Showing posts with label မိုးလေ၀သ. Show all posts
Showing posts with label မိုးလေ၀သ. Show all posts

Sunday, September 22, 2019

ပင်လယ်ပြင်ခရီးအတွက် နံနက်(၁၀:၃၀)နာရီအချိန် မိုးလေ၀သခန့်မှန်းချက်

Image may contain: cloud, sky, outdoor, nature and water

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါ သည်။

နေပြည်တော် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် ယနေ့ ညနေအထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်

No photo description available.

နေ့စဉ်မိုးလေဝသသတင်း နံနက်​(၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

Tuesday, September 10, 2019

မြေငလျင်သတင်းထုတ်ပြန်ချက်


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂) နာရီ၊ (၄၈)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဘိုကလေးမြို့၏ အနောက်-အနောက်တောင်ဘက် (၂၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၇) ဒီဂရီ၊ အနက် (၅၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

Monday, September 9, 2019

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းမြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေသူများ သတိပြုနေထိုင်ရန် မိုးဇလ သတိပေးချက်ထုတ်ပြန်

ရွှေကျင်မြစ်ရေစိုးရိမ်ရေမှတ် ရောက်ရှိမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ် သို့ကျော်လွန်လျက်ရှိနေသည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

Wednesday, August 28, 2019

လာမည့်စက်တင်ဘာတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်

စက်တင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌  လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ လမိုးလေဝသခန့်မှန်းချက်အရ သိရသည်။

Thursday, August 22, 2019

နောက်(၂၄)နာရီအတွင်း ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်


Image may contain: outdoor
တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်‌လျှောက်မှာ နောက်(၂၄)နာရီအတွင်း လှိုင်းကြီးနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနရဲ့ ဩဂုတ် (၂၃)ရက်၊ မနက်(၁၀)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ 

Wednesday, August 21, 2019

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်တွင် သုံးရက်ခန့် ဆက်လက် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သတိပြုရန်လို

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ​ရေး - သံဖြူဇရပ်​လမ်​း ကားလမ်​းမ​ပေါ်ရှိ ဝဲဝင်္ဂရာ​တံတားညီ​နောင်​လမ်းပိုင်း ပျက်​စီးနေမှု ပြုပြင်​​နေသည်​ကို သြဂုတ် ၁၁ ရက်က တွေ့ရစဉ်​ (ဓာတ်ပုံ အောင်မျိုးသန့်)
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်တို့တွင် သုံးရက်ခန့် ဆက်လက်  မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်က ပြောကြားသည်။

မြစ်ဝကျွန်းပေါ်ဒေသ မိုးများမည်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်သည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

Sunday, August 18, 2019

သြဂုတ်လနောက်ဆုံးပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်

သြဂုတ်လ နောက်ဆုံးပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လတတိယ ၁၀ ရက်ပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

Wednesday, August 14, 2019

သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း တစ်ပြည်လုံးတွင် မိုးအားလျော့နည်းမည်

Image may contain: text
၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း မြန်မာတစ်ပြည်လုံးတွင် မိုးရွာသွန်းမှု အခြေနေ လျော့နည်းနိုင်ပြီး တောင်ပိုင်းဒေသများတွင် ရွာသွန်းမြဲခန့်နှင့် ကျန်တစ်ပြည်လုံးတွင် ပုံမှန်ထက် မိုးရွာသွန်းမှုလျော့နည်းနိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Monday, August 12, 2019

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မွန်၊ တနင်္သာရီအပါအဝင် ကမ်းရိုးတန်းဒေသများ၌ မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျက်ရှိပြီး မွန်၊ တနင်္သာရီအပါအဝင် ကမ်းရိုးတန်းဒေသများတွင် မိုးကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ်၏ ပြောကြားမှုအရ သိရသည်။

Thursday, August 8, 2019

ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ပြီး အထက်ပိုင်းဒေသများ ပုံမှန်ထက် မိုးပိုနိုင်

ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ထပ်မံဖြစ်ပေါ်နိုင်ပြီး အထက်ပိုင်းဒေသများ ပုံမှန်ထက် မိုးပိုများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

Wednesday, August 7, 2019

ထိုင်ဝမ်နှင့် တရုတ် သို့ သြဂုတ် ၉ ရက်တွင် အင်အားပြင်းမုန်တိုင်းဝင်မည်

Image may contain: cloud, nature, water and outdoor

သြဂုတ်လ ၉ ရက်နေ့တွင် ထိုင်ဝမ်နှင့် တရုတ်တို့အတွင်း ၀င်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားပြီး လေတိုက်နုန်း ၁၆၂ ကီလိုမီတာမှ ၂၀၀ ကျော် အထိရှိနိုင်သည့် Typhoon Lekima နှင့် Tropical Storm Krosa ။

Tuesday, August 6, 2019

မြစ်ကြီး(၆)စင်း စိုးရိမ်ရေမှတ်ကျော်လွန်


No photo description available.
သြဂုတ်(၇)ရက် ည(၉)နာရီခွဲအချိန်တိုင်းထွာချက်အရ မြန်မာနိုင်ငံရှိ မြစ်ကြီး(၆)စင်းမှာ စိုးရိမ်ရေမှတ်ကျော်လွန် နေတယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ 

မုန်တိုင်းအရှိန်ကြောင့် မြန်မာကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမည်

ဓာတ်ပုံ-ဦးထွန်းလွင် ဖေ့ဘွတ်ခ်
သြဂုတ် ၇ ရက်နေ့ ၊ နံနက် လေးနာရီ၊ တိုင်းတာချက်များအရ မုန်တိုင်းငယ် BOB/03/2019 သည် အိန္ဒိယနိုင်ငံအရှေ့မြောက် Orissa and West Bengal ပြည်နယ်ကမ်းခြေကို စတင်ဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ မုန်တိုင်းအရှိန် ရိုက်ခတ်မှု ရှိနိုင်သည်။

လေဖိအားနည်းမှ မုန်တိုင်းဖြစ်လာ၊ အ၀ါရောင်အဆင့်သတ်မှတ်ထား၊ မိုးကြီး၊လေပြင်တိုက်ခြင်းများ ရှိမည်

Image may contain: outdoor

မိုးဇလ၏ သြဂုတ် ၆ ရက်၊ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ တောင်-အရှေ့တောင်ဘက် မိုင်(၇၀) ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် (၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

Monday, August 5, 2019

၄၈ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်၊ လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်ခြင်းတို့ ဖြစ်မည်

Image may contain: outdoor

မိုးဇလ၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်၊ ဒေသအလိုက် မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ရာ ရန်ကုန်တိုင်းအပါအဝင် ဒေသအနှံ့အပြားတွင် မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Sunday, August 4, 2019

စစ်တောင်းမြစ်နှင့် ရွှေကျင်မြစ်တို့ စိုးရိမ်ရေအမှတ်ထက် တည်ရှိနေ

No photo description available.

မိုးဇလ၏ သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။

Thursday, August 1, 2019

အပူပိုင်းမုန်တိုင်း ဟနွိုင်းမြို့ အရှေ့-အရှေ့မြောက်ဘက်ကို ဦးတည်နေ

အပူပိုင်းမုန်တိုင်း “ဝီဖာ” ဟာ ဗီယက်နမ်နိုင်ငံ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက်ကို ဦးတည်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။