အခု ရက်ပိုင်း အွန်လိုင်းလောကသားတွေကြားမှာ ပွဲဆူနေတာကတော့ လွှတ်တော်အမတ်မင်း
ဇေကမ္ဘာ သူဋ္ဌေးကြီး ဦးခင်ရွှေ ဟာ ဒေါက်တာ ဘွဲ့ အဆောင်အယောင် ဝတ်ရုံဝတ်ဆင်ကာ ဆင်စီး၊ ထီးဖြူဆောင်း၊ ပိဋကတ် ၃ ပုံ ပင့်ဆောင်လာတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာတဲ့ကိစ္စပါဘဲ။

အွန်လိုင်းမှာ ပျံ့နေတဲ့ ဆင်စီးပြီး ထီးဖြူဆောင်း ပိဋကတ် ၃ ပုံ ပင့်ဆောင်သူ ဇေကမ္ဘာ ဦးခင်ရွှေ၏ ဓာတ်ပုံ
ဒီ ဓာတ်ပုံတွေက တကယ်တော့ ဂုဏ်ထူးဆောင် ဓမ္မပါရဂူဒေါက်တာဘွဲ့ကို ရရှိခဲ့တဲ့ ကျိုက်ထီးဆောင်း ဆရာတော်ကို မွန်ပြည်နယ် အစိုးရ အဖွဲ့က ဇွန်လ ၂၇ ရက်နေ့က ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲ လုပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။