Tuesday, March 7, 2023

နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) လျှောက်ထား

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကနေ လာရောက်လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီရဲ့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ မတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။
ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့် (၅) ပါတီနဲ့ တိုင်းဒေသကြီး(သို့) ပြည်နယ်တစ်ခုတွင်းသာ စည်းရုံမယ့် ပါတီ (၁၂) ပါတီဖြစ်ပြီး အဲဒီအထဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ ပါဝင်ခဲ့တာဖြစ်ပြီးတော့ အဲဒီပါတီတွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ရရှိရေး စိစစ်ဆောင်ရွက်နေတယ်လို့ ဖော်ပြပါရှိပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး KSPP ပါတီထံ မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်နေပေမဲ့ အခုအချိန်ထိတော့ အဆက်အသွယ်မရသေးပါဘူး။
ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ ကချင်ပြည်နယ်အတွင်းက ပါတီ ၃ ခု စုပေါင်းထားတဲ့ ပါတီတစ်ခုဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဦးဆုံးအကြိမ် ကချင်ပြနယ်အတွင်း မြို့နယ်နယ် ၁၈ မြို့နယ်က ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၅ နေရာ၊ ဗမာနဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေ အပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၆၇ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ မဲဆန္ဒနယ် ၃ ခုမှာ ကိုယ်စားလှယ်လောင်း ၄ ဦး အနိုင်ရခဲ့ပါတယ်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)မှာ ပူးပေါင်းထားတဲ့ ကချင်နိုင်ငံရေးပါတီတွေကတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ)တို့ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တရားဝင် ပါတီတည်ထောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ရဲ့ ဒုတိယအကြိမ်ညီလာခံကအခုနှစ် ဖော်ဖော်ဝါရီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပခဲ့ပြီးတဲ့နောက် အခုလို ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာကို တွေ့ရတာ ဖြစ်ပါတယ်။


Myitkyina News Journal

0 comments:

Post a Comment