Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Thursday, August 22, 2019

(၂၀၂၀) အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: indoor
(၂၀၂၀)အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီပေါင်းစုံပါဝင်တဲ့ညှိနှိုင်းအစည်းအဝေးကိုသြဂုတ်(၂၃)ရက်မနက်ပိုင်းကနေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာကျင်းပပါတယ်။

Wednesday, April 24, 2019

မြန်မာအစိုးရကို ၂၀၀၄ ခုနှစ်တုန်းက ဘတ်ငွေ လေးဘီလီယံ ချေးခဲ့မှုအတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရတဲ့ သက်ဆင်


ထိုင်းဗဟိုတရားရုံးချုပ်ဟာ မြန်မာနိုင်ငံကို ထိုင်းဘတ်ငွေ လေးဘီလီယံ ချေးခဲ့မှုအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မျက်ကွယ်ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

Tuesday, November 20, 2018

တိုင်းရင်းသားကျေးရွာကို နိုင်ငံတကာအဆင့်မီ မြှင့်တင်မည်

တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များ ပြသထားသည့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို နိုင်ငံတ ကာအဆင့်မီ အဆင့်မြှင့်တင်ပြု ပြင်ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားသည်ဟု တိုင်းရင်းသားကျေး ရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်း သန်းက ပြောသည်။ 

Sunday, September 23, 2018

ဖွဲ့စည်းပုံအခြေခံဥပဒေသည် (Mother Law) ဖြစ်ပြီး နိုင်ငံအတွင်းရှိ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးညှိနှိုင်းကာ မည်သည့်ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများမပါရှိဘဲ တစ်နိုင်ငံလုံး၏အကျိုးစီးပွား အတွက် ပကတိ အခြေအနေများနှင့် ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့သည့် ဥပဒေဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြော


Image may contain: 1 person, indoor
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတော်၏အဆင့်ဆင့်သောအဖွဲ့အစည်းများဖွဲ့စည်းမှု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြဋ္ဌာန်းရေး၊ နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများစသဖြင့် အချက်အလက်ပြည့်ပြည့်စုံစုံကို စာဖြင့်ရေးသား ဖော်ပြထားသည့် အာမခံချက်ပင်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသည် (Mother Law) ဖြစ်ကာ နိုင်ငံ အတွင်း ရှိအလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးညှိနှိုင်းကာ မည်သည့်ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများမပါရှိဘဲ တစ်နိုင်ငံလုံး၏အကျိုးစီးပွား အတွက် ပက တိအခြေအနေများနှင့် ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များသည် နိုင်ငံသားတစ်ဦးချင်းစီ၏အခွင့်အရေးများ၊ တိုင်းရင်းသားအားလုံး၏ မူလရပိုင်ခွင့်များ အပေါ် ခွဲခြားမှုမရှိတန်းတူညီမျှစွာ အာမခံချက်ပေးထားသည်ကို တွေ့ရလိမ့်မည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ ယနေ့ နံနက်က လားရှိုး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြားရာ၌ ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ တပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြဝတီ

နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ အုပ်စု၊ အဖွဲ့များက ၀င်ရောက်စွက်ဖက် ဆုံးဖြတ်နိုင်ခွင့် မရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Image may contain: 1 person, indoor

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ အုပ်စု၊ အဖွဲ့များက ၀င်ရောက်စွက်ဖက် ဆုံးဖြတ်နိုင်ခွင့် မရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြောဆိုလိုက်သည်။ စက်တင်ဘာလ ၂၃ ရက်နေ့ ယနေ့ နံနက်က လားရှိုး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံများ၏ဒီမိုကရေစီကျင့်သုံးမှုကိုကြည့်ပါက မိမိတို့နိုင်ငံနှင့်ကိုက်ညီ သည့် ဒီုမိုကရေစီစနစ်ကိုသာ ကျင့်သုံးကြကြောင်း၊ နိုင်ငံအသီးသီး၏ ဒီမိုကရေစီကျင့်သုံးမှုများမှာမတူညီကြကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်နှင့်အညီ လွတ်လပ်၍တက်ကြွ သောနိုင်ငံခြားရေးမူဝါဒ ကိုကျင့်သုံးကာ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကိုသာထားရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ ၀င်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂသဘောတူညီချက်များမှ နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီ သည့် သဘောတူညီချက်များကို လိုက်နာလျက်ရှိကြောင်း၊ နိုင်ငံများ၏စံတန်ဖိုးချင်း မတူညီကြသည်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ အုပ်စု၊ အဖွဲ့များက ၀င်ရောက်စွက် ဖက်ဆုံးဖြတ်နိုင်ခွင့် မရှိကြောင်း၊ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ပြောကြားမှုများသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်လွဲမှားမှုကိုဖြစ်စေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့သည်။

ထို့အပြင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ဆန္ဒအရရွေးချယ်ထားသော ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်း အတိုင်း လျှောက်လှမ်းလျက်ရှိရာတွင် နိုင်ငံရေး၊ တိုင်းရင်း သားအရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အမြင်သဘောထား ကွဲလွဲမှုများကို အားလုံးညှိနှိုင်း တိုင်ပင်ဆွေးနွေးခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင်ဆောင်ရွက်ရန် လိုကြောင်း၊ တပ်မတော်အနေဖြင့်ထာဝရငြိမ်းချမ်းရေးရရှိစေရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ မဖြစ်နိုင်သည့်တောင်းဆို မှုများ ကိုလက်ခံ၍မရဘဲ ၁၉၈၂ ခုနှစ်နိုင်ငံသား ဖြစ်မှုဥပဒေနှင့်အညီသာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းဥပဒေမှာ ဘင်္ဂါလီများ အတွက်သာပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင်နေထိုင်သူအားလုံးအတွက် ပြဋ္ဌာန်းထား သောဥပဒေဖြစ်၍ မည်သူမဆိုဥပဒေနှင့်အညီ စိစစ်ခံနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွား သူများကိုလည်း သတ်မှတ်ချက်နှင့်အညီစိစစ်လက်ခံ သွားမည်ဖြစ်ကြောင်း၊ အဆိုပါဒေသဖြစ်စဉ် များနှင့် ပတ်သက်၍လည်းအမှန်အတိုင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းပြော ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်ရန် အဓိကတာဝန်ရှိပြီး နိုင်ငံ၏အကျိုးစီးပွားနှင့် တိုင်းရင်းသားများ၏အကျိုး စီးပွားများကို အကာအကွယ်ပေးခြင်းက တရားသော စစ်ကို ဆင်နွှဲခြင်းဖြစ်ကြောင်းနှင့် တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာပိုင်မှုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ အစိုးရအဆက်ဆက်နှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကိုကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်းနှင့် နိုင်ငံ၏အကျိုးစီးပွား၊ တိုင်း ရင်းသားများ၏ အကျိုးစီးပွားများကိုအကာအကွယ်ပေးခြင်းသည် တရားသောစစ်ကို ဆင်နွှဲခြင်းပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လားရှိုးတပ်နယ်က တွေ့ဆုံပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ တပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြဝတီ

နိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးလာလျှင် တိုင်းရင်းသားအားလုံးနှင့် တပ်မတော်တို့ လက်ချင်းချိတ် ကာကွယ်ကြရမည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

Image may contain: 3 people, people sitting, table and indoor

မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးလာလျှင်တိုင်းရင်းသားအားလုံး တပ်မတော် နှင့်လက်ချင်းချိတ်ပြီး ကာကွယ်ကြရ မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားလိုက်သည်။


စက်တင်ဘာလ ၂၂ ရက်နေ့ညနေပိုင်းက အနောက်မြောက်တိုင်း စစ်ဌာနချုပ် အစည်းအဝေးခမ်းမတွင်ကျင်းပသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ခေါင်းဆောင်များအားတွေ့ဆုံပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ 

ထို့အပြင် လက်ရှိအချိန်တွင် လက်နက်ကိုင်ပဋိပက္ခများမချုပ်ငြိမ်းသေးဘဲ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ အယူဝါဒရေးနှင့် အုပ်ချုပ်ရေးသဘောထားကွဲလွဲမှုများရှိနေကြောင်းနှင့် ပြည်သူ များမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေပြီဖြစ်သဖြင့် ကွဲပြားနေသည့် အမြင်များတူညီစေရန်အတွက် အားလုံးညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းဖြင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။ ထို့အပြင် ကြည်း၊ရေ၊လေ တပ်မတော်သားများအနေဖြင့်လည်း စည်းစည်းလုံးလုံးဖြင့် ကျရာတာဝန်ကိုထမ်းဆောင်နေကြခြင်းဖြစ်ပြီး တပ်မတော် အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

ထို့နောက် တပ်တော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနားတက်ရောက် လာကြသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင်းရှိ တိုင်းရင်း သားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များအား အမှတ်တရ လက်ဆောင် ပစ္စည်း များပေးအပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တိုင်းရင်း သားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

မြဝတီ


Thursday, September 20, 2018

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ စစ်ဌာနချုပ်သို့ သွားရောက် လေ့လာ

Image may contain: one or more people, people standing, crowd and outdoor


ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Fort William မှာရှိတဲ့ အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ပူနီမြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တဲ့ ဘင်းမ်စတက် ညီလာခံကို တက်ရောက်ဖို့ အိန္ဒိယကို ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ချစ်ကြည်ရင်းနှီးတဲ့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုခိုင်မာစေမှာဖြစ်တဲ့အပြင်၊ နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက်လည်း ပိုမိုတိုးတက်ကောင်းမွန်လာအောင် အထောက်အကူပြုမှာဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့ပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ ပူနီမြို့မှာ သင်တန်းတက်လေ့ကျင့်နေကြတဲ့ တပ်မတော်အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ဗဟိုအစိုးရကို တော်လှန်နေတဲ့ ခွဲထွက်ရေး လူမျိုးစုသူပုန်တွေရှိနေကြပြီး၊ အဲဒီအဖွဲ့တွေဟာ မြန်မာဘက်ခြမ်းက တောတောင်ထူထပ်တဲ့နေရာတွေကို ၀င်ရောက်ခိုလှုံအကာအကွယ် ယူပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်နေကြပါတယ်။ အဲဒီ သူပုန်အဖွဲ့တွေကို လက်မခံနှင်ထုတ်ပေးဖို့ အိန္ဒိယအစိုးရ အဆက်ဆက်က မြန်မာကို အကူအညီတောင်းခံတိုက်တွန်းခဲ့ပါတယ်။
RFA

ရိုဟင်ဂျာ ပြဿနာ မြန်မာတာဝန်ယူဖို့ ဘင်္ဂလားဒေ့ရှ်ပြောကြား

Image may contain: 2 people, people sitting and indoor


ရိုဟင်ဂျာပြဿနာဟာ မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး၊ ဒီပြဿနာ ဖြေရှင်းရေးဟာလည်း မြန်မာနိုင်ငံအတွင်းမှာပဲ ရှိနေတာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက မနေ့က ပြောလိုက်ပါတယ်။
ဒါကာမြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရေး အစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲအပြီး ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ် ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မတီကော်မရှင် အစီရင်ခံစာမှာ ပါရှိပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ တက်ရောက်မှာဖြစ်ပြီး၊ ရိုဟင်ဂျာ ပြဿနာကို အထူးအလေးပေးပြောကြားမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက မြန်မာနဲ့ အရင်က ဖြစ်ပွားခဲ့တဲ့ လေပိုင်နက်ကျူးကျော်မှု၊ စစ်တပ်တွေချထားမှု၊ မြေမြှုပ်မိုင်းတွေ ချထားမှုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း - ဒီဖြစ်ရပ်တွေက နှစ်နိုင်ငံကြား တင်းမာစရာတွေ ဖြစ်စရာရှိပေမဲ့၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အေးအေးဆေးဆေးပဲရှိခဲ့ပါတယ်၊ အခုလည်း ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်ဖြေရှင်းသွားမှာပါလို့ ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်ပြန်ပို့ရေးကိစ္စ မြန်မာနဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့အတိုင်း ဆောင်ရွက် နေကြောင်းလည်း ပြောပါတယ်။
မြန်မာအပေါ် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့လည်း ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီလိုတောင်းဆိုတာမျိုး မလုပ်နိုင်သေးကြောင်း၊ ဒါဟာ ကမ္ဘာလုံးဆိုင်ရာကိစ္စ ဖြစ်နေကြောင်း ပြောပါတယ်။
RFA

ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို အထောက်အပံ့ ပိုပေးမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြော

Image may contain: 4 people, people smiling, people standing and indoor

ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီ မွတ်စလင်တွေကို အထောက်အပံ့ အကူအညီတွေ ပိုမိုပေးမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရယ်မီဟန့်က ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို တားဆီးနိုင်ဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်မယ်လို့လည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ဟန့်က ပြောတယ်လို့ စပွန်နစ် သတင်းက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာကုစားရေး အကူအညီတွေကိုလည်း တိုးမြှင့်မယ်လို့ သူက ပြောပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဟန့်ဟာ မြန်မာနိုင်ငံခရီးစဉ်မှာ နိုင်ငံတ်ာအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။
MCN

သမ္မတနှင့် အတိုင်ပင်ခံ ရုပ်ပုံသုံး မဲဆွယ်သည့် အန်အယ်လ်ဒီ အမတ်လောင်းကို ကန့်ကွက်

Image may contain: 1 person, standing and outdoor

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ တာမွေမဲဆန္ဒနယ်ကနေ အန်အယ်လ်ဒီကိုယ်စားပြု ဝင်ရောက်ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း မဲဆွယ်ရာမှာ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဓာတ်ပုံတွေအသုံးပြုတဲ့အပေါ် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာ ပေးပို့ထားတယ်လို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ တာမွေမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ခံမယ့် ဦးတိုးလွင်အနေနဲ့ မဲဆွယ်စည်းရုံးရာမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရုပ်ပုံတွေကို အသုံးပြုမဲဆွယ်နေတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်စာပေးပို့ထားတယ်လို့ တာမွေမဲဆန္ဒနယ်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်မယ့် ဦးမျိုးဝင်းကျော်က ဆိုပါတယ်။

အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအနေနဲ့ အခုလို မဲဆွယ်စည်းရုံးရာမှာ ဖွဲ့စည်းပုံအခြေဥပဒေပုဒ်မ ၆၄ နဲ့ ပုဒ်မ ၂၃၂ (ဋ) တွေအရ ကိုက်ညီမှုမရှိတဲ့အတွက် ကန့်ကွက်တာလို့ ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ မျှော်လင့်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာလို့လည်း ဆိုပါတယ်။

အခုမဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဘဏ္ဍာကို အသုံးပြုပြီး သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်နေတယ်လို့လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးနေမျိုးအောင်က ဝေဖန်ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် ၁၃ ခုအနက် ၁၀ ခုသာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒနယ် ၁၀ ခု စလုံး အောင်နိုင်ရေးအတွက် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
DVB