Thursday, July 28, 2016

နိုင်ငံတော် သမ္မတ ဦး ထင် ကျော် နှင့် တပ် မ တော် ကာ ကွယ် ရေး ဦး စီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂ဝ၁၆ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး


၂ဝ၁၆ ခုနှစ် အဋ္ဌမအကြိမ် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ညနေ ၃နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးထင် ကျော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးကြသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာန အသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှု အားပေးသည်။

ပြိုင်ပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အသင်းကို ၄ဂိုး-၁ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ထို့နောက် ဆုပေးပွဲကိုကျင်းပရာ အကောင်း ဆုံးဂိုးသမားဆုကို ကာကွယ်ရေး ဝန်ကြီးဌာနအသင်းမှ ထူးကို ကလည်း ကောင်း၊ အကောင်းဆုံး နောက်တန်း ဆုကို ပြန်ကြားရေး ဝန်ကြီး ဌာနအသင်းမှ ဇင်ဘိုမင်းက လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းဆုကို ကာကွယ်ရေး ဝန်ကြီးဌာနအသင်းမှ ဇော်မျိုးလင်းက လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းဆုကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အသင်းမှ ကျော်လွင်ဦးက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဘောလုံး သမားဆုကို ကာကွယ် ရေးဝန်ကြီးဌာနအသင်းမှ အာကာစိုး ကလည်းကောင်း အသီးသီး ရရှိကြရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင် ဝင်းက ငွေသားနှင့် တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အသန့်ရှင်းဆုံးအသင်းဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က လည်းကောင်း၊ တတိယဆု ရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အသင်းအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လည်းကောင်း၊ ဒုတိယဆုရ ရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အသင်းအား ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို လည်းကောင်း၊ တံခွန် စိုက် ဒိုင်းဆုကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်စုစုလွင်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဝန်ထမ်း မိသားစု များနှင့် အားကစား ဝါသနာရှင်များ တက်ရောက် အားပေးကြသည်။
မြ၀တီ

0 comments:

Post a Comment