Friday, November 20, 2020

ရွေးကောက်ပွဲ အောင်မြင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် သဝဏ်လွှာပေးပို့

 

ရွေးကောက်ပွဲအောင်မြင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ထံသို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။
အဆိုပါ သဝဏ်လွှာတွင် ရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ခြင်း၊ ဆန္ဒမဲပေးသူ များပြားခြင်း၊ အတိုင်ပင်ခံနှင့် NLD ပါတီကို ပြည်သူအများ၏ ယုံကြည်မှုကိုရရှိခဲ့ခြင်းတို့အပေါ် ချီးကျူးဂုဏ်ပြုစကား ဆိုသည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာအစိုးရနှင့် ပိုမိုခိုင်မာစွာ မိတ်ဖက်ဆောင်ရွက်မည်ဖြစ်ကာ ဆက်လက်ကူညီပံ့ပိုးသွားမည်ဟု ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကောင်းစွာနားလည်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ခိုင်မာသည့် အင်စတီကျူးရှင်းများနှင့် လူ့အခွင့်အရေး လေးစားလိုက်နာမှု တို့ကို အခြေခံသည့် ဒီမိုကရေစီထွန်းကားရေးအတွက် ကုလသမဂ္ဂအနေဖြင့် ခိုင်မာစွာ ထောက်ခံသွားမည်ဖြစ်ကြောင်းဖြင့်လည်း ပြောကြားသည်။
Photo Credit
The Ladies News

0 comments:

Post a Comment