Tuesday, March 7, 2023

စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ယနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို

စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာစာဘာသာရပ်ကို ယနေ့(မတ်လ ၈ ရက်) တွင် စတင်ဖြေဆိုနေပြီဖြစ်သည်။
၎င်းတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှစတင်ကာ မတ်လ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုချိန်သည် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူ (၁၇၉၇၄၂)ဦးသည် ယခု တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုရန်အတွက် လျှောက်လွှာများတင်သွင်းခဲ့ကြောင်း နစကဘက်က အသိပေးပြောဆိုထားသည်။
“အခုဟာက စနစ်ဟောင်းနဲ့ နောက်ဆုံးအကြိမ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲပါ။ ပြီးခဲ့တဲ့နှစ်မှာ အ ကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စာမဖြေလိုက်ရတဲ့ကျောင်းသား၊ စာမေးပွဲကျခဲ့တဲ့ ကျောင်းသားတွေအတွက် ပြုလုပ်ပေးတဲ့ နောက်ဆုံး အကြိမ်စာမေးပွဲလည်း ဖြစ်ပါတယ်။ စာကို သေချာလေ့လာစေချင်ပါတယ်။ အရမ်းအရေးကြီးပါတယ်။ ဒါက အဲဒီကျောင်းသားတွေအတွက် နောက်ဆုံးအကြိမ်မိုလို့ပါ။ စာကို ကြိုးစားဖြေကြပါ” ဟု အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးက မှတ်ချက်ပြုပြောဆိုထား သည်။
ယခုကျင်းပလျက်ရှိသည့် စာမေးပွဲသည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခွင့်မရခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက်ဆုံးအကြိမ် ကျင်းပသည့် စာမေးပွဲတစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

NP News

0 comments:

Post a Comment