Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Tuesday, March 7, 2023

နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) လျှောက်ထား

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကနေ လာရောက်လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီရဲ့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ မတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ယနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို

စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာစာဘာသာရပ်ကို ယနေ့(မတ်လ ၈ ရက်) တွင် စတင်ဖြေဆိုနေပြီဖြစ်သည်။

၂ဝ၂၄ ခုနှစ် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းကို တစ်အိမ်တက်ဆင်းဖြင့် (၁၅)ရက်အတွင်း အပြီးကောက်ယူမည်

 

လာမည့် ၂ဝ၂၄ ခုနှစ်တွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို (၁၅)ရက်အတွင်းအပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Sunday, February 26, 2023

မတ်လ ၆ရက်နေ့မှာ မြန်မာအရေးဆုံးဖြတ်ချက်တွေနဲ့စပ်လျဉ်းပြီး ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်သွင်းမည်

လာမယ့် မတ်လ ၆ရက်နေ့မှာ မြန်မာအရေးဆုံးဖြတ်ချက်တွေနဲ့စပ်လျဉ်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လူနည်းစုအကျိုးစီးပွားကို အားပေးခြင်းမရှိဟု နစကခေါင်းဆောင်ပြော

မိမိတို့အနေနဲ့ လူနည်းစုရဲ့ အကျိုးစီးပွားကို အားပေးခြင်းမဟုတ်ဘဲ လူအများစုဖြစ်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်ဝင်/ထွက်မှု ဆက်တိုက်မြင့်တက်နေဟု တရုတ်သံရုံးထုတ်ပြန်

(၂)နှစ်ကျော်အကြာ ပိတ်ထားခဲ့တဲ့ မူဆယ်-ရွှေလီနယ်စပ်ဂိတ် ပြန်လည်ဖွင့်ခဲ့ပြီး တစ်လအကြာမှာ ရွှေလီနယ်စပ်ဂိတ်ကနေ ခရီးသည် ဝင်/ထွက်သွားလာမှု ဆက်တိုက်မြင့်တက်နေတယ်လို့ ယနေ့မှာ တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုထားပါတယ်။

ဘိန်းစိုက်ပျိုးမှုတိုးလာသည့် စစ်ကောင်စီလက်ထက် ကန်ဒေါ်လာ သန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေး များ ဖမ်းမိခဲ့

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ဇန်နဝါရီ လကုန်အထိ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော်(၉၆၆.၅၂၅) သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင်ဖော်ပြသည်။

ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်များ နုတ်ထွက်ပေးရေးကိစ္စ ပွင့်လင်းရင်းနှီးစွာဆွေးနွေးရန်လို

နိုင်ငံရေးဦးဆောင်မှုအကြပ်အတည်းနှင့် ခေါင်းဆောင်မှုပြဿနာမှ ရုန်းထွက်နိုင်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ-KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဖွဲ့လုံးက တာဝန်ခံသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်အရပ်ဖက်အဖွဲ့အစည်း ၆၈ ဖွဲ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တောင်းဆိုကြသည်။

အမိန့်နာခံမှသာ စစ်သားကောင်း ပီသမယ်လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ပြော

အမိန့်နာခံမှသာ စစ်သားကောင်းပီသမယ်လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်မင်း‌အောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

ပြည်သူ့ပါတီ(PP)သည် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်၊ ယုဇနတာဝါရှိ ပါတီဌာနချုပ်တွင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပနေကြသည်။

စနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေကို စလစ်စထုတ်ပေး

အွန်လိုင်းစနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ စလစ်စထုတ်ပေးနေပြီလို့ သွားရောက်ထုတ်ယူသူတွေထံက သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေ

ရခိုင်ပြည်၊ စစ်တွေမြို့သို့ရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

Thursday, February 23, 2023

တိုင်းပြည် မတည်ငြိမ်လို့ ၆လ သက်တမ်းတိုးတာလို့ နစက ဥက္ကဋ္ဌ ပြော

တိုင်းပြည် မတည်ငြိမ်လို့ အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးတာလို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံတကာရှိ မြန်မာသံရုံးအကြီးအကဲတွေ ကိုယ်တိုင် ပြည်တွင်း အခြေအနေမှန်ကို မသိကြဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးပြော

နိုင်ငံတကာရှိ မြန်မာသံရုံးအကြီးအကဲတွေကိုယ်တိုင် ပြည်တွင်းက အခြေအနေမှန်ကို မသိကြဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှာ ရခိုင်ကနေရပ်စွန့်ခွာသူ ၁သန်းကျော်ရှိတယ်ဆိုတာ ချဲ့ကားတဲ့ကိစ္စလို့ စစ်ကောင်စီပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့စ်ဘဇားဒုက္ခသည်စခန်းများမှာ ရခိုင်နေရပ်စွန့်ခွာသူ ၁ ဒသမ ၁သန်းကျော်နေထိုင်တယ်ဆိုတာ ချဲ့ကားနေကြတဲ့ကိစ္စဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုလိုက်ပါတယ်။

ပြိုင်မောင်းလုမောင်းပြီး ခရီးသည်နဲ့ဆက်ဆံရေးမပြေပြစ်တဲ့ YBSယာဉ် အစီးရေ ၈၀၀၀ကျော်ကိုအရေးယူထားတယ်လို့ YRTC ပြော

မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍကိုအဓိက တာဝန်ယူထားတဲ့ YBSယာဉ် တွေထဲမှာ ပြိုင်မောင်းလုမောင်းခြင်းနဲ့ ခရီးသည်တွေနဲ့ဆက်ဆံရေးမပြေပြစ်တဲ့ ယာဉ်အစီးရေ ၈၀၀၀ ကျော်ကို အရေးယူမှုပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီYRTC ကနေသိရပါတယ်။

ဆိုင်ကယ်လုမှုများ​နေသည့်မန္တလေးမြို့တွင် လုယက်သူ ၂ ဦးအား ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့

ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းက လူငယ် ၂ ဦးသည် မန္တလေးမြို့၊ ၃၅ လမ်း၊ ၈၇ လမ်းနှင့် ၈၉ လမ်းကြားတွင် ဆိုင်ကယ်တစ်စီးနောက်သို့လိုက်၍ လုယက်ရန်ကြံစည်နေခြင်းအား ရပ်ကွက်နေသူများကတွေ့ရှိခဲ့ကြသဖြင့် လူငယ် ၂ ဦးအား ဝိုင်းဝန်းဖမ်းဆီးလိုက်ကြကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်ရှိ မီးရှို့ခံရသည့်တံတားပြင်​နေချိန်တွင်ဖျက်ဆီးခံတံတား​ဘေး ယာယီလမ်းဖြင့်သွား၍ရ​အောင်လုပ်​နေ

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာချင်းဆက် ချောင်းကူးသစ်သားတံတားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက မီးရှို့ခဲ့ကြကြောင်း သိရသည်။

မူလတန်းကျောင်းအုပ်ဆရာမတစ်ဦး ဖမ်းဆီး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊တဂေးချောင်းဖျားကျေးရွာရှိ မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခဲ့ကြကြောင်း သိရသည်။

ဆန်တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်သာ ပြန်လဲရမည်

နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍတွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ရက်နေ့မှစတင်ကာ ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဟု သိရသည်။