Thursday, September 15, 2016

အမေရိကန်ပိတ်ဆို့မှု ဘယ်လိုဖယ်ရှား၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုတိုးမြှင့်


ဝါရှင်တန်မြို့ရှိ လင်ကွန်းအမှတ်တရဗိမာန်ကို စက်တင်ဘာ ၁၅ ရက်က လေ့လာကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဥယျာဉ် တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းပြသနေစဉ် (ဓာတ်ပုံ − ရိုက်တာ)
 မြန်မာနိုင်ငံဆိုင်ရာ အ မျိုးသားအရေးပေါ် အက်ဥပဒေ သက်တမ်းတိုးမှု ရုပ်သိမ်းကြောင်း အမိန့်နှင့် သမ္မတ၏ မြန်မာနိုင်ငံ ဆိုင်ရာ အမိန့်ကို ဖျက်သိမ်း ကြောင်းတို့ကို သမ္မတအိုဘားမား နှင့် ကွန်ဂရက်က ကြေညာသည့် အခါမှသာ တရားဝင်အသက်ဝင် မည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

မြန်မာအပေါ်တွင် ဥပဒေငါး ခု၊ သမ္မတအုပ်ချုပ်ရေး အမိန့် ခြောက်ခုတို့ဖြင့် ပိတ်ဆို့အရေး ယူထားသည်များကို ဖယ်ရှားရန် အမေရိကန်အနေဖြင့် လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ မြန်မာအနေ ဖြင့်လည်း စီးပွားရေးမူဝါဒအသစ် များ  ချမှတ်ရန်လိုအပ်မည်ဖြစ် ကြောင်း နှစ်နိုင်ငံအစိုးရ ထုတ်ပြန် ချက်များက ဖော်ပြထားသည်။
ဖယ်ရှားမည့် အရေးယူပိတ်ဆို့မှုများ
မြန်မာအပေါ် စီးပွားရေးနှင့် ငွေရေးကြေးရေး ပိတ်ဆို့အရေး ယူမှုများ အခြေခံထားသောExe-cutive Order ကို ဖယ်ရှားပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံစစ်အစိုးရလက်ထက် ၁၉၉၇ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထက်က ချမှတ်ခဲ့သော အမျိုးသားအရေး ပေါ်အက်ဥပဒေ သက်တမ်းတိုးမှု ရုပ်သိမ်းမည်ဖြစ်ပြီး ကုန်သွယ်မှု အထူးကင်းလွတ်ခွင့် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် သမ္မတအိုဘားမားက ကတိက၀တ်ပြုခဲ့သည်။
အမျိုးသားအရေးပေါ် အက် ဥပဒေသက်တမ်းတိုးမှု ရုပ်သိမ်း ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် ချ မှတ်ထားသော အရေးယူပိတ်ဆို့ မှုအစီအစဉ်နှင့်အညီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံ ရပ်ခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)က ချမှတ်ထားသည့်အထူး ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု အောက်တွင် ရှိနေသော တစ်သီး ပုဂ္ဂလလူပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများစာရင်း (SDN List) ကို ပယ်ဖျက်ခြင်းအပါအ၀င် OFAC က ချမှတ်ထားခဲ့သော ကန့်သတ်ချက်များအားလုံး ပျက် ပြယ်ကာ အသက်ဝင်တော့မည် မဟုတ်ပေ။
၁၉၈၈ ရှစ်လေးလုံးအရေး တော်ပုံဖြစ်ပွားပြီးနောက် ၁၉၈၉ ကစ၍ ကန်သမ္မတဟောင်း ဂျော့ဘုရှ်က ရုပ်သိမ်းခဲ့သော ကုန် သွယ်ရေးအထူးခံစားခွင့် (GSP) ကို မြန်မာနိုင်ငံသို့ အိုဘားမားက ပြန် လည်ပေးအပ်မည်ဖြစ်သည်။ ယင်းကုန်သွယ်ရေး အထူးအခွင့် အရေးကြောင့် မြန်မာက တင်ပို့ သော ပို့ကုန်များအတွက် အ ကောက်ခွန် ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့ခွင့် ရရှိစေမည်ဖြစ် သည်။ ကုန်သွယ်ရေးအထူးကင်း လွတ်ခွင့်သည် ၂၀၁၆ နိုဝင်ဘာ ၁၃ ရက်တွင် စတင်အသက်ဝင် မည်ဖြစ်သည်။
ဆက်လက်ရှိမည့် အရေးယူမှုများ
အမျိုးသားအရေးပေါ် အက် ဥပဒေသက်တမ်းတိုးမှု ရုပ်သိမ်း၍ SDN စာရင်းဝင်များကို စာရင်းမှ ပယ်ဖျက်ပေးမည်ဖြစ်သော်လည်း အချို့သော မြန်မာနိုင်ငံသားတစ် သီးပုဂ္ဂလများကမူ SDN စာရင်း တွင် OFAC ၏ အခြားလုပ်ကိုင်ခွင့် များအရ ဆက်လက်ကျန်ရှိနေဦး မည်ဖြစ်သည်။
မြန်မာအပေါ် အရေးယူပိတ် ဆို့မှုဥပဒေသည် JADE Act တွင် ပါရှိသော အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ တားမြစ်ပိတ်ပင်မှုများကို ဆက်လက်ထားရှိဦးမည်ဖြစ် သည်။ ယင်းပိတ်ပင်မှုများသည် မြန်မာ့ တပ်မတော်ခေါင်းဆောင် များနှင့် တပ်မတော်ကို နိုင်ငံရေး နှင့် စီးပွားရေး ထောက်ခံအားပေး နေသူများအပေါ် ချမှတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် တပ်မတော် ကို ကူညီထောက်ပံ့မှုဆိုင်ရာ အ တိုင်းအတာ ကန့်သတ်ချက်များအ ပါအ၀င် မြန်မာနိုင်ငံကို နိုင်ငံခြား ကူညီထောက်ပံ့မှုဆိုင်ရာ ကန့် သတ်တားမြစ်ချက်များ ဆက် လက်ထားရှိမည်ဖြစ်သည်။
‘‘ဒီကျန်ရှိတဲ့ ကန့်သတ်တား မြစ်ချက်တွေကို အကောင်အ ထည်ဖော်ပြီး နောက်ထပ်ပြင်ဆင် ညှိနှိုင်းမှုတွေ ထည့်သွင်းစဉ်းစား တဲ့အချိန်မှာ အမေရိကန် ကွန်ဂ ရက်နှင့် အနီးကပ်စေ့စပ်ဆွေးနွေး မှုတွေ ကျွန်တော်တို့ ဆက်လုပ် သွားပါမယ်’’ဟု အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးအစီအစဉ်များ
ငွေကြေးအစုစု အာမခံအစီ အစဉ်သစ် DCA ကို ဒေါ်လာ ၁၀ သန်းကျော်ဖြင့် စတင်ဆောင်ရွက် မည်ဖြစ်သည်။ ယင်းကို မြန်မာ နိုင်ငံရှိ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) သည် အသေးစားချေးငွေလုပ်ငန်း အဖွဲ့အစည်းငါးခုနှင့် ဆောင်ရွက် မည်ဖြစ်သည်။ ယင်းအစီအစဉ်က လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ကုန်စည်ရောင်းဝယ်ရေးနှင့် အခြားသော ထုတ်လုပ်ပြီး ကုန် ပစ္စည်းများအတွက် ၀န်ဆောင်မှု ပေးရေး စသည့် တစ်နိုင်တစ်ပိုင် အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများအတွက် ထုတ် ချေးရန် ရည်ရွယ်သည်ဟု ဆို သည်။နှစ်နိုင်ငံအကြား စီးပွားရေး ကဏ္ဍ ပိုမိုနက်ရှိုင်းစွာဆောင်ရွက် ခြင်း စံချိန်စံညွှန်းမြင့်သော အပြန် အလှန်ရင်းနှီးမြှုပ်နှံမှု သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိသည်။
မြန်မာနိုင်ငံရှိ အလယ်တန်း နှင့်အထက်တန်းကျောင်းများ၌ အင်္ဂလိပ်စာဆရာ၊ ဆရာမ၁,၅၀၀ အား လေ့ကျင့်သင်တန်းပေးမည့် အပြင် ကျောင်းသူ ကျောင်းသား များကိုပါ အင်္ဂလိပ်စာသင်ကြား ပေးမည်ဖြစ်သည်။ ထိုသို့သင် ကြားပေးမည့် Peace Corps' ၏ စေတနာ့ဝန်ထမ်းအဖွဲ့များသည် စက်တင်ဘာ လကုန်ပိုင်းတွင် ပထမဆုံးရောက်ရှိလာမည်ဟု ဆို သည်။
‘‘U.S.-Myanmar Par-tnership အစီအစဉ်​ စပြီး​ဆောင်ရွက်​ပါမယ်။ နှစ်​နိုင်​ငံ နိုင်​ငံခြား​ရေးဝန်​ကြီးဌာန​တွေအကြား နှစ်​စဉ်​ အစည်းအဝေး​တွေ လုပ်​ပါမယ်​။ နှစ်​နိုင်​ငံအကြား ဘက်​စုံပူး​ပေါင်း​ဆောင်​ရွက်မှုတွေ မြှင့် တင်​သွားမှာ ဖြစ်​ပါတယ်​။ (ဗီ ယက်​နမ်​ ပြုပြင်​​ပြောင်းလဲရေး ကာလမှာ U.S.-Vietnam Partnership ထားရှိ​ဆောင်​ရွက်​ခဲ့တဲ့ ပုံစံမျိုးဖြစ်​ပါတယ်​) ပူးပေါင်း မယ့်​ နယ်​ပယ်​​တွေက​တော့ နိုင်ငံ ရေးနှင့် သံတမန်ရေး၊ စီးပွားရေး နှင့် ကုန်သွယ်ရေး၊ သိပံ္ပနှင့် နည်း ပညာ၊ ပညာရေးနှင့်လေ့ကျင့်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့်​ ကျန်း မာရေး၊ ကာကွယ်ရေးနှင့်​ လုံခြုံ ရေး၊ လူမှုဘဝလုံခြုံ​ရေးနှင့်တရား ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး တို့ပဲ ဖြစ်ပါတယ်’’ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးကလည်း ထုတ်ပြန်သည်။
အမေရိကန်၌ မြန်မာလူငယ် များ ပိုမိုပညာသင်ယူနိုင်ရန် ပညာရေးဆိုင်ရာ အကြံပေးအစီ အစဉ်အတွက်ရန်ပုံငွေ ၅၀ ရာခိုင် နှုန်း ထပ်မံပံ့ပိုးပေးခြင်း၊ မြန်မာ နိုင်ငံမှ ပါဝင်တက်ရောက်မည့်သူ များအတွက် ဒီမိုကရက်တစ် ဖက် ဒရယ်ဝါဒပုံစံကို အဓိက လေ့လာ နိုင်မည့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အမြင့်ဆုံး နှီးနှော ဖလှယ်ရေး အစီအစဉ်ဖြစ်သော နိုင်ငံတကာ ခေါင်းဆောင်မှုဆိုင် ရာ လေ့လာရေးအစီအစဉ်သစ် တစ်ခုကို စတင်ခြင်း၊ ကျန်းမာရေး ကဏ္ဍ ပူးပေါင်းခြင်း၊ အခြေခံ အ လုပ်သမား အခွင့်အရေးမြှင့်တင် ခြင်းစသည်တို့ပါဝင်သည်။
7Day

0 comments:

Post a Comment