Sunday, June 29, 2014

ခါကာဘိုရာဇီအမြင့်တိုင်းတာနိုင်ရန် သြဂုတ်လတွင် တက်ရောက်မည်


ခါကာဘိုရာဇီတောင်ရှုမျှော်ခင်း (ဓာတ်ပုံ - phayramdadung)

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဟု သတ်မှတ်ထားသည့် ခါကာဘိုရာဇီရေခဲတောင်ကို တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝခေါ် သံ ဖောင်ဒေးရှင်း)က သြဂုတ်လတွင် စတင်တက်ရောက်မည်ဟု သတင်းရရှိသည်။

ခါကာဘိုရာဇီတောင်ကို တက်ရောက်ရန်အတွက် လွန်ခဲ့ သည့် သုံးနှစ်ကတည်းက ပြင်ဆင် ခဲ့ပြီး အသင်းမှ တောင်တက်အား ကစားသမား ခုနစ်ဦးတက်ရောက် မည်ဖြစ်ပြီး တောင်ထိပ်သို့ နှစ်ဦး(သို့မဟုတ်) သုံးဦးတက်ရောက် မည်ဟု အသင်းဥက္ကဋ္ဌဦးမျိုးသန့် က ပြောသည်။
ယင်းတောင်တက်ခရီးစဉ် တွင် လူမှုအကျိုးပြုလုပ်ငန်းများပါ ပြုလုပ်သွားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ အိုင်တီကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ခါကာဘိုရာဇီ ရေခဲတောင်၏ အမြင့်ကိုပါ အတိအကျသိရှိနိုင်ရန် တိုင်းတာသွား မည်ဟု ၎င်းက ပြောသည်။

ခါကာဘိုရာဇီရေခဲတောင် သည် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဟု သတ်မှတ်ထားသော်လည်း ၂၀၁၃ သြဂုတ်လတွင် ဂမ်လန်ရာဇီတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် မြန်မာအမေရိကန်ချစ်ကြည်ရေး တောင်တက်အဖွဲ့၏ ခေါင်းဆောင် အမေရိကန်နိုင်ငံသားအင်ဒီတိုင်စန်က ဂမ်လန်ရာဇီတောင်သည် ခါကာဘိုရာဇီတောင်ထက် ပိုမြင့်ကြောင်း ပြောကြားခဲ့သည်။

‘‘ဂမ်လန်ရာဇီတောင်က ခါ ကာဘိုရာဇီထက်မြင့်တယ်ဆိုပြီး ပြောတယ်။ အဲဒါကို သေချာ အောင် အတည်ပြုတိုင်းတာမယ်။ တိုင်းလို့ရတဲ့ ရလဒ်အဖြေကို လက်ခံမယ်’’ ဟု ဦးမျိုးသန့်က ပြောသည်။

မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ဖြစ်သည့် ခါကာဘိုရာဇီ ရေခဲတောင်သည် ၁၉,၂၉၆ ပေ အမြင့်ရှိသည်ဟု သတ်မှတ်ထား ပြီး မြန်မာ-အမေရိကန်ချစ်ကြည် ရေး တောင်တက်အဖွဲ့၏ တိုင်း တာချက်အရ ဂမ်လန်ရာဇီတောင် သည် ၁၉,၂၅၄ ပေ ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီရေခဲတောင်ကို ၁၉၉၆ ခုနှစ်တွင် ဂျပန်လူမျိုးအိုဇာကီနှင့် တိဗက်လူမျိုး မြန်မာနိုင်ငံသားနမားဂျွန်ဆင်တို့ တက်ရောက်နိုင်ခဲ့ပြီး ၁၆ နှစ်အကြာ ၂၀၁၂ ဒီဇင်ဘာတွင် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝခေါ်သံဖောင်းဒေးရှင်း)က ရှေ့ပြေးခရီးစဉ်အဖြစ် တောင်ခြေသို့ တက်ရောက်နိုင်ခဲ့သည်။


7Day Daily

0 comments:

Post a Comment