထံမှ အလှူခံကြလေ့ရှိရာတွင် ယင်းသို့ တောင်းရမ်းသူများအနက် သင်္ကန်းဝတ်ထားသည့် ကိုရင်များနှင့် သီလရှင်များ ပါလာပါက အရေးယူမည်ဖြစ်ကြောင်း မတ္တရာမြို့နယ်၊ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်နှစ်ပါး နုတ်ထွက်

ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်နှင့်ဒုဥက္ကဋ္ဌမော်ကျွန်းဆရာ တော်တို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ နုတ်ထွက်ကြောင်း အင်းစိန် ရွာမဆရာတော်ကြီး၏ ငယ်တပည့်မကွေးကျောင်းတိုက်ဆရာတော်  ဦးပါမောက္ခက မိန့်ကြားသည်။

Wednesday, July 31, 2019

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မှု အပေါ် သီတဂူဆရာတော် မိန့်ကြားချက် စိတ်မကောင်းဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးပြော


ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မှု အပေါ် သီတဂူဆရာတော် မိန့်ကြားချက် စိတ်မကောင်းဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်က ပြောဆိုသည်။

Tuesday, July 30, 2019

ရှေးဟောင်းပုဂံ UNESCO စာရင်းဝင်မှု သီတဂူဆရာတော် မိန့်ကြားချက် ဝေဖန်မှုတွေ ထွက်ပေါ်

သီတဂူဆရာတော် (ဓါတ်ပုံ - Facebook-Sitagu/Thegon Sayadaw)
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကုလသမဂ္ဂလက်အောက်ခံ UNESCO အဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းအသိအမှတ်ပြုလိုက်တဲ့ကိစ္စကို သီတဂူဆရာတော် အရှင်ဉာဏိဿရ ရဲ့ မကြာသေးခင် ရက်ပိုင်းက တုံ့ပြန်ဟောပြောချက်တွေမှာ အချက်အလက်တွေ လွဲမှားနေတဲ့အတွက် ဝေဖန် ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့ပါတယ်။