Monday, February 3, 2014

Valentine’s Day မှာ ချစ်သူကောင်လေးကို လက်ဆောင်ပေးဖို့ဆိုရင်


ကဲ - ချစ်သူများနေ့ကလည်း နီးလာပြီနော်။ ချစ်သူပဲဖြစ်ဖြစ် ၊ သူငယ်ချင်းလို့ပဲဆိုဆို လက်ဆောင် ပေးတော့မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လက်ဆောင်တွေထဲက ရွေးချယ်ကြည့်လိုက်ပါ။ ဒီလက်ဆောင်ကြောင့် သူ့မျက်နှာမှာ အပြုံးတစ်ပွင့်တော့ လင်းလက်သွားရစေမယ်လို့ အာမခံပါတယ်။

(၁)     တေးဂီတချစ်သူ သင့်ကောင်လေးအတွက် သူ့အကြိုက်ဆုံး CD လေးတစ်ချပ် ၀ယ်ပေးပြီး တဆက်တည်း ဒီ Headphone Splitter လေးပါ ၀ယ်ပေးလိုက်ပါ။ ဒါဟာ သူ့အတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်မှာပါ။
(၂)     သူ့ရဲ့ ကစားတတ်တဲ့ အကျင့်လေးကို ဒါနဲ့ ဖြည့်ဆည်းပေးပါ။ ဒါပေမယ့် ၁၈၀၀ ခုနှစ်လောက်တွေ တုန်းကစတိုင် လိမ္မော်ရောင် “Lemon Peel” တစ်ခု ဖြစ်ပါစေ။ ဒါမှသာ သူ့ရဲ့ အကြိုက်ဆုံးကစားနည်းအပေါ် သင်ဘယ်လောက် သမိုင်းကြောင်းနဲ့ချီ လေ့လာထားကြောင်း သိရတဲ့အခါ သင့်အပေါ် အထင်ကြီးစိတ်တွေ ဖြစ်လာမှာပေါ့။
(၃)     သားမွှေးဆွယ်တာ တစ်ထည်ရဲ့ အနွေးဓါတ်မျိုးနဲ့ တူညီတဲ့ သင့်ရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ သူ့အပေါ်မှာ လွှမ်းခြုံထားနိုင်အောင်ပါ။ ဘယ်လောက်ကဗျာဆန်လိုက်လဲနော်။ ဖက်ရှင်အကြောင်း နားမလည်နိုင်ရင်တောင် ဒီလို sweater မျိုးတွေက အမျိုးသားတိုင်းနဲ့ လိုက်ဖက်ပြီး နေဗီရောင်ကလည်း ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ပါ။
(၄)     casher အရောက်မှာ ချွေးမပြန်တတ်ဘူးဆိုရင်တော့ ဒါမျိုးက သူ့ရဲ့ နေ့စဉ်ဘ၀ထဲကို ၀င်ရောက် လွှမ်းမိုးထားနိုင်မယ့် လက်ဆောင်ပါ။ fresh ဖြစ်တဲ့အနံ့မျိုးကို အဓိကထားရွေးချယ်ရမှာဖြစ်ပြီး ပုံမှာပြထားတဲ့ ဟာဆိုရင် ဒေါ်လာ ၂၀ ကျော်လောက်ပဲ ကျပါတယ်။
(၅)     ချစ်စရာကောင်းပြီး အနည်းငယ် funny ဖြစ်တဲ့ Bow Tie လေးတွေက သူ့ကို စိတ်ပျော်ရွှင်မှု ဖြစ်စေနိုင်ပါလိမ့်မယ်။ ပုံမှန်ပေးနေကျ necktie တွေထက် bow tie တွေက ပိုပြီးတော့ ဆန်းသစ်ပါတယ်။
(၆)     ချစ်စရာဒီအရုပ်လေးတွေက သူရဲ့နှလုံးသားကို ဆွဲလှုပ်နိုင်မှာပါ။ သင့်ကိုယ်သင် အရုပ်ကလေးနေရာက ခံစားပြီး “ညအိပ်ရင် အရုပ်လေးကို အာဘွားပေးပြီးမှအိပ်နော်” လို့ ခပ်ချွဲချွဲလေး ပြောလိုက်ပေါ့။
(၇)     အိုး - ဒီအိုင်ဒီယာကလည်း မိုက်တယ်နော်။ သူကြိုက်တတ်တဲ့ ဘက်စကတ်ဘောအသင်း (ဒါမှမဟုတ်) ဘောလုံးအသင်းရဲ့ ဂျာစီတစ်ထည်ဝယ်ပေးလိုက်တာက သူ့အကြိုက်ကို ဂရုတစိုက် မှတ်မိနေကြောင်း ပြသရာရောက်တာပေါ့။
(၈)     နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ ကိုယ့်ရဲ့ ခပ်လန်းလန်း ရက်ပ်ပါ ချစ်သူလေးအတွက်တော့ ဒီ Swaggy အထာ ဦးထုပ်လေးတွေက အရမ်းအသုံးတည့်တယ်ဆိုတာ မမေ့နဲ့နော်။ တော်ရုံလူတွေနဲ့ မလိုက်ဖက်တဲ့ ဒီလို snapback မျိုးနဲ့ သူ့ကို သင်ဘယ်လောက်အထိ ယုံကြည်မှုရှိကြောင်း ပြောပြလိုက်ပါ။
          ဒီလက်ဆောင်လေးတွေကို အကြောင်းပြုလို့ ဒီလ (၁၄)ရက်မှာ ပျော်စရာကောင်းတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ခဲ့ကြမယ်ဆိုရင် ပရိသတ်ကြီးအတွက် ကြိုးစားတင်ပြရကျိုး နပ်ပါပြီ။

Trend Myanmar. 

0 comments:

Post a Comment