Friday, November 20, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိမှုအပေါ် ကြိုဆိုဟု မဟာမိတ် ၃ ဖွဲ့ ကြေညာ၊ တပ်မတော်၏ အပစ်အခတ်ပ်စဲရေးနှင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦး ဆောင်သော ၅ ဦးပါ ငြိမ်းချမ်းရေး အဖွဲ့ကိုလည်း ကြိုဆို

 

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိမှုကို ကြိုဆိုကြောင်း AA ၊ TNLA နှင့် MNDAA ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာချက် တစ်ရပ် နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
အလားတူ တပ်မတော်၏ နိုဝင်ဘာလ ၉ ရက်နေ့် ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေး ထုတ်ပြန်ချက်ကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ၅ ဦးပါ ဆွေးနွေးမှု ကော်မတီကိုလည်းကောင်း ကြိုဆိုကြောင်း၊ FPNCC ၏ ဦးဆောင်မှုဖြင့် NLD အစိုးရ၊ တပ်မတော်တို့နှင့် တစ်ပြည်လုံးအတိုင်းအတာ ငြိမ်းချမ်းရေး လုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment