Friday, November 20, 2020

ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး မြေစာပိပြီးသေဆုံး

 

ကချင်ပြည်နယ် ဖာကန့်မြို့နယ်အတွင်းမှာ နိုဝင်ဘာ(၂၀)ရက် မွန်းလွဲပိုင်းက ရွှေမျောတိုက်တဲ့ ရေမဆေးကျောက် ရှာဖွေသူတစ်ဦး မြေစာပိပြီးသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက ကျောက်မျက်လုပ်ကွက်တစ်ခုရဲ့ ကျင်းဟောင်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ကျောက်မျက်လုပ်ကွက်ကျင်းဟောင်းကနေ မြေစာပြိုကျခဲ့တာကြောင့် ရွှေမျောတိုက်ပြီး ရေမဆေးကျောက်ရှာဖွေနေသူ (၃)ယောက်ကို မြေစာတွေပိခဲ့တာဖြစ်ပါတယ်။

အနီးမှာရှိတဲ့ ရေမဆေးကျောက် ရှာဖွေနေသူတွေက ဝိုင်းဝန်းကယ်ဆယ်ခဲ့ရာမှာ အသက်(၂၅)နှစ်အရွယ်အမျိုးသားတစ်ဦးကို သေဆုံးလျက် တွေ့ခဲ့ရပြီး ကျန်အမျိုးသားနှစ်ဦးကိုတော့ အရိုးကျိုး ပွန်းပဲ့ဒဏ်ရာတွေနဲ့ အချိန်မီကယ်ဆယ်နိုင်ခဲ့တာပါ။

သေဆုံးသူနဲ့ ဒဏ်ရာရသူနှစ်ဦးကို သင်္ဂဟ လူမှုကူညီရေး အသင်းမော်တော်ယာဉ်နဲ့ လုံးခင်း တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနကသိရပါတယ်။



သတင်း- မိုဃ်းကျ(မြစ်ကြီးနား)၊ ဓာတ်ပုံ-(မှော်မင်းသား-ဖားကန့်)

0 comments:

Post a Comment