Thursday, July 28, 2016

လမ်းဘေးဈေးသည်အရေး

Road Side

အတိုင်း လူအများ သိ ထားကြပါသည်။ မိမိတို့ တိုင်းပြည်က ဆင်းရဲတွင်းနက်ခဲ့ သည်။ နက်နေသေးသည်။ သို့ သော်လည်း ကံကောင်းတော့မလား မဆိုနိုင်။ ထိုတွင်းမှတက်မည်ဟု ကြုံးဝါးသော အသံများကြားစ ပြု လာသည်။ မျှော်လင့်ချက်ရောင်ခြည် လေးပျပျ မြင်ရပြီ။ စနစ်ဟောင်း များကို စပြောင်းနေပြီ။ မူတွေ ပြောင်းနေပြီ။ လူတွေလည်းပြောင်း နေပြီ။ မိမိတို့အားလုံး၏ ယခင်စိတ် ဓာတ်ဟောင်းများကို ပြောင်းပစ် လိုက်ဖို့သာ ကျန်တော့သည်။ တကယ်တော့ မိမိတို့သိတတ် စအရွယ်က တိုင်းပြည်စီးပွားရေးကျ သည်မှာ ယခု လောက်မဆိုးသေး။ ဆန်စပါးကိုနိုင်ငံခြားပို့ရာ၌ ရှေ့ တန်းမှာရှိသည်။

ရွှေကျီးနိုင်လွန်လို မျိုး၊ အစားအသောက်ဘူးများလို မျိုး ပို့ကုန်များကို နိုင်ငံခြားသို့ စမ်း သပ်ပို့ကြည့်ကာ စီးပွားရေးတက် ရိပ်ပြနေစဉ် မမျှော်လင့်ဘဲဗြုန်းကနဲ ”မြန်မာ့ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေးအောင်ရမည်”ဟုြေ<ွကးကြော်သံဖြင့် ခေတ်စနစ်များ ကို ပြောင်းတော့သည်။ ‘ပြောင်း ပြောင်း’ ဟု အတင်းအဓမ္မပြောင်းခိုင်း ၍လား။ မိမိတို့ကို ‘အော် အော်’ ဟု အတင်ြးေ<ွကးကျော်ခိုင်း၍လား မသိ။ မိမိတို့၏ အဓိဋ္ဌာန်ကိုမဆိုဖြစ် လိုက်ဘဲ စာအုပ်ထဲတွင် သူ့အတိုင်း ပုံမပျက် ကျန်ရစ်ခဲ့သည်။ ယင်း အဓိဋ္ဌာန်ကို မချလိုက်ရသဖြင့် အချိန်တွေသာ ကုန်သွားသည်။ ရည်မှန်းထားသည်အတိုင်း မဖြစ်ခဲ့ ဘူး” ဟု သံသယရှိမိသည်။
စီးပွားရေးက ကျဆင်းလိုက် သည်မှာ အောက်ဆုံးသို့ ဒုံဒုံးထိ အောင် ရောက်သွားတော့သည်။ မည်သို့ပင် ကြုံဆုံခဲ့သည်ဖြစ်စေ မြန်မာပီပီ ကံတရားအပေါ်သာပုံချ လိုက်လျှင် ပြီးပြတ်သွားသည်။ သို့ သော်လည်း ကျန်ရစ်နေသည်က လမ်းဘေးဈေးသည်ကိစ္စဖြစ်သည်။ အမှန်စင်စစ်လမ်းဘေး ဈေးသည် များက ကားလမ်းဘေးဈေးရောင်း ကြခြင်းမှာ အဆန်တကျယ်မဟုတ်။ နိုင်ငံတကာမြို့ကြီးများတွင် တွေ့ ကြုံနေကျ ကိစ္စသာဖြစ်၏။ အထူး သဖြင့် ဆင်းရဲသောတိုင်းပြည်များ တွင် ပုံမှန်တွေ့နေကျဖြစ်၏။ ပြဿနာဟု ပြောလျှင်ပင် နည်းနည်းပိုသွားမလား မဆိုနိုင်။ အကြောင်းရင်းကား အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာသည်။ လယ်ယာမြေများ ပြုန်းတီးကုန် သည်။ မွေးမြူရေးလုပ်ကြည့်တော့ လည်း အဆင်မပြေ ကြ။ အဓိက အချက်မှာ ဆင်းရဲတွင်းနက်သည် ထက် နက်လာခြင်းပင်တည်း။ဆင်းရဲတွင်း နက်လေလေ။ တော နှင့်မြို့ စီးပွားရေး ကွာဟချက် ကျယ် လာလေလေ ဖြစ်လာ၏။
နောက်ဆက်တွဲ အကြောင်း မှာ တောရွာမှ လူငယ်လူရွယ်များ အားလုံးလိုလို မြို့ပေါ်တက်၍ အ လုပ်ရှာကြခြင်း သို့မဟုတ် တိုင်း တစ်ပါးသို့ သွားရောက်မှီတွယ်ကာ ရရာ အလုပ်လုပ်ကြခြင်းပင် ဖြစ် ၏။ ရန်ကုန်မြို့တော်ကြီးတွင်လည်း ယင်းနည်းလမ်းဖြင့် လူဦးရေ တိုး ပွားလာကာ လမ်းဘေး၌ အရောင်း အဝယ်ပြုလုပ်သူများလာ၏။ ယင်း အလုပ်လုပ်နိုင်ရန်လည်း လွယ်ကူ လှသည် မထင်နှင့်။ အနော်ရထာ လမ်းလို လူစည်ကားရာလမ်းနေရာ များတွင် ပေ ၂ဝ၊ ၃ ပေ မရှိ တရှိ မြေတစ်ကွက်ငှား၍ ဈေးရောင်းလို လျှင် တစ်လအတွက် ငွေကျပ် သုံး လေးသိန်းပေါက်သည်ဟု ကြားရ ၏။ ဟုတ်မဟုတ်တော့ ဂဃနဏ သိဖို့မလွယ်။ အမှန်တော့ မြေက စည်ပင်မြေ။ အတိအကျဆိုလျှင် ပလက်ဖောင်းမြေ။ မြို့တော်နေ ပြည်သူအားလုံးဆိုင်သော မြေ။ ပြောစရာတစ်ခုရှိနေသည်ကား ယင်းဈေးသည် တည်ခင်းရောင်းချ သောနေရာ၏ အနောက်ဘက်ရှိ အိမ်ခန်းမှာ အနှောင့်အယှက်မူဖြစ် နိုင်သည်။ အနှောင့်အယှက်ဖြစ်ခ ပေးရသော သဘောလားမသိ။ လမ်းသွား လမ်းလာသူများကတော့ ပလက်ဖောင်းပေါ် လမ်းလျှောက် ၍ မဖြစ်တော့။ ကားလမ်းပေါ်သို့ ဆင်းလျှောက်ရသည်။ ဤသို့ဖြင့် ယာဉ်ကြောကျပ်နေသော ဒုက္ခကို အများတကာက ခံစားရပြန်၏။
အရှုပ်ကို မရှင်းနိုင်လျှင် ထပ် ထပ်ရှုပ်လိမ့်မည် ဆိုခြင်းကို သတိ ထားဖွယ်ဖြစ်သည်။ လမ်းဘေးဈေး သည်အဖြစ် လုပ်ကိုင်စားသောက် ရသည်ကလည်း ခက်ခဲလှသည်။ နေပူပူ။ မိုးရွာရွာ။ စည်းကမ်းထိန်း သူတွေလာလာ။ ရှောင်တန်ရှောင်။ ရှားတန်ရှား။ ပြေးစရာ မြေရှိတတ် သမျှပြေး။ တော်ရုံတန်ရုံသူတွေ လုပ်ဆောင်နိုင်သည် မဟုတ်။ သူ တို့တွင်မူယင်းသို့လုပ်ဆောင်ရန် နည်းလမ်းအမျိုးမျိုးရှိကြသည်။ ဘဝပေး အသိပညာရှိကြသည်။ လျှော့တွက်၍မရ။ ကျွေးသင့်သူကို ကျွေးကြ၏။ ပေးရမည့်သူဆိုလျှင် လည်းလက်မနှေး။ ပေါင်းထားရ မည့် သူဆိုလျှင်လည်း အစစအရာ ရာ အဆင်ပြေအောင် ဆောင်ရွက် ပေးမည်။ အရေးကြီးသော အချက် မှာသူတို့ အနှောင့်အယှက်ကင်း ကင်းနှင့် လမ်းဘေး၌ ဈေးရောင်းချ ရဖို့သာဖြစ်သည်။ ဈေးရောင်းချပုံ များကလည်း အမျိုးမျိုး။ နေရာ ကောင်းတစ်နေရာရာတွင် အခြေ ချ ရောင်းချသူများလည်း ရှိ၏။ လူစည်းကားသည့် ရပ်ကွက်များသို့ လှည့်လည် ရောင်းချသူများလည်း ရှိ၏။ ယင်းသို့ကွဲပြားခြားနားသော လုပ်ငန်းမျိုးဖြစ်သဖြင့် ဥပဒေစည်း မျဉ်းအမျိုးမျိုးဖြင့် ထိန်းချုပ်နေကြ သော်လည်း မနိုင်မနင်းဖြစ်ရသည်။
ထိုသို့ ဈေးရောင်းချခြင်းများ သည် အင်္ဂလန်နိုင်ငံတွင် ၁၉ ရာစု ကတည်းက ရှေ့တန်းရောက်လာ သည်ဆို၏။ မည်သို့ပင်ဖြစ်စေ လမ်ဘေး ဈေးဆိုင်များသည် မြို့တော်အသီးသီး၏  အစိတ်အပိုင်းတစ်ပိုင်း ဟု အဓိပ္ပာယ်ကောက်ယူပါကငြင်း ဆိုဖွယ်မရှိချေ။ အိန္ဒိယနိုင်ငံတွင်တစ်တိုင်းပြည်လုံး၌ လမ်းဘေးဈေး သည် ၁ဝ သန်းမျှ ရှိသည်ဟု ခန့် မှန်းကြ၏။ မွန်ဘိုင်းတစ်မြို့တည်း တွင် ဈေးသည် ၂၅ဝဝဝဝ မျှရှိ သည်။ နယူးဒေလီတွင် ၂ဝဝဝဝဝ။  ကလကတ္တားတွင် ၁၅ဝဝဝဝ ကျော် ရှိသည်ဟု မှတ်တမ်းရှိ၏။ သူတို့သည်တစ်နေ့တွင် ၁ဝ နာရီမှ ၁၂ နာရီအထိ နေပူပူမိုးရွာရွာ အစိုခံ အခြောက်ခံကာ ဈေးရောင်းကြရ ရှာသည်။ အချို့မြို့တော်များ၌ လုပ်ငန်းလိုင်စင် ချပေးသည့်စနစ် ရှိကြသည်။ ထို့ကြောင့် လမ်းဘေးဈေး သည်များ အမျိုးသားအစည်းအရုံး National Association of Street Vendors of India (NASVI) ဟူ၍ပင် အသင်းအဖွဲ့ စုစည်းထား သည်တဲ့။ သူတို့နှင့်သက်ဆိုင်သော   ဥပဒေမူကြမ်းသည် အောက်လွှတ် တော်တိုင် အောင်ရောက်၏။
လက်တင်အမေရိကနှင့် ကာ ရစ်ဘီယံဒေသမှာတောင် လမ်း ဘေး ဈေးရောင်းချသူများကို အမည် အမျိုးမျိုးနှင့် ခေါ်ကြသည်။ စည်း မျဉ်းစည်းကမ်းများလည်း ရေးဆွဲ ထားသည်။ လုပ်ငန်းလိုင်စင် သဘောဖြင့် အခကြေးငွေ ကောက် သောနေရာများ လည်းရှိ၏။ မူရင်း ကုန်သည်များနှင့် အငြင်းပွားစရာ များလည်း တွေ့ကြရ၏။ အချို့ ဈေးရောင်းသူများမှတရားမဝင် ရောင်းဝယ်ရသူများဖြစ်၍ လာဘ် ပေးရခြင်းနှင့်မကင်း။ သူခိုးသူဝှက် ဒဏ်လည်းခံ ကြရ၏။ နိုင်ငံခြား ခရီးသည်များနှင့် တရားဝင်ဈေး ဆိုင်များပျံ့နှံ့ လွှမ်းမိုးလာသည့်အခါ သူတို့ကို အကြမ်းဖက်သမားများ ပြုစုပျိုးထောင်ရာ အခြေခံအဖြစ် အထင်ခံရပြန်သည်။ ထို့ပြင်လူကုန် ကူးသူများ၏ သားကောင်လည်း ဖြစ်ကုန်ကြသည်လည်းရှိ၏။ သူတို့ အရေအတွက်ကလည်းမနည်း။
ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူနှင့် မလေးရှား စသောနိုင်ငံများတွင်မူ နေရာ အတည်တကျ သတ်မှတ်ပေးထား သည်။ စင်ကာပူကမူ စနစ်အကျန ဆုံးဖြစ်မည်ထင်၏။ ညနက်ပိုင်း ဈေးရောင်းပြီးလျှင် ကိုယ်ရောင်းချ သည့်ပစ္စည်းနှင့် အမှိုက်သရိုက်က အစ ပြောင်ရှင်းနေသည်ကိုတွေ့ ရ၏။ သို့ရာတွင် အာရှတစ်ဝန်း၌ လမ်းဘေးဈေးရောင်းချမှုများကြောင့် ကျန်းမာသန့်ရှင်းရေး ပြဿနာ အမျိုးမျိုးပေါ်တတ်၏။ အစိုးရအဖွဲ့ များကပင် အမြဲတစေ စောင့်ကြည့် ထိန်းသိမ်းမှု မလုပ်နိုင်ချေ။ ရန်ကုန်မြို့တွင် လမ်းဘေး ဈေးသည် ၃ဝဝဝဝ ခန့်ရှိသည် ဟု ဆို၏။ မိမိတို့လူမျိုးက အခြားသူ များထက် ထိန်းရခက်မည်။ အား နာခြင်း။ နားလည်မှု ထားခြင်းများ လည်းရှိသေး၏။
လျှော့ပေးလျှင် လည်းပတ်မည်။ တင်းလွန်းလျှင် လည်းပြတ်မည်။ တောင်းဆိုချက် များမရ၍ ထပြီးဆန္ဒပြနေကြလျှင် မလွယ်။ ထိုသူများသည်သူတို့ဆီ က ဈေးသည်သုံးသိန်းမကရှိသော အရေအတွက်ကိုရှင်းရသည် ထက် ပိုခက်ဦးမည်။ ဒီမှာက အိမ်သာ သွားရန်ကအစ အခက်အခဲရှိ ၏။ လက်တွေ့မြေပြင်သို့ ကွင်းဆင်း ကာ စစ်ဆေးအရေးယူလိုက်ပြီ ဆို လျှင် ခေတ္တခဏမူ ရှင်းသွားသည်။ အထူးသဖြင့် လူကြီးလမ်းကြောင်း ရှိသောနေရာတစ်ဝိုက်၌ အပြစ် ပြောစရာမရှိ။ ကြည့်ကောင်းနေရ မည်။ နောက်ပိုင်း စစ်ဆေးကြပ် မတ်မည့် ပုဂ္ဂိုလ်များ အခြားကိစ္စ နှင့် အလုပ်များနေပြီဆိုလျှင် ထိုလမ်းဘေး ဈေးသည်များက ခေါင်း ထောင်လာမည်။ မူလနေရာများ တွင် နေရာယူကာ ဈေးရောင်းချ မြဲ။ ဒုံရင်းသို့ဆိုက်သွားသည်သာ။ မည်သို့ဆိုစေ  ယင်းသို့ မုံ့လေပွေ ရိုက်နေသော အခြေအနေကို မလျှော့မတင်းထားသဖြင့် သာယာ သော စောင်းသံထွက်စေသကဲ့သို့ စိတ်ရှည်စွာ စနစ်တကျ ဖြေရှင်း  ကြရမည်သာ ဖြစ်ပါသတည်း။
x x x x x
Popular News

0 comments:

Post a Comment