
ထိုင်းနိုင်ငံမှာ
နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့ ၅ ရက်ကြာ ဈာပန အခမ်းအနား အဓိက နေ့ရက်
ရောက်ရှိ လာပြီ ဖြစ်လို့ ပူဆွေး ဝမ်းနည်း နေတဲ့ ထိုင်းပြည်သူ အများ
ဘန်ကောက်မြို့တော်မှာ စုဝေး နေကြပါတယ်။
အရိုးပြာ
ထည့်မယ့် အိုးကို သယ်သွားတော့မယ်
ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်၊ ကြာသပတေးနေ့ မှာ ဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်အလောင်းကို
မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
နိုင်ငံတဝန်း ရုံးပိတ်ရက် ကြေညာ ထားပြီး၊ ရှိသမျှ ဈေးတွေ ဆိုင်တွေ အများစုလည်း
ပိတ်ထားကြပါတယ်။
...