
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက 'ခိုးမှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ' မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၂၁.၉.၂၀၁၉ ရက်နေ့ ၂၂၁၅ အချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ နေရဲလင်း(ခ)ရဲကြီး၊ သော်ဇင်မိုး(ခ)ဓါးငမိုး နှင့် ဇော်မင်းဦး(ခ)တက်တူး တို့(၃)ဦး အား တွေ့ရှိစစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ အတွင်း လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်၊ မန္တလေးလမ်းမဘေးရှိ နေအိမ်(၁)အိမ်အတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလ များအတွင်း လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ တေးဥယျာဉ်(၁၃)လမ်းရှိ အဆောင်(၁)ခုအတွင်းမှ MI အမျိုး အစား ဖုန်း(၁)လုံး၊ အောင်မင်းခေါင် (၂)လမ်းရှိ အဆောင်(၁)ခုအတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၁)လုံး၊ ဗိုလ်အောင်ကျော်လမ်းမဘေးရှိ အဆောင်(၁)ခုအတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ တံတားဖြူ မှတ်တိုင်အနီးရှိ နေအိမ်(၂)အိမ်အတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၂)လုံး၊ အောင်မေတ္တာလမ်းရှိ နေအိမ် (၁)အိမ်အတွင်းမှ VIVO အမျိုးအစား ဖုန်း(၁)လုံး၊ မီးခွက်ဈေးအနီးရှိ အဆောင်(၁)ဆောင်အတွင်းမှ VIVO မျိုးအစား ဖုန်း(၁)လုံး၊ (၆)ရပ်ကွက်၊ ချမ်းမြေ့လမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ (၈)ရပ်ကွက်၊ ဦးဖိုးလှိုင်လမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ ဦးပုညလမ်းအတွင်းရှိ အဆောင်(၁)ဆောင် အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ အဆောင်(၁) ဆောင်အတွင်းမှ Redmi မျိုးအစား ဖုန်း(၁)လုံး၊ (၁၄)ရပ်ကွက်၊ မန္တလေးလမ်းမဘေးရှိ နေအိမ်(၁)အိမ်အတွင်းမှ VIVO မျိုးအစား ဖုန်း(၁)လုံး၊ (၁၅)ရပ်ကွက်၊ နွယ်နီလမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ OPPO မျိုးအစား ဖုန်း(၁)လုံး၊ (၁၀) ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ နေအိမ်(၁)အိမ်အတွင်းမှ I Phone 7 မျိုးအစား ဖုန်း(၁)လုံး နှင့် OPPO အမျိုးအစား ဖုန်း(၁)လုံး၊ စိန်ပန်းမြိုင်(၃)လမ်းရှိ အဆောင်(၂)ခုအတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၁)လုံး နှင့် VIVO မျိုးအစား ဖုန်း(၁)လုံး၊ စက်မှုဇုန်(၂)၊ မင်းကြီး မဟာမင်းခေါင်လမ်းရှိ နေအိမ်(၁)အိမ် အတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ စက်မှုဇုန်(၃)၊ ဗန်မော် အတွင်းဝန်လမ်းဘေးရှိ ဈေးဆိုင်(၁)ဆိုင် အတွင်းမှ HONOR အမျိုးအစား ဖုန်း(၁)လုံး၊ စုစုပေါင်း ဖုန်း(၁၉)လုံး အား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။