Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Thursday, September 10, 2020

COVID-19 လူနာများအတွက် ဖောင်ကြီးဆေးရုံကြီးကိုထပ်မံတိုးချဲ့လျက်ရှိသည့်အပြင် လိုအပ်ပါကပုဂ္ဂလိ ကဆေးရုံတစ်ရုံကိုလည်း အသုံးပြုနိုင်ရန်ပြင်ဆင်နေ

COVID-19 လူနာများအတွက် ခုတင် ၅၀၀ ပြင်ဆင်ထားသည့် ဖောင်ကြီးဆေးရုံကြီးတွင် ၄၉၅ ဦး၊ ဝေဘာဂီဆေးရုံကြီး၌ ခုတင် ၉၀ တွင် ၆၇ ဦး၊ တောင်ဥက္ကလာ ဆေးရုံကြီး၌ ခုတင် ၆၀ တွင် ၅၇ ဦး တက်ရောက်ကုသနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

Wednesday, September 9, 2020

ထုတ်ပြန်ခဲ့ပြီးသော COVID-19 ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၉၇)ဦးနှင့် ပတ်သက်သည့် အချက်အလက်များ

၁။ ယမန်နေ့ (၈-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၃၁၇)ခု အားစစ်ဆေးခဲ့ပြီး
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၉၇) ဦး တွေ့ရှိခဲ့ပါသည်။

Saturday, September 5, 2020

KTV ၊ Bar ၊ အနှိပ်ခန်း များနှင့် လူ ၂၀၀ ကျော်ကို ဖမ်းဆီး

တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV၊ Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားချက်အရ သိရသည်။

လူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ

၁။ (၄-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -ဓာတ်ခွဲနမူနာ စုစုပေါင်း (၃,၁၇၅) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈၃) ဦးတွေ့ရှိခဲ့ပါသည်။ (အဆိုပါ လူနာများဓာတ်ခွဲတွေ့ရှိမှုသတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

နေပြည်တော်တွင် KTV ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်း ရှိ၊မရှိ စစ်ဆေး

နေပြည်တော်ရှိ မြို့နယ်များ၌ COVID-19) ရောဂါဖြစ်ပွားနေသော ကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အတွက် KTV ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်းမရှိစေရေး ရှောင်တခင်စစ် ဆေးခဲ့ကြောင်း သိရသည်။

တောင်ကြီး တက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်မှာ ဒီကနေ့မနက် အစောပိုင်းက Quarantine ဝင်နေသူ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

Wednesday, August 5, 2020

လားရှိုးထောင်အနီး နေအိမ်တချို့ကို အင်အားသုံးဖယ်ရှား

ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင်အနီး အိမ်သုံးလုံးဟာ ထောင်မြေနယ်နိမိတ်ထဲပါနေတယ်ဆိုပြီး အကျဉ်းထောင်တာဝန်ရှိသူက ဒီကနေ့မနက်မှာ အင်အားသုံးဖယ်ရှားခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာများ၊ ဟင်္သာတမြို့နှင့် မြန်အောင်မြို့များနှင့် ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ဘုရားစေတီတော်၌ မြေထိန်းနံရံများ တည်ဆောက်ခြင်း လုပ်ငန်းများတွင် တပ်မတော်သားများမှကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိန်းဇလုပ်မြို့၊ ကင်မွန်းချုံရပ်ကွက်သို့ ရေများဝင်ရောက်ခြင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ဇီးအုပ် ကျေးရွာနှင့်ပေါက်ချောင်းကျေးရွာအကြား စမိုးချောင်းနှင့်ဆည်မြောင်းရေ>ပန်ဆုံရာနေရာရှိ တာဘောင်မှာ ချောင်းရေတိုက်စားမှုကြောင့် တာကျိုးပေါက်ခြင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာ နှင့်အုတ်တွင်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ မန်ကျီးပင်စုကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခပေါင်း ချောင်း(သစ်သား)တံတားသည် ချောင်ရေတိုက်စားမှုကြောင့် ရေစီးနှင့်အတူ မျောပါပျက်စီး ခြင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားသည့်လမ်းပေါ်ရှိ သွပ်မိုးတံတားမှာ ကံကျင်းချောင်းရေတိုက်စားမှုကြောင့် ရေစီးနှင့်အတူ မျောပါခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဂျပန်လက်လီလုပ်ငန်း Aeon က မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်မည့်၎င်းတို့၏ ကုန်တိုက်အတွက် ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံမည်

ဂျပန်လက်လီလုပ်ငန်းအုပ်စု Aeon က မြန်မာနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင်စီးပွားဖြစ် အ ဆောက်အအုံကြီးတစ်ခု တည်ဆောက်လိမ့်မည်ဟု ဩဂုတ်လ ၄ ရက်နေ့ကပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာသန်း ၁၈၀ နှင့်အတူ အရှေ့တောင်အာရှနိုင်ငံ၏ဈေးကွက်သို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သည်ဟု ဆိုသည်။

Monday, September 30, 2019

သိန်း(၁၅၀၀၀) ထီဆုကြီးကို မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နေ ကိုစိုးနိင်က ဆွတ်ခူး

No photo description available.
ဒီလသိန်း(၁၅၀၀၀) ထီဆုကြီးကို မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နေ ကိုစိုးနိင်က ဆွတ်ခူးသွားကြောင်း သတင်းရရှိပါသည်။

(၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

Image may contain: one or more people and indoorImage may contain: 10 people, indoor

အောက်တိုဘာ(၁)ရက် နံနက်ပိုင်းတွင် (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို (၁၉၆၄)ခုနှစ် အောက်တိုဘာ(၁)ရက်က ပြည်သူ့ရဲတပ်ဖွဲ့ အမည်နဲ့ စတင်ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။စတင်ဖွဲ့စည်းခဲ့တဲ့ အောက်တိုဘာ(၁)ရက်ကို ရဲတပ်ဖွဲ့နေ့အဖြစ်သတ်မှတ်ခဲ့ပြီး (၁၉၉၅) ခုနှစ် အောက်တိုဘာ(၁)ရက်မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြစ်သာမြစ်ရေတိုက်စားမှုကြောင့် အန္တရာယ်ရှိသောနေရာများမှ ဘေးလွတ်ရာသို့ တပ်မတော်သားများနှင့် ဒေသခံပြည်သူများ ကူညီပြောင်းရွှေ့ပေး

Image may contain: one or more people, tree and outdoor

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် အတွင်းရှိ မြစ်သာမြစ်သည် ရေတိုက်စားမှုဖြစ်ပေါ်လျက်ရှိပြီး မြစ်ကမ်းနံဘေးရှိအောင်မေတ္တာ ရပ်ကွက်၊ ရတနာသီရိ ဘုန်းတော်ကြီးကျောင်းရှိ ဆွမ်းစားဆောင်မှာ ကမ်းပါးပြိုပြီး ရေတိုက်စားမှု အန္တရာယ် ဖြစ်ပေါ် လာနိုင်သဖြင့် မနေံက နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရေဘေးကင်းလွတ်ရာနေရာသို့ကူညီရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

မြန်မာယူနီကုဒ်စံစနစ်သို့ကူးပြောင်းအသုံးပြုခြင်းအခမ်းအနားကျင်းပ

Image may contain: 3 people, people smiling, people standing
အောက်တိုဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ MICC-2 ခန်းမတွင် မြန်မာယူနီကုဒ်စံစနစ်သို့ကူးပြောင်းအသုံးပြုခြင်းအခမ်းအနားအား ကျင်းပနေပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် လာမည့်ရုံးချိန်းတွင် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းသည့်လုပ်ငန်း လုပ်ကိုင်ခဲ့သည့် F-22 Sunny ကုမ္ပဏီ MD ကို စစ်ဆေးမည်


စက်တင်ဘာ ၃၀ ရက်တွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို ၃၁ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းသည့် လုပ်ငန်း လုပ်ကိုင်ခဲ့သည့် F-22 Sunny ကုမ္ပဏီ MD ကို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဝင်းနှင့်ဇော်တို့အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ပြရာတွင် ရဲစခန်းနှင့်ရပ်ကွက်ထောက်ခံစာများ ပူးတွဲတင်ပြမည်

Image may contain: 2 people

ထိုင်းဘုရင်မင်းမြတ်ထံ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး အယူခံဝင်ရာတွင် ပူးတွဲတင်ပြနိုင်ရန်အတွက် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ထောက်ခံစာများတောင်းယူထားကြောင်း သိရသည်။

မြန်မာယူနီကုဒ်စံစနစ်ကို ပြည်သူတစ်ရပ်လုံး တစ်ပြိုင်နက်တည်း ပြောင်းလဲသုံးစွဲကြပါစို့


မြန်မာနိုင်ငံအနေဖြင့် ယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရာတွင် အများပြည်သူအားလုံး တစ်ပြိုင်နက်တည်း ပြောင်းလဲသုံးစွဲ နိုင်မှသာ အောင်မြင်လာမည်ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်တွင် ရွှေသင်္ကန်းကပ်ရာ၌ သုံးသည့်ကော် အရည်အသွေးမမီ

Image may contain: 1 person, sky and outdoor

စက်တင်ဘာ(၂၉)ရက်ကပြုလုပ်တဲ့ ရွှေတိဂုံစေတီတော်ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲကျင်းပဖို့ နာယကနဲ့ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွှေတိဂုံစေတီကို ရွှေသင်္ကန်းကပ်လှူပူဇော်ရာမှာ အသုံးပြုတဲ့ကော်ဟာ အရည်အသွေးမမီတဲ့အတွက် လေလွင့်ဆုံးရှုံးမှုတွေဖြစ်နေရတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးသူရဦးအောင်ကိုက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကလေးဝမြို့အနီး အင်အား အနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၇ မိနစ်၊ (၃၉)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၇၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးဝမြို့၏ အရှေ့မြောက်ဘက်(၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၈)ဒီဂရီ၊ အနက်(၆၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။