Friday, November 20, 2020

မြို့နယ်အခြေပြုကွာရန်တင်းစင်တာများတွင် ကျွေးမွေးရေးခက်ခဲနေ

 

မြို့နယ်အခြေပြုကွာရန်တင်းစင်တာတွေ (CBFQ) မှာလှူဒါန်းသူတွေ နည်းလာတဲ့အတွက် ကျွေးမွေးရေးအခက်အခဲ တွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။
အဲဒီလိုကျွေးမွေးရေးခက်ခဲနေတဲ့အတွက် စင်တာတွေရပ်တည်ဖို့ခက်ခဲ လာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီကိုတင်ပြပြီးအကူအညီတောင်းခံထားသလို အလှူရှင်တွေကိုလည်းဖိတ်ခေါ်လိုတယ်လို့ ဆိုပါတယ်။
‘‘အစားအသောက်တွေက မြို့နယ်အလိုက်သူ့ဘာသာသူ စီစဉ်ဆောင် ရွက်ရတာဖြစ်ပါတယ်။ ဒီဘက်အခြေအနေမှာကျတော့ မြို့နယ်အခြေ ပြုကွာရန်တင်းစင်တာတွေ (CBFQ) တွေမှာအလှူရှင်တွေလည်းနည်းပါး လာတယ်။ စေတနာ့ဝန်ထမ်းတွေကလည်းခက်ခဲလာကြတဲ့အတွက် ဆောင်ရွက်နိုင်စွမ်းကလျော့ကျလာတယ်။ လျော့ကျ သွားတဲ့အခါ ကျတော့ ကျွန်တော်တို့ရဲ့ Contact (ထိစပ်သူ) တွေက အိမ်တွေမှာ ရှိနေတာကို ကျွန်တော်တို့က သွားတွေ့ပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော်တို့ကတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်းတင်ပြထားတယ်။ ဒီအခက်အခဲတွေတော့ကျွန်တော်တို့တော့ရှိနေတယ်။ ဒါတွေဟာ ဒီထိစပ်တဲ့သူတွေဟာမြန်မြန်ခွဲထုတ်ထားရမယ့် အခြေအနေတွေပါပဲ။ အဲဒီ့တော့မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ကလည်း အကျွေးအမွေးမှာခက်ခဲတော့ ထားရေးမှာလည်း ခက်ခဲလာ တဲ့အခြေအနေတွေပါပဲ။ ဒါလည်းကျွန်တော်တို့တင်ပြထားပြီး ဖြစ် တဲ့အတွက် မကြာခင်ဒါတွေအမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးမယ်လို့ ကျွန်တော်မှန်းပါတယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ဟိုတယ်ကွာရန်တင်း၊ Facilityကွာရန်တင်းနဲ့ မြို့နယ်အခြေပြုကွာရန်တင်းစင်တာ စုစုပေါင်း (၂၇၈) နေရာရှိပြီး ကွာရန်တင်းဝင်နေသူ (၉၀၀၀) ကျော်ရှိပါတယ်။
လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အခြေပြု ကွာရန် တင်းစင်တာတွေ (CBFQ) (၁၉၃) နေရာရှိပြီး ကွာရန်တင်းဝင်နေသူ (၆၀၀၀) ကျော်ရှိကာ ဒီနေရာတွေမှာ ကျွေးမွေးရေးခက်ခဲနေတာ ဖြစ်ပြီးသက်ဆိုင်ရာ နဲ့အလှူရှင်တွေကလှူဒါန်းဖို့လိုအပ်တယ်လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။


သတင်း - သူသူထက်လွင်
ဓာတ်ပုံ - တာမွေလမ်းညွှန်

0 comments:

Post a Comment