
အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို အများပြည်သူ အလွယ်တကူ ၀င်ထွက်လေ့လာ ဖတ်ရှု့နိုင်ရန် လက်ရှိ ရန်ကင်း ကမ္ဘာအေးဘုရားလမ်းမကြီး၊ သီရိမင်္ဂလာရိပ်သာ လမ်း၊ အမှတ် ၈၅ (က) နေရာမှ မြို့လယ် ကုန်သည်လမ်း အမှတ် ၆၀၄/ ၆၀၈ (ယခင်ရေနံရုံး- MOGE) အဆောက်အအုံ သို့ ပြောင်းရွေ့ ဖွင့် လှစ်တော့မည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက်မှူးဖြစ်ခဲ့သည့် ဆရာကြီး ဦးသော်ကောင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ရန်ကုန် အမျိုးသား စာကြည့်တိုက် အခြေအနေနှင့် ပတ်သက်၍ မေလ ၁၂ရက်နေ့ က စာ တစောင်ပေးပို့ခဲ့ရာ လက်ရှိ အမျိုးသားစာကြည်တိုက်သည် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ကြေးတိုင် နှင့် မြေစာရင်းရုံး၏ အနောက်ဖက် လမ်းကြားလေးအတွင်း ချောင်ထိုးထားခြင်းခံရကြောင်း၊ ထို့အတွက် မြို့လယ်သို့ ပြန်ပို့ရန်လိုကြောင်း၊ ယခင်ဂျူဗလီဟော၊ မြို့တော်ခန်းမ နှင့် ၆ထပ်ရုံးတွင် ထားရှိစဉ်က လူသုံးများခဲ့သော်လည်း နောက်ပိုင်းတွင် လူမသိသူမသိနေရာတွင် ဖြစ်ခဲ့ကြောင်း၊ အရင်အစိုးရလက် ထက်က မြို့လယ်အဆောက်အအုံဟောင်းတခု၌ ဖွင့်လှစ်ခွင့်ပြုရန် တင်ပြဖူးသော်လည်း မရရှိခဲ့ ကြောင်း၊ သမ္မတ ဦးထင်ကျော် အစိုးရ အနေဖြင့် ပြည်သူလူထုအတွက် ရန်ကုန်မြို့လယ်ရှိ အဆောက် အအုံဟောင်းတခုကို စီစဉ်ပေးပါရန် မေတ္တာရပ်ခံ ခဲ့သည်ဟု အစိုးရသတင်းကဆိုသည်။

ထို့ကြောင့် ယမန်နေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတ အိမ်တော်၌ သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာ ဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီး ဦးဖေဇင် ထွန်း၊ ဆောက် လုပ်ရေး ၀န်ကြီးဦးဝင်းခိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ အနုပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ နိုင်ငံတော်သမ္မတရုံး ခေတ္တ ညွန်ကြားရေး မှူးချုပ် ဦးဝင်းကျော်အောင်နှင့် သမ္မတဦးစီးရုံးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးခင်လတ်တို့ တွေ့ဆုံကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စာအုပ်စာတမ်းပေါင်း ၁၇၂၅၅၆၊ စာနယ်ဇင်း စုစုပေါင်း ၄၃၅၅၈၀ ကျော်၊ ပေပုရပိုက် ၁၂၃၂၃၊ လက်ရေးစာ ၃၄၅၊ ရှားပါးစာစု ၂၅၄၆၈ နှင့် အခြားစာစုများကို စုဆောင်းထားရှိပြီး ပြည်သူများအား စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စသည့် ပညာရပ်ဆိုင်ရာ အကြောင်း အရာ၊ အချက်အလက်များအတွက် ၀န်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်ပေး လျက်ရှိသည်ဆို သော်လည်း လာရောက်ရှာဖွေ ဖတ်ရှု့သူ နည်းပါးသည်။
နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များတွင်သာ လာရောက်သူတချို့ရှိပြီး၊ ပုံမှန်လာရောက်ရှာဖွေသူများမှာ စာအုပ်ထုတ်ဝေရေးသမားများသာဖြစ်ပြီး သူတို့အနေဖြင့်တချို့ စာအုပ်များကို ပြန်လုပ်ထုတ်ဝေရန် အတွက် အချက်အလက်များ လာရောက်ရှာဖွေခြင်းသာဖြစ်သည်။

ယခုခေတ်ကာလ စာဖတ်သူများ နည်းပါးကျဆင်းလာချိန်တွင် အမျိုးသားစာကြည့်တိုက်မှာလည်း လူမသိ သူမသိအရပ်တွင် ရောက်နေ၏၊ စာကြည့်တိုက်အတွက် ချထားပေးသည့် ဘတ်ဂျက်မှာလည်း တနှစ်လျှင် သိန်း ၁၀၀ခန့်သာရှိရာ ပြည်တွင်းစာပေထုတ်ဝေသူများ၏ လှူဒါန်းသည့် စာအုပ်များကိုသာ အားထားနေရသည်သိရသည်။
၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ဘားနဒ်အခလွတ်စာကြည့် တိုက်ကို လွှဲပြောင်းလက်ခံ ခဲ့ပြီး ၁၉၅၂ ခုနှစ် ဇွန် ၁ ရက်တွင် နိုင်ငံတော် စာကြည့် တိုက် အမည်ဖြင့် ရန်ကုန်မြို့ ဂျူဗလီဟောတွင် စတင်ဖွင့် လှစ်ခဲ့သည်။ ထို့နောက် အမျိုးသား စာကြည့်တိုက်ဟု အမည်ပြောင်းလဲခဲ့ပြီး ပန်းဆိုးတန်း လမ်းရှိ အဆောက် အအုံ၊ ရန်ကုန် မြို့တော်ခန်းမ၊ ကမ်းနားလမ်းခြောက် ထပ်ရုံး၊ တာမွေမြို့နယ် အရှေ့ မြင်းပြိုင် ကွင်းလမ်း နှင့် လေးဒေါင့်ကန်လမ်းရှိ အဆောက်အအုံများ သို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့သည်။
ယခုအမျိုးသားစာကြည့်တိုက် ဖွင့်လှစ်မည့် အဆောက်အအုံမှာ နှစ်ပေါင်း ၁၀၈နှစ်သက်တမ်းရှိ ကိုလိုနီ ခေတ်လက်ရာ အဆောက်အအုံဖြစ်ပြီး BOC ကုမ္ပဏီ၏ ရုံးချုပ်ကြီးဖြစ်ပြီး၊ ၁၉၀၈ ခုနှစ်က ရော်ဘင် ဆင်နှင့် မန်ဒီတို့က ဒီဇိုင်းနှင့် ဆောက်လုပ်ရေးပိုင်း တာဝန်ယူလုပ်ဆောင် ခဲ့ပြီး၊ မူလက ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းလုပ်ကိုင်သည့် Fleming and companyအတွက် အသုံးပြုရန်ဖြစ်သည်။ ယင်းကုမ္ပဏီသည် ဖိနပ်များ၊ အိမ်သုတ်ဆေးများ၊ အဖျော်ယမကာများကို လည်းပြန်လည်ဖြန့်ဖြူးရောင်းချ သည် ကုမ္ပဏီလည်းဖြစ်သည်။
နောက်ပိုင်း ဘီအိုစီ(Burma Oil Company) ရုံးစိုက်ခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံပုံစံမှာ ခေါင်မြင့် ခန်းမကျယ်များဖြင့် အပေါ်ထပ် များကို လေဝင်လေထွက် ကောင်းမွန်စေရန်၊ ရာသီဥတုဒဏ်ခံနိုင်ရန် တည်ဆောက်ထားသည်။ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ဘေးဒဏ်သင့်ခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီက အစိုးရ ကို ပြန်လည်ရောင်းချခဲ့ရာ ၂၀၀၅ခုနှစ်အထိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ရုံးစိုက်ခဲ့သည်။
ဧရာဝတီ
 






 
 
 
 
 
0 comments:
Post a Comment