Monday, June 2, 2014

အေးချမ်းမိုး






























နိုင်ငံတော် သမ္မတ လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း



(၃၁-၅-၂၀၁၄)

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့ အတိုင်း မေလအတွင်းမြန်မာနိုင်ငံရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

ထိုင်းစစ်တပ်အာဏာသိမ်းမှုနှင့် လမ်းပေါ်ထွက်မယ့် စံနှုန်း


ထိုင်းအကျပ်အတည်းဖြေရှင်းချက် စံနမူနာ

၃၀-၅-၂၀၁၄ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နမူနာယူပြီး ရေရှည်ကာလ ထိုင်းနိုင်ငံရေးအကျပ်အတည်းပြေလည်စေရေး ဆောင်ရွက်ဖို့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယုချန်အိုချာက ထိုင်းဘုရင်မင်းမြတ်ထံ တင်ပြတဲ့ သတင်းပါလာတာကို တွေ့ ရပါတယ်။

ပြင်ဦးလွင်က မြေ ပြဿနာ နောက်ဆက်တွဲ ဖြေရှင်းချက်

ဒီလ ၂၆ ရက်နေ့က ပြင်ဦးလွင်မြို့ အထွက်က ကော်ဖီခြံမြေနဲ့ ပတ်သက်ပြီး ဒေသခံ ထုံးဘိုရွာသားတချို့ နဲ့ ကော်ဖီခြံ အလုပ်သမားတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ထုံးဘိုရွာသား ဦးစိုးမြင့်နဲ့ အတူပါတဲ့ ရွာသားအချို့ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။




ဓာတ်ပုံ- မစုစုနွေး ဖေ့စ်ဘုတ်
ဒီသတင်းနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက သူ့ဖေ့စ်ဘုတ်မှာ ဓာတ်ပုံနဲ့ စာကို ရေးပြီး ဖော်ပြခဲ့ရာမှ တဆင့် အခြားသော လူမှုဆက်သွယ်ရေးကွန်ရက် စာမျက်နှာတွေနဲ့ ဘလော့တွေက ထပ်ဆင့် ကူးယူ ဖော်ပြခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ပြည့်စုံမှန်ကန်မှုမရှိကြောင်းနဲ့ ကော်ဖီခြံဟာ မိမိတို့ တရားဝင်ပိုင်ဆိုင်ထား တာ ဖြစ်ကြောင်း ဓာတ်ပုံထဲမှာ ကြိုးတုပ်ဖမ်းဆီးခံထားရသူ ဦးစိုးမြင့်ဟာ အရင်ကလည်း ကော်ဖီခြံကို ဖျက်ဆီးမှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရသူဖြစ်သလို နောက်ဆုံး အခင်းဖြစ်ပွားတဲ့ နေ့ကလည်း ကော်ဖီခြံထဲ ဓားကိုင်ပြီး အလုပ်သမားတွေကို အကြမ်းဖက်ဖို့ ကြိုးစားရာကနေ ဒီအခြေအနေကို ဖြစ်ပွားသွားတာဖြစ်တယ်လို့ တဖက်က ကာယကံရှင်တွေကလည်း တုန့်ပြန်ပြောဆို လာပါတယ်။

Sunday, June 1, 2014

မူးနေတဲ့အချိန် မှားမပို့သင့်တဲ့ SMS များ



မူးလာပြီဆိုရင် ဖုန်းလေးကောက်ကိုင်ပြီး ဟိုဆက် ဒီဆက်၊ sms တွေ ဟိုပို့ဒီပို့ လုပ်တတ်တဲ့သူတွေအတွက်တော့ မနက်ရောက်တဲ့အခါ နောင်တရစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဖုန်းခတွေလည်း ကုန်၊ ရှက်စရာ ကိစ္စတွေလည်းဖြစ်ဆို သောက်ရတာ တန်ရောတန်ပါဦးမလား။ ကဲ ဒီတော့ သောက်ထားတဲ့အချိန်မှာ မပို့သင့်တဲ့ sms တွေကတော့

ကိုယ့်ဘ၀ကို ကိုယ်လိုချင်တဲ့ ပုံစံမျိုးရအောင် ပုံဖော်ကြိုးစားသွားမယ့် လမင်းအိနြေ္ဒ



၂၀၁၂ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင် တစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေပိုပြီး လုပ်ကိုင်လာရပါတယ်ဆိုတဲ့ မော်ဒယ်လမင်းအိနြေ္ဒ ကိုသူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ “လမင်း လတ်တလောမှာ နိုင်ငံတော် အကျိုးပြု သီချင်း ဖြစ်တဲ့ ရေအားလျှပ်စစ်စီမံကိန်း၊ ဆည်မြောင်းသီချင်းတစ်ပုဒ်ကို အိမ်မက်ဆုံရာက ကို Russal နဲ့အတူတူ သရုပ်ဆောင်ထားပါတယ်။ အခုMRTV၊ MRTV-4၊ မြဝတီတို့မှာ လွှင့်နေပါပြီ။ အခုလတ်တလောမှာတော့ ဂျာနယ်၊ မဂ္ဂဇင်းကာဗာတွေ အတွက် ဓာတ်ပုံရိုက်ဖြစ်နေပါတယ်။ ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီး လမင်းကို လာပေးတဲ့ ကာရိုက်တာနဲ့ လမင်းရိုက်ချင်တဲ့ ကာရိုက်တာဆိုရင်တော့ ရိုက်ဖြစ်သွားမှာပါ။

တောင်တရုတ် ပင်လယ်ပြဿနာနှင့် ပတ်သက်ပြီး အမေရိကန်စွပ်စွဲချက် တရုတ်ဒေါသတကြီး တုံ့ပြန်


အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂဲလ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် ၀မ်ဂွန်ဆွန်တို့ မေ ၃၁ ရက်တွင် စင်ကာပူ၌ တွေ့ဆုံဆွေးနွေးနေစဉ် (AP)

နယူးယောက်- တောင်တရုတ်ပင်လယ် ရေပိုင်နက်ပြဿနာမှာ တရုတ်နိုင်ငံက ဒေသတွင်းမတည်ငြိမ်အောင် ပြဿနာရှာကြံနေသည်ဟူသော အမေရိကန်နိုင်ငံ၏ စွပ်စွဲချက်ကို တရုတ်နိုင်ငံက ဒေါသတကြီး ပြန်လည်တုံ့ပြန်လိုက်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ကုလားဆိုး အကြမ်းဖက်သောင်းကျန်းသူ (RSO) အဖွဲ့မှ ၀င်ရောက်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့် အတွက် မိမိနယ်မြေခံလုံခြုံရေး တပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူအဖွဲ့မှ ဟုယူဆရသော လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးသည် မိမိနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာခဲ့ဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ် ၁ လက်နှင့် ခဲယမ်း အချို့တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

စိုးနန္ဒာကျော်












Photo- Fashion Myanmar

ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း


ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံကာ ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇွန်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများမှ သဘောတူညီချက်များပေါ်မူ တည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

မြတ်နိုးရဲ့အရည်အသွေးကြောင့် ဒီဆုရခဲ့တယ်လို့ ယုံကြည်ပါတယ်

အာရှပစိဖိတ်အလှမယ်ဆုရ မေမြတ်နိုးနှင့် တွေ့ဆုံခြင်း



နိုင်ငံတကာအလှမယ် သရဖူတစ်ခုကို ပရိသတ်များ၏ အကူအညီမပါ ကိုယ်ပိုင်အရည်အချင်းအစွမ်းအစနှင့် အာရှပစိဖိတ်အလှမယ်ဆုကို မြန်မာအလှမယ် မေမြတ်နိုးကရရှိသွားသည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ အလှမယ်များကို ကျော်ဖြတ်ကာ ဆုရရှိခဲ့သော မေမြတ်နိုးသည် နှစ်ပေါင်း ၅၀ကျော်အတွင်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် ပထမဆုရရှိသော ပထမဆုံး အလှမယ်ဖြစ်လာသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြိုင်ပွဲဝင်စဉ် ကာလတစ်လျှောက်ကလည်း ဒိုင်လူကြီးများ၏ ချီးကျူးခံခဲ့ရပြီး ‘‘ဒိုင်အများစုက မေမြတ်နိုးသည် အပြုံးချိုချိုနှင့် ခန္ဓာကိုယ်အချိုးအစားမှာ နိုင်ငံတကာအဆင့်မီပြီး လှပဆွဲဆောင်မှုရှိကာ နိုင်ငံတကာနှင့် ကမ္ဘာ့စင်မြင့်များတွင် ၀င်ဆံ့နိုင်သည့် အလားအလာကောင်းသူဟု မှတ်ချက်ပြုခံခဲ့ရသည်။

ရန်ကုန်မြို့တော်ဝန် အလိုရှိသည်

မြို့တော်ဝန်၏ ရုံးခန်းအနီး ဖော်မြူလာဝမ်းကား ပြိုင်ပွဲအလား ယာဉ်ပြိုင်ပွဲများ ရှိသည်။ လမ်းကူး ဒုက္ခသည်များ ရှိသည်။ မြို့လယ် ဗွက်တောများလည်း ရှိသည်။ မေတ္တာအပို့ခံ စပယ်ယာများ ရှိသည်။
အစားအစာနှင့် ပတ်သက်၍ စားသုံးကာကွယ်ရေး ပြောဆိုနေကြချိန်တွင် အချဉ်ထဲ အက်စစ် ပါဝင်နေခြင်း၊ အကြော်ကြော်ရာတွင် ပလတ်စတစ် ထည့်ကြော်ခြင်း စသည့် ကောလာဟလများက ရန်ကုန်လူထုကို ချောက်ချားစေသည်။




စီးပွားရေး လုပ်ကိုင်ရန် အခွင့်အလမ်းသာခြင်း၊ နယ်မြို့များထက် အလုပ်အကိုင် ရှာဖွေရန် ပိုမိုလွယ်ကူခြင်းတို့က ရန်ကုန် မြို့တော်သို့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်သူ များပြားလာစေပြီး လူဦးရေ တရိပ်ရိပ်တက်ကာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခက်အခဲ များစွာကို ဖိတ်ခေါ်လာသည်။
လူဦးရေ တိုးတက်များပြားလာမှုကြောင့် နေစရာ ရှားပါးလာမှုနှင့်အတူ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မိုးပေါ်က မဆင်းသော်လည်း မြို့နေလူထု၏ ၆၀ ရာခိုင်နှုန်းသော ပြည်သူများ၏ လူနေမှု အဆင့်အတန်းမှာမူ အောက်ဆုံး ထိုးဆင်းနေသည်။