Friday, October 4, 2019

ဝက်လက်တွင် ကြက်သွန်စိုက်အလုပ်သမားတစု မိုးကြိုးပစ်ခံရပြီး ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

Image may contain: sky, tree, plant, outdoor and natureImage may contain: one or more people, people sitting and indoor
အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ၊ ကွင်းအမှတ် (၃၁၄၅) တွင် ကြက်သွန်စိုက် အလုပ်သမားများ မိုးကြိုးပစ်ခံရပြီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်းသိရှိရသည်။

Thursday, October 3, 2019

မင်းတုန်းမင်းကြီး နတ်ပြည်စံသက် ၁၄၁နှစ်ပြည့် ဆွမ်းကပ်လှူဒါန်းပွဲကျင်းပ

Image may contain: 1 person, outdoor
ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီအချိန်တွင် ရတနာပုံ မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက် ၁၄၁နှစ်ပြည့် မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွေတော်မျိုးတော်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မန္တလေး နန်းမြို့တွင်း မြနန်းစံကျော် ရွှေနန်းတော် အရှေ့စမုခ်ဆောင်တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်အတွင်း ခိုးမှုကျူးလွန်ခဲ့သူ (၁)ဦးအား ဖမ်းဆီးရမိ

Image may contain: one or more people, people standing and text

အမှုမှာ တရားလို ဦး--- သည် ပန်းဘဲတန်းမြို့နယ်၊ (၂၉)လမ်း နှင့် လမ်း(၃၀)ကြားတွင် 'Fast Call' အမည်ဖြင့် ဖုန်းဆိုင်ဖွင့်လှစ်ထားရှိကြောင်း၊ ၂၈.၈.၂၀၁၈ ရက်နေ့ ၀၉၂၀ အချိန်တွင် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်အတွင်း သော့ဖွင့်၍ဝင်ရောက်ခဲ့ရာ စားပွဲအံဆွဲမှာ ပွင့်နေပြီး အံဆွဲအတွင်းရှိ ငွေကျပ်(၂၀၄၀၀၀၀) ၊ လက်ကိုင်ဖုန်းအဟောင်း (၆)လုံး၊ Laptop အဟောင်း(၁)လုံး၊ စုစုပေါင်းတန်ဖိုးငွေ (၄၆၀၀၀၀၀)ကျပ်ခန့် ပျောက်ဆုံးနေသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ပါသည်။

AA နှင့်ဆက်စပ်သဖြင့် ဖမ်းဆီးခံရသူအောင်မြတ်ကျော်အပါအဝင်ရှစ်ဦးအမှုတွင် တရားလို ရဲမှူးတင့်ရွှေအား စတင်စစ်ဆေး

Image may contain: one or more people, tree and outdoor
အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူ အောင်မြတ်ကျော်အပါအဝင်ရှစ်ဦးအမှုကို ရုံးထုတ်ခဲ့ပြီး ၎င်းအမှုမှ တရားလိုရဲမှူး တင့်ရွှေအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးစနစ်ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် စွမ်းရည်အထိရှိနေပြီဖြစ်ပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်မှုစနစ်သည် နိုင်ငံတော်၏ဘဏ္ဍာငွေကို ချွေတာရာရောက်ဟု တပ်မတော်မှ ပြောကြား

နိုင်ငံတကာ တပ်မတော်များ၏ စွမ်းရည်များအပေါ် လေ့လာသည့် Global Fire Power (GFP) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ မြန်မာ့တပ်မတော် စွမ်းရည်သည် ၂၀၁၈ ခုနှစ်ကထက် အဆင့်နှစ်ဆင့် လျော့ကျခဲ့သည်ဟူသော ဖော်ပြချက်နှင့်ပတ်သက်၍ တပ်မတော်တွင် လက်နက်ကြီးစနစ် ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် စွမ်းရည်အထိရှိနေပြီဖြစ်ပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်မှုစနစ်သည် နိုင်ငံတော်၏ ဘဏ္ဍာငွေကို ချွေတာရာရောက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Project Bankထဲမှ ဒလမြို့သစ်စီမံကိန်း၊ မိုးပျံအမြန်လမ်းစီမံကိန်းအပါအဝင် စီမံကိန်း ၁၄၇ ခုအားလွှတ် တော်သို့တင်ပြထားခြင်း မရှိ

Image may contain: sky, grass, tree and outdoor
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ Project Bank ထဲတွင် ထည့်သွင်းထားသည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းများအပါအဝင်စီမံကိန်း ၁၄၇ ခုမှာ လွှတ်တော်သို့ တင်ပြဆောင်ရွက်ခြင်းမရှိသည့်အတွက် လွှတ်တော်ကမှတ်တမ်းအဖြစ်သာ ထားရှိလိုက်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို YMBA အသင်းမှ ဂုဏ်ထူးဆောင်ဘွဲ့ပေးမည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်သွားမယ်လို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။

ပါကစ္စတန်အစိုးရနှင့် တာလီဘန်များမှ အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်စနိုင်ရန် တောင်းဆို

Image may contain: 1 person, sitting, table and indoor
အောက်တိုဘာလ ၃ ရက်နေ့တွင် အမေရိကန်နှင့် တာလီဘန်များ၏ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် လိုအပ်ဟု ပါကစ္စတန်အစိုးရနှင့် အာဖဂန်တာလီဘန်များက ပြောကြားထားသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

No photo description available.
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂ ရက် ည ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် သတင်းအရ နယ်စပ်ခြံစည်းရိုး ကင်းပတ်လမ်းအတိုင်း မြောက်မှတောင်သို့ လမ်းလျှောက်လာသော မသင်္ကာဖွယ် လူသုံးဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်း မရှိဘဲ ၎င်းတို့နှင့်အတူပါလာသည့် အနက်ရောင်ကြွပ်ကြွပ်အိတ် တစ်ထုပ်အား ပစ်ချထွက်ပြေး သွားခဲ့သည်။ အဆိုပါ ကြွပ်ကြွပ်အိတ်အား စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၈၅ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၇ဝဝ) အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် မနက်ဖြန် ဂျပန်နိုင်ငံကို သွားမည်

Image may contain: 1 person, textImage may contain: 4 people, people standing
ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်

Image may contain: 6 people, people smiling, people sitting and textNo photo description available.
နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောက်တိုဘာ ၃ ရက်ကပြုလုပ်ခဲ့သော ထားဝယ်အထူး စီးပွားရေးဇုန် ကနဦးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၉)ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ (JCC) ဝန်ကြီးအဆင့် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အောင်အောင်မြင်မြင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းသည် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိမည့် ကဏ္ဍဖြစ်မည်ဟု ထိုင်းနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးMr. Saksayam Chidchob က ကတိပြု ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသောမြင်ကွင်းများကြောင့် ဖန်ငတရုတ်ရိုးရာ သတ်သတ်လွှတ်စားပွဲတော်ဝေဖန်ခံနေရ

Image may contain: one or more people, crowd and outdoorImage may contain: 16 people, people smiling, crowd, shoes and outdoor
စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် ဖန်င တရုတ်လူမျိုးအများအပြားနေထိုင်သောဒေသများတွင် တရုတ်ရိုးရာ သတ်သတ်လွှတ်စားပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

ဆန္ဒပြပွဲများ အရှိန်မြင့်လာသောကြောင့် အီကွေဒေါတွင် အရေးပေါ်အခြေအနေ ကြေညာ

Image may contain: 4 people, people standing and outdoor
အီကွေဒေါ နိုင်ငံတွင်လက်တလော ဖြစ်ပွားနေသော ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာမှုကြောင့်အီကွေဒေါနိုင်ငံတွင် သမ္မတ လီနင်မိုရီနိုက အောက်တိုဘာလ ၃ ရက်နေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်းသိရသည်။

စီမံကိန်းကာလ ၃ နှစ်နဲ့ ၅ လကြာမြင့်မည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း စတင်

Image may contain: sky, cloud, tree, plant, outdoor and natureImage may contain: one or more people, sky, outdoor, nature and water
ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အပိုင်း(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ မီးရထားလမ်း ပိုင်းအဆင့်မြှင့်တင်မှုကို ဒွေးလမ်းမှ ဧကလမ်းစနစ်ကိုကျင့်သုံးကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် အဘွားအိုအား တိုက်မိသည့် လိုက်ထရပ်ကား အနီးရှိ ဓမ္မာရုံပါ ထပ်တိုက်၊ အဘွားအို သေဆုံး

No photo description available.No photo description available.
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ် ၈ရပ်ကွက် ဧရာဝန်လမ်း နှင့် နဝရတ်လမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁နာရီ ၄၂ မိနစ်အချိန် လမ်းလျှောက်လာသူ အဖွားအိုအား လိုက်ထရပ် ကားတစီးမှတိုက်မိပြီး အဆိုပါကားမှာအနီးရှိ ရပ်ကွက်ဓမာရုံ ကိုထပ်မံတိုက်မိ အခင်းဖြစ်နေရာသို့ လူမှူ့ကူညီကယ်ဆယ်ရေး(ရန်ကုန်)YROမှ အကြင်နာကုသိုလ်ပြုအသင်းလူနာတင်ယာဉ်နှင့် မအူကုန်းလမ်းကျယ်အသင်းလူနာတင်ယာဉ်တို့ရောက်ရှိကူညီပြီး လူနာမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့မအူကုန်းလမ်းကျယ်အသင်းနိဗာန် ယာဉ်ဖြင့်ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ်၊ ဒေါ့ပဲကျေးရွာတွင် အစိုးရ၏ ဆိုလာပစ္စည်းထောက်ပံ့ရေးအစီအစဉ်တွင် မပါဝင်သောကြောင့် ကျောင်းသား/သူများ ခက်ခဲမှုများရှိနေ

Image may contain: sky, tree, cloud, plant, outdoor and natureImage may contain: one or more people

ကျောင်းသားကျောင်းသူများသည် စာလေ့လာရာတွင် အခက်အခဲများရှိနေပြီး လျှပ်စစ်မီးများမရရှိသောကြောင့် ဖယောင်းတိုင်မီးများကိုသာ အသုံးပြု၍ စာပေများကို လေ့လာနေရကြောင်း သတင်းရရှိသည်။

တမူးမြို့ စော်ဘွား(၆)ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

No photo description available.
စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့ စော်ဘွား(၆)ရပ်ကွက် မြေနီကုန်းလမ်း ပွတ်သာတိုက် ဒေါ်ခင်သန်း (ကသဲလူမျိုး ) ၏ နေအိမ်တွင် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းရရှိသည်။