Tuesday, February 4, 2014

ပုသိမ်မြို့ကြည်ညိုဖွယ်ဘုရားများ


ပုသိမ်မြို့ င၀န်မြစ်၏ညနေဆည်းဆာနှင့် ကြိုးတံတားအနီးရှိ လောကနန္ဒာစေတီတော်မြတ်ကြီး၏
ှုခင်းလေးပါ။

ပုသိမ်မြို့ တစ်ဘက်ကမ်းနှီးဘုရားနှင့်လပြည့်ည မြင်ကွင်းလေးပါ။ 





 
ပုသိမ်တစ်ဘက်ကမ်းကြိုးတံတားအနီးရှိ လောကနန္ဒာစေတီတော်မြတ်ကြီး၏ ညနေဆည်းဆာမြင်ကွင်းလေးပါ။




ညနေစောင်းနေညိုချိန်တွင် ပုသိမ်မြို့ ရှိ လေးကျွန်းရန်အောင်ဖေါင်တော်ဦးစေတီတော်(ရေကြည်ရေနောက်ဘုရား)၏မြင်ကွင်းလေးပါ။




(ပုသိမ်မြို့ တစ်ဘက်ကမ်းကြိုးတံတားအနီးရှိ နှီးဘုရား၏ပုံတော်ပါ)


ပုသိမ်မြို့ ရေကြည်ဦးဘုရား နှင့် ညနေစောင်းအလုပ်သိမ်းလို့ အိမ်ပြန်လာသော မောင်မယ်တို့ ရဲ့ ကြည်နူးဖွယ်မြင်ကွင်းလေးပါ

Photo : Moe Kyaw
CityLife Burma 

ပင်းတယဂူ


Credit: Royal Myanmar 

Our car was approaching to the cave. From here I could see the exterior of the cave and my first impression to the cave was “OMG who found out this cave among all these mountains and is there any other cave to be found?”.  Usually, most of the caves which I had been are located at the bottom of the mountain. I mean the entrance of the cave is usually at the base of the mountain. However, the entrance of the Pindaya cave is in the middle of the mountain.

I think there is a history about this giant spider and the bow man in this place. In this photo, it looks funny that the spider is going to attack the army Jeep. :)
Right now I am at the entrance of the cave. There are thousand of Buddha statues waiting for you to find out.



CityLife Burma 

အဂေါ်ဆုံး ဖန်စီ accessory တွေကို ဘယ်လိုဝတ်ဆင်မလဲ



 အ၀တ်အစားနဲ့တင် အရမ်းလန်းနေပြီဆိုပေမယ့်လည်း accessories လေးတွေဖြည့်လိုက်မှ လိုက်ဖက်တဲ့ အနေအထားမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ accessory ဆိုတာလည်း သူ့နေရာနဲ့သူတော့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ အရမ်းဂေါ်လွန်းတဲ့ဟာမျိုးကို ဘယ်လို အပြင်အဆင်မျိုးနဲ့ ၀တ်ရမှန်း မသိသူတွေအတွက် အနည်းငယ် အကြံပြုပါရစေ။

Monday, February 3, 2014

အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ


အညာ, ပေါ်တူဂီ, ဥရောပတောင်ပိုင်း, အိန္ဒိယသမုဒ္ဒရာ, ဘရင်ဂျီ, စစ်ကိုင်းတိုင်း, ခင်ဦးမြို့, မုံလှရွာ 
 အသက် ၈၉နှစ် အရွယ်ရှိ ဦးဘဌေး (ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ)
ဤအရပ်ဒေသသို့ သူတို့ ရောက်ရှိအခြေချခဲ့ကြသည်မှာ ယခုနှစ် ဖေဖော်ဝါရီလ ဆိုလျှင် နှစ်ပေါင်း ၄၀ဝ တင်းတင်း ပြည့်တော့မည်ဖြစ်သည်။ သူတို့၏ ဘိုးဘွား များသည် ၁၆ ရာစုခန့်ကတည်းက အိန္ဒိယသမုဒ္ဒရာအတွင်း စွန့်စားသွားလာကာ ကူးသန်း ရောင်းဝယ်နေသည့် ဥရောပတောင်ပိုင်းသားများဖြစ်ကြပြီး မြန်မာ့သမိုင်း၏ အစောပိုင်း ကာလများက အရေးပါသောဇာတ်ကောင်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ မေ့လျော့ ခံများသဖွယ် ဖြစ်သွားခဲ့လေပြီ။ ဒေသခံများက သူတို့ကို ဘရင်ဂျီ (ဖာရင်ဂီ) များဟု ခေါ်ဝေါ်ကြသော်လည်း အမှန်တကယ် သူတို့သည် ပေါ်တူဂီအနွယ်များမှ ဆင်းသက် လာသူများသာ ဖြစ်သည်။

Valentine’s Day မှာ ချစ်သူကောင်လေးကို လက်ဆောင်ပေးဖို့ဆိုရင်


ကဲ - ချစ်သူများနေ့ကလည်း နီးလာပြီနော်။ ချစ်သူပဲဖြစ်ဖြစ် ၊ သူငယ်ချင်းလို့ပဲဆိုဆို လက်ဆောင် ပေးတော့မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လက်ဆောင်တွေထဲက ရွေးချယ်ကြည့်လိုက်ပါ။ ဒီလက်ဆောင်ကြောင့် သူ့မျက်နှာမှာ အပြုံးတစ်ပွင့်တော့ လင်းလက်သွားရစေမယ်လို့ အာမခံပါတယ်။

ပရိသတ်ချစ်ဖို့ ဘာတွေလိုအပ်လဲဆိုပြီး တကူးတကဖန်တီးပြနေဖို့မလိုပါဘူးလို့ ဆိုတဲ့ မိတ်ကပ် ၊ဒီဇိုင်နာခင်စန်းဝင်း


အလှဖန်တီးရှင် ခင်စန်းဝင်းဆိုရင် မသိတဲ့သူ မရှိလောက်အောင်ကို အနုပညာလောကမှာ နာမည်ကြီးသူပါ။ သူနဲ့တွေ့ဖြစ်တဲ့အချိန်လေးမှာ မိတ်ကပ်ပညာနဲ့ ပတ်သက်ပြီးတော့ရော၊ သူ့ရဲ့အတွေ့အကြုံ၊ ဖန်တီးမှုပိုင်းဆိုင်ရာတွေကိုပါ ခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မုံရွာ




မန္တလေး - စစ်ကိုင်းက လာမယ်ဆိုရင် မုံရွာမရောက်ခင်မှာ ကမ္ဘာ့အမြင့်မားဆုံး ရပ်တော်မူ ဗောဓိတစ်ထောင် ဘုရားကြီးကို ဖူးတွေ့ရမှာပါ။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးက ၁၉၉၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ၁၂နှစ်ကြာ တည်ဆောက် ခဲ့ပါတယ်။ ဉာဏ်တော်အမြင့် ပေပေါင်း ၄၂၄ ပေမြင့်မားပြီး ယခင်က ဂျပန်နိုင်ငံ “ယူရှီကူအမိဒ” ရပ်တော်မူဘုရားကြီးက ဉာဏ်တော်အမြင့်ပေ ၃၉၃ ပေ ၉ လက်မနဲ့ ကမ္ဘာ့စံချိန် တင်ခဲ့ကြောင်းကို ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးရဲ့ ဘဝမှတ်တမ်း စာအုပ်မှာ ဖော်ပြထားပါတယ်။

အလှအတွက် ဘ၀ပျက်သွားရတဲ့ မိန်းမလှလေး လင်ဒါ


  

လှစေလိုလို့ သွားချောင်တိုက်  ရေစီးကမ်းပြိုလိုက်  ဆိုတဲ့ မြန်မာစကားပုံဟာ လင်ဒါပီရက်လို့ အလှ အလွန်မက်တဲ့ မိန်းကလေးငယ်တွေအတွက် ရည်ရွယ်ပြီးပေါ်ပေါက်လာပုံရပါတယ်။
အသက် ၁၈နှစ်ပဲရှိသေးတဲ့ လင်ဒါပီရက်ဟာ ငယ်ရွယ်နုပျိုတာကြောင့် ကလေးတစ်ယောက်အမေ လို့ ဘယ်သူမှ မထင်နိုင်ပါဘူး။
ဒါပေမယ့် လှသထက်လှလို တဲ့ အမျိုးသမီးတို့ ရဲ့  အလှလောဘဇောတိုက်တွန်းမှုကြောင့်  သူ့ ရဲ့ ရင်သားကိုပိုကြီးလာအောင်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။

ချစ်သူများနေ့နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ (၅)မျိုး



ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ကိုယ့်ချစ်သူနဲ့လျှောက်လည်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် ချစ်စရာကောင်းပြီး အများနဲ့မတူ ဆံပင်ပုံစံလေးတစ်ခု ရှိနေစေရယ်၊ အဲ့ဒီ နေ့လေးနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံလေး ပိုင်ဆိုင်စေနိုင်ဖို့ပါ ခုလို ဖော်ပြပေးလိုက်ပါတယ်။

Sunday, February 2, 2014

ကိုယ့်ရဲ့အလုပ်ကို အကောင်းဆုံးလုပ်ပြီး အမြဲတန်ဖိုးထားတတ်တဲ့ မိတ်ကပ်ဝိုင်း(ဒီဇင်ဘာနှင်း)


မိတ်ကပ်လောကထဲမှာ ၀ိုင်းလို့ ဆိုလိုက်တာနဲ့ မသိတဲ့သူ မရှိလောက်အောင်ကို သူမရဲ့မိတ်ကပ်အပြင်အဆင်၊ ခြယ်သမှုတွေက လူသိများလှပါတယ်။ သူမနဲ့ ပတ်သတ်တဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှု အပိုင်းတွေနဲ့ သူမနားလည်ထားတဲ့ မိတ်ကပ်ပညာ အကြောင်း မေးမြန်းဖြစ်တဲ့အခါ ‘ဒီလောကထဲ စတင်ဝင်ရောက်ဖြစ်တာက အန်တီနှင်းရဲ့ကျေးဇူးကြောင့်ပါ။ အန်တီနှင်းနဲ့က ဟိုးအရင်ကတည်းက ခင်တယ်။ အပြင်တွေလဲ လျှောက်သွားဖြစ်တယ်။ အရင်က ၀ို်င်းက dancer လုပ်တယ် ။ အန်တီနှင်းက အဲဒီအလုပ်က ကြာရှည်မခံဘူးတဲ့။ မိတ်ကပ်ပညာ စိတ်ဝင်စားလားဆိုပြီး အန်တီနှင်းပဲ ဆွဲခေါ်ခဲ့တာပေါ့။ ၂၀၀၈ ၅လပိုင်းမှာ စပြီး မိတ်ကပ်လောကထဲ စ၀င်ခဲ့တာပေါ့။ အလုပ်ကို အကောင်းဆုံးလုပ်ပြီး အဓိကထားတယ်။ ကိုယ်လှဖို့မလိုဘူး။ ကိုယ်ပြင်တဲ့သူလှရင် ကျေနပ်တယ်။ ဒီအလုပ်နဲ့ ရပ်တည်တော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ ဒီအလုပ်က ကိုယ့်ဘ၀အတွက် အာမခံချက်အရှိဆုံး အလုပ်တစ်ခု ဖြစ်တာကြောင့်လဲ ပါမှာပေါ့နော်။’လို့ ၀ိုင်းက ပြောပြပါတယ်။
ပထမဆုံး ဘယ်သူ့အတွက် ပြင်ပေးခဲ့ရတယ်၊ ခုလက်ရှိဘယ်သူတွေကို ပြင်ပေးနေတယ် ဆိုတာကိုလည်း ၀ိုင်းက ‘၀ိုင်းပြင်ပေးခဲ့တာက ရတီမဂ္ဂဇင်းကာဗာမှာ မိုးအောင်ရင်နဲ့ မော်ဒယ်လ်တွေနဲ့ စရိုက်တဲ့ အဖုံးလေးပေါ့။ ၀ိုင်းမိတ်ကပ်ပြင်တာ ၆လပြည့်တော့ ကစ်ကို စလိုက်တယ်။ လက်ရှိမှာ ယွန်းဝတီလွင်မိုး၊ ထရီဇာ၊ နန်းမြတ်ဖြိုးသင်းတို့ကိုပြင်ပေးဖြစ်ပါတယ်။ အဆင်မပြေတာတော့ သိပ်မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်နဲ့က သူလိုချင်တာ၊ ကိုယ်လိုချင်တာညှိပြီး လုပ်ပေးတဲ့အတွက် အဆင်ပြေပါတယ်။ ဆိုင်ကတော့ခွဲဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ်တော့ အန်တီနှင်းဘေးမှာပဲ ထောက်ပံ့ပေးနေဦးမယ်။ သူကဖွင့်ဆိုတော့မှဖွင့်တော့မယ်’တဲ့။
သင်ယူလို့ မကုန်နိုင်တဲ့ မိတ်ကပ်ပညာနဲ့ ပတ်သတ်ပြီးတော့လည်း သူက ‘အမြဲတမ်း လေ့လာဖြစ်တယ်။ ဘာတွေခေတ်စားလဲ။ မိတ်ကပ်ပညာဆိုတာ အမြဲတမ်း အသစ်အသစ်တွေ ဖြစ်နေတဲ့အတွက် လေ့လာဖြစ်ပါတယ်။၂၀၁၄ ထဲမှာတော့ နှုတ်ခမ်းနီကို အရဲကိုသုံးတယ်။ အိုင်းရှဲဒိုးက အဖျော့ပေါ့။ မျက်တောင်အတုတွေကို သိပ်မတတ်ကျတော့ဘူး။ ဖဲသားပုံစံအစစ်လိုဟာမျိုးတွေကို သုံးလာကြတယ်။ ဆံပင်ကတော့ ရော့ရော့ရဲရဲလေးတွေ ခေတ်စားမယ်လို့ထင်ပါတယ။် ဒီလောကထဲဝင်လာခဲ့တဲ့အတွက် လဲနောင်တမရမိဘူး။ ကျေးဇူးတင်တယ်။ အားလုံးက အဆင်ပြေတယ်။ အိမ်က လုံးဝသဘောမတူတဲ့ အလုပ်တစ်ခုကို ကိုယ့်ဟာကို ကြိုးစားခဲ့ရတာပါ။ ပြီးတော့ ကိုယ့်မိဘတွေကို လုပ်ကျွေးခွင့်ရတဲ့အတွက်ကျေနပ်တယ်။’လို့ ပြောပြသွားပါတယ်။
 သူမရဲ့ဖက်ရှင်အပိုင်းကိုတော့ ‘၀ိုင်းက ချစ်ဖို့ကောင်းတဲ့ ပုံစံတွေနဲ့မလိုက်ဘူး။ နဲနဲမျက်နှာထားက မာတော့လေ။ ဖက်ရှင်နဲ့ပတ်သတ်တာတွေ အားလုံးစိတ်ဝင်စားတယ်။ ဖိနပ်၊ အိတ်၊Accessories  ပစ္စည်းလေးတွေ ၀ယ်စုဖြစ်တယ်။ ၀ိုင်းက လက်ပြတ်လုံးဝမ၀တ်ဘူး။ ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိလို့လေ။ ကုတ်လေးတွေ ထပ်ဝတ်ဖြစ်တယ်။ အသားအရေပိုင်းကတော့ အချိန်မပေးနိုင်လို့သိပ်မလုပ်ဖြစ်ဘူး။ ပုံမှန်လေးပဲ လိမ်းဖြစ်တယ်။ သိပ်မလုပ်ဖြစ်ဘူး။ ၀ိုင်းက မိတ်ကပ်လိမ်းရတာ မကြိုက်ဘူး။ မိတ်ကပ်လိမ်းတာ၂ခါပဲခံဖူးတယ်။ လူတိုင်းမှာ အလှကိုယ်စီရှိကြပါတယ်။ အမြဲတမ်းလှပနိုင်ကြပါစေ’လို့ သူက ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက် 
Trend Myanmar