Tuesday, March 7, 2023

ထိုင်းအစိုးရအဖွဲ့ နောက်ဆုံးအစည်းအဝေးကျင်းပပြီးချိန်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

လာမယ့်သီတင်းပတ်အတွင်း အစိုးရအဖွဲ့ အစည်းအဝေးကျင်းပပြီးချိန်မှာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းသွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီး ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လာမယ့် သီတင်းပတ်အတွင်းပြုလုပ်မယ့်အစည်းအဝေးဟာ လက်ရှိအစိုးရက နောက်ဆုံးကျင်းပတဲ့ အစည်းအဝေး ဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်က "အစိုးရအဖွဲ့အစည်းအဝေး ကျင်းပပြီးချိန်မှာ လွှတ်တော် ကို ဖျက်သိမ်းမှာပါ။ ဒီကြားထဲမှာ လုပ်ဆောင်စရာကိစ္စတွေ ရှိနေသေးတယ်။ ပြည်သူတွေဟာ အခက်အခဲတွေ တွေ့ကြုံနေရဆဲဖြစ်သလို အစိုးရဟာ ပြဿနာတွေကိုဖြေရှင်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်" လို့ပြောပါတယ်။
လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ထိုင်း ရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့်မေလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ် က "လွှတ်တော်ကို ဖျက်သိမ်းဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် ဘယ်ရက်မှာ အပြီးဖျက်သိမ်းမယ်ဆိုတာကို ကြိုမပြောလိုသေးဘူး လွှတ်တော်ဖျက်သိမ်းရေးနဲ့ပတ်သက် ပြီး ညွှန်ပေါင်းအစိုးရအဖွဲ့အတွင်းက ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ညွှန်ပေါင်းအစိုးရအဖွဲ့ အတွင်းမှာ ပါဝင်တဲ့ ပါတီခေါင်းဆောင်တွေကလည်း လွှတ်တော်ဖျက်သိမ်းမှာကို သဘောတူညီမှုရှိကြပါတယ်" လို့ ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ဒီသီတင်းပတ်အတွင်းမှာ အရေးတကြီး လုပ်ဆောင်စရာကိစ္စ ၄ဝ ကျော်ရှိနေဆဲဖြစ်ကြောင်း၊ ပြည်သူတွေ အကျိုးအတွက် ဘတ်ဂျက်အားလုံးကို အတည်ပြု ခွင့်ပြုသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် က ပြောပါတယ်။

NP News

0 comments:

Post a Comment