Thursday, July 28, 2022

သေဒဏ်ပေးသည့်အပေါ် ထောက်ခံပွဲ ဘူးလက်လှဆွေ ဦးဆောင်ပြုလုပ် (ဓာတ်ပုံ)

 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကန့်ကွက်ရှုတ်ချပြီး သေဒဏ်ပေးတဲ့အပေါ် ထောက်ခံတဲ့ပွဲကို ဒီကနေ့ မနက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေမှာ ဘူးလက်လှဆွေကဦးဆောင်ပြီး လူအင်အားရာနဲ့ချီ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဒဏ်ချတဲ့အပေါ် ထောက်ခံခြင်းကို ဘူးလက်လှဆွေအပါအဝင် အမျိုးသားရေးသမားတွေက အလှည့်ကျဟောပြောမယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

လက်တလောမှာတော့ ဆူးလေဘုရားအနီးတဝိုက်က လမ်းတွေကို ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်တွေနဲ့ ရဲအင်အား ၁၀၀ ကျော် လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။ 







DVB

0 comments:

Post a Comment