Sunday, June 29, 2014

ဘာအရင်ပြင်မလဲ . . . မောင်ရွှေသီး



ရွှေသီးရေ . . . ပြီးခဲ့တဲ့ ရက် သတ္တပတ်က ထွက်ခဲ့တဲ့ အပြာ ဆန်ဆန်ဝတ္ထုစာအုပ်အကြောင်း ကို ပြောရင်း ‘‘ဒီလိုအချိုးမျိုးတွေနဲ့ ဒီမိုကရေစီနဲ့တော့ ဝေးပါပြီ ဦးလေးရာ။ လူတွေက လွတ်လပ်ခွင့်လေးနည်းနည်းရတာနဲ့ စည်းမဲ့ ကမ်းမဲ့ပရမ်းပတာတွေဖြစ်ကုန်၊ လုပ်ကုန်ကြတာ။ ဒါကြောင့် တချို့က ပြည်သူတွေ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုတာမျိုးတွေ ပြောကြတာ’’လို့ မင်းကပြော တော့ မင်းနဲ့ ငါငြင်းရခုံရဦးမှာပေါ့။အဲဒီစာအုပ်အကြောင်းကိုတော့ မငြင်းဘူးနော်ရွှေသီး။ တစ်ခါတလေ ဝေဖန်ရေးလုပ်တယ် ဆိုတာလည်း ကြည့်ကျက်လုပ်ရတယ်ဟ။ ဝေဖန်လိုက်ခါမှ လူတွေက မရမကလိုက်ရှာကြလို့ ပိုတောင်ပေါက်သွားတတ်သေး။

Saturday, June 28, 2014

အမေရိကန်- မြန်မာ ၂ နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြှင့်ရန်ဆွေးနွေး

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီး အမေရိကန်-မြန်မာ ၂ နိုင်ငံ စစ်တပ် ချင်း ဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ကြဖို့ ဆွေးနွေးကြပါတယ်။


အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဘက် ထိပ်တန်း ခေါင်းဆောင်များ၊ ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့စ်ဘုတ်

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဦးဆောင်သည့် ကာကွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနတွေက အဆင့်မြင့် ကိုယ်စားလှယ် များပါ အဖွဲ့တဖွဲ့တို့ဟာ ဇွန်လ ၂၇ ရက်နေ့နံနက် က
နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ဆုံပြီး ဆွေးနွေး မှုတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

သီရိရှင်းသန့်









Friday, June 27, 2014

ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ ခေါ်လာသည့် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီးကို ဖမ်းမိ

အငြိမ်းစား ရဲမှူးကြီး နှစ်ဦး၏ သားနှင့် သမီးက ဘင်္ဂါလီကိုးဦးကို တစ်ဦးလျှင် ကျပ် သုံး သိန်းဖြင့် ရန်ကုန်သို့ ပို့ရန်ကား ဖြင့် သယ်လာစဉ် အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ် တွင် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဦးဆောင်ကာ ဘင်္ဂါ လီ ကိုးဦးစီးလာသည့်ကားကို စစ် တပ်နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးသောင်းလွင်ကပြော သည်။

ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွား


ဓာတ်ပုံ- ကိုမျိုးမင်းဦး

ရန်ကုန်- ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတို့ရှေ့ ပြည်လမ်းဆူးလေဘက်သို့ သွားသော လမ်းမဘက်ခြမ်းတွင် လင်ခရူဆာဆိုက်ကနက်စ်ကားက ပွိုင့်မိ၍ရပ်နေသော ကားများကို ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုကားအပါအ၀င် အိမ်စီးကားခြောက်စီး၊ အငှားကားနှစ်စီး စုစုပေါင်းရှစ်စီး ဆင့်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာမှ 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

ကမ္ဘာ့အချမ်းသာဆုံး လူငယ်လူရွယ်များ



အနုပညာ နယ်ပယ်တွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများတွင်ဖြစ်စေ အောင်မြင်မှုများ ရရှိပြီးနောက် ကြွယ်ဝချမ်းသာလာသည့် လူငယ်လူရွယ်များစွာ ရှိသည်။

အချို့သော လူငယ်များသည် အောင်မြင်မှုအပြင် ကံကြမ္မာ ထောက်ပံ့မှုများကြောင့်ပါ ဆယ်ကျော်သက် အရွယ်ကတည်းက သန်းကြွယ်သူဌေးလေးများ ဖြစ်လာကြသည်များလည်း ရှိသည်။

Thursday, June 26, 2014

ရပ်ထဲရွာထဲက အသံများ သက်ဆိုင်သူများကြားပါစေ


မောင်သာစည် - ရေးသည်။

သတင်းထောက်တစ်ဦးဖြစ်နေတဲ့ ကျွန်တော့်ဆီကို တစ်ရက်သောနေ့က ရွာက ဖုန်းဆက်လာခဲ့ပါတယ်။ သတင်းအတိအကျပါတဲ့။ တစ်ရွာလုံးက သက်သေရှိတယ် တဲ့။ ပြီးခဲ့တဲ့ရက်သတ္တပတ်က သာစည်မြို့ပေါ်က မှတ်ပုံ တင်ထုတ်ပေးတဲ့သူတွေ သာဂရစံပြကျေးရွာကို လာသတဲ့။ သူတို့က မှတ်ပုံတင်လုပ်မယ့် ရွာသားတစ်ဦးကို မြန်မာကျပ် ငွေ ၂၅ဝဝ တောင်းတယ်လို့ ဖုန်းဆက်ပြောတဲ့ ရွာသား တစ်ဦးက ဆိုပါတယ်။
ဒါတင် မကပါဘူး။ အဆိုပါအဖွဲ့မှ လူတွေက အိမ် ထောင်စုဇယားတစ်ခုလုပ်ချင်ရင် ပိုက်ဆံ ၅ဝဝဝ တောင်း တယ်တဲ့။ ဖုန်းဆက်ပြောတဲ့ရွာသားကလည်း ကိုယ့်ရွာက သတင်းထောက်ဆိုတော့ အားကိုးတကြီးနဲ့ ဖုန်းဆက်ပြော ရှာပါတယ်။ ဒါပေမဲ့ ဒီရွာထဲကအသံကို အစိုးရအဖွဲ့က အသိအမှတ်ပြုပြီး ဖြေရှင်းပေးပါ့မလားကို စိုးရိမ်မိတာ တော့ အမှန်။

ကျောက်မျက်တင်ဒါအောင်ပြီး ငွေမချေသူများတွင် တရုတ်နိုင်ငံသား အများဆုံးပါဝင်


ကျောက်မျက်ကုန်သည်များ ကျောက်စိမ်းတွဲများကို ကြည့်ရှုနေစဉ် (ဓာတ်ပုံ − မိုးညို)

ကျောက်မျက်ပြပွဲများ တွင် ကျောက်စိမ်းကျောက်မျက် အတွဲများ တင်ဒါအောင်မြင်ပြီး ငွေပေး ချေရန် ပျက်ကွက်သူများတွင် တရုတ် နိုင်ငံသား အများဆုံးဖြစ်၍ ၎င်းတို့ ကို အမည်ပျက်စာရင်းသွင်းပြီး ပြပွဲ ၀င်ခွင့် ပိတ်ပင်ထားကြောင်း ပြပွဲ ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌက ပြော သည်။

ရခိုင်ပဋိပက္ခများ ဖြေရှင်းရန် တာဝန်ပေးအပ်ထားကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းပြော

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများကို လက်ရှိအစိုးရအဖွဲ့၏ ကျန်ရှိနေ သည့် သက်တမ်း တစ်နှစ်ကျော် ကာလအတွင်း ဖြေရှင်းနိုင်ရန် ၎င်းကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် သမ္မတမှ အဆို ပြုထားသော နယ်စပ်ရေးရာ ဒုဝန် ကြီးဟောင်းက ဇွန်လ ၂၆ ရက် တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ရခိုင်အမျိုးသား အင်အားစုများ နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မီဒီ ယာများအား အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

ကိုယ့်ထက်ငယ်တဲ့ ချစ်သူကို ပိုင်ဆိုင်ရခြင်းအတွက် ခံစားနိုင်တဲ့ ကောင်းကျိုးများ



ကိုယ့်ထက်ငယ်တဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ မမတွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ပြောဆိုဝေဖန်ခြင်းတွေကို ခံရစမြဲပါ။ အမှန်တော့ ကိုယ်တွဲနေတဲ့သူက ဘယ်လိုလူမျိုးလဲ၊ စိတ်ချယုံကြည်ရတဲ့သူ ဟုတ်မဟုတ်ဆိုတာ ကိုယ်သာ အသိဆုံးပါ။ သူ့အသက်အရွယ်က ကိုယ့်ထက်ငယ်လို့ ကိုယ်ကချည်းအလျှော့ပေးနေရလိမ့်မယ်လို့ ထင်နေရင်လည်းမှားနိုင်သလို ကိုယ့်ထက် အသက်ကြီးတဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားလို့ သူကချည်း ကိုယ့်ကိုဦးဆောင်ပြီး အနာဂတ်လမ်းမပေါ် လျှောက်လှမ်းသွားနိုင်မယ်ဆိုတာကလည်း မှားယွင်းတဲ့အတွေးအခေါ် အယူအဆပါပဲ။ ဒီတော့ ကိုယ့်ထက်ငယ်တဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားတဲ့ မမတွေအတွက် ကောင်းကျိုးလေးတွေ ဖော်ပြပေးချင်ပါတယ်။

ကမ္ဘာ့ဖလား အုပ်စု(G)နှင့် အုပ်စု(H) အပိတ်ပွဲစဉ်များ


ကမ္ဘာ့ဖလား အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များကို ဇွန်လ(၂၆)ရက်နေ့ ညပိုင်းနှင့် ဇွန်လ(၂၇)ရက်နေ့ နံနက်အစောပိုင်းတို့က ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု(G)မှ ဂျာမနီနှင့် အမေရိကန်၊ အုပ်စု(H)မှ ဘယ်လ်ဂျီယံနှင့် အယ်လ်ဂျီးရီးယားတို့ အသီးသီး ရှုံးထွက်အဆင့်သို့ တက်လှမ်းခဲ့ကြသည်။

ရန်ကုန်နဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးနေ့ 



ဒီမနက် ရန်ကုန်မြို့ လှော်ကားမှာ ရှိတဲ့ ရဲအကြပ်အတတ်သင်ကျောင်းမှာ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့  တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါး အများအပြားကို ရှို့ ဖျက်ဆီးခဲ့ပါတယ်။

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော (အသက် ၉၄ နှစ်) သည် ဇွန်လ ၂၆ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲစရီယန်း ( မိုင်းလုံကြီး) ရှိ နေအိမ်မှာ ကွယ်လွန်သွားပါ တယ်။


ဓာတ်ပုံ- KNU
ကွယ်လွန်ချိန်တွင် သားသမီး ၈ ဦးနှင့် မြေး၊ မြစ်များစွာ ကျန်ရစ်ခဲ့ပါတယ်။ ကျန်ရစ်သူ သားသမီးများတွင် လက်ရှိ KNU ဒု ဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်၊ KNLA စစ်ရေးချုပ် ဗိုလ်ချုပ် ဘီလပ်စိန်နှင့် KNLA အရာရှိ ဗိုလ်မှူးချုပ် မဲအေစိန်တို့သည် ထင်ရှားသူများဖြစ်ကြပါတယ်။

ရိုမန်းဒင်ရဲ့တဏှာကမ္ဘာ


(၁)
“မျှစ်စို့ပေါက်နှင့်ပမာတင်စားနိုင်သည့်သူ့တင်ပါးထွားထွားကြီးတွေကို မြင်ရလေတိုင်း ကျွန်ုပ်ရင်မှာ ဘောင်ဘင်ခတ်ရုံမက ထိုင်ရာမှ ငေါက်ကနဲထထိုင်မိသည်အထိ ဖြစ်ရသည်မှာအကြိမ်ကြိမ်။ဖူးငုံနေသောသူ့နှုတ်ခမ်းလွှာအစုံသည် အချစ်အတွက်ဖြင့်အသက်ပင် သေ သေ၊ အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်ဟုရဲဝံ့စွာကြွေးကြော်ရင်း ချစ်ဗျူဟာကျင်းခဲ့ကြသည့် ဖဲမွေ့ယာကို ရုတ်ခြည်းသတိရစေပြန် သည်။ သို့သော် သူ့ယောက်ျားအလစ်ကိုမူ စောင့်ရပေဦးတော့မည်။သူပေးလို့ကိုယ်ယူ ထိုသူမှာအပြစ်မရှိ။ ဒု၊သ၊န၊သောဟူသည် ကျွန်ုပ် အတွက်မူ ရယ်မောဖွယ်ပြက်လုံးသာသာမျှသာဖြစ်ချေ၏။”

Wednesday, June 25, 2014

ကမ္ဘာ့ အဆန်းကျယ် အလှပဆုံး သဘာဝရေကန်များ



ကမ္ဘာပေါ်တွင် တည်နေပုံအရ၊ ပတ်ဝန်းကျင် အနေအထားအရ၊ အရောင်အဆင်းအရ လူတို့၏ စိတ်အာရုံကို ထူးထူးခြားခြား ဆွဲဆောင်နိုင်လောက်သည့် သဘာဝရေကန်ကြီးများ ရှိနေသည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင် သဘာဝတရားအတိုင်း ဆန်းကျယ်လှပသည့် ရေကန်ကြီးများ ရှိနေတတ်သော်လည်း ယင်းတို့အနက်မှ အဆန်းကြယ်ဆုံးနှင့် အလှပဆုံးဟု ယူဆရမည့် (၁၀)ခုကို ရွေးချယ်ကောက်နုတ် ဖော်ပြအပ်ပါသည်။

ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်

မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။


ထိုင်းဆေးရုံမှာ ခွဲစိတ်မှုခံယူနေတဲ့ ကလေးငယ် (ဓာတ်ပုံ – SWAN)

ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက်အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ် ခွဲစိတ်လိုက်တာ ဖြစ်ပြီး လောလောဆယ်မှာတော့ Maharaj Nakorn ဆေးရုံကြီးရဲ့ အရေးပေါ် လူနာတွေထားတဲ့ Intensive Care Unit-ICU အခန်းထဲမှာပဲ ရှိတယ်လို့ ကလေးငယ် ဆေးကု သနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင် ရွက်ရေး အသင်း (SWAN) အဖွဲ့ကပြောပါတယ်။

ဂျပ်စတင်ဘီဘာ ယာဉ်မတော်တဆမှုဖြစ်


ဘီဘာလီဟေးလ်က Steak House ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားပြီး ကာဒီလက် အနက်ရောင် Escalade ကားကြီးနဲ့ စားသောက်ဆိုင်က ပြန်ထွက်လာတဲ့ ဂျက်စတင်ဘီဘာကို BMW ကားတစ်စီးက ဝင်တိုက်လိုက်တာပါ။

ဇွန်လ ၂၄ ရက်နေ့က သူ့ချစ်သူ ဆလီနာဂိုးမက်ဇ်နဲ့အတူ စားသောက်ဆိုင်ကအထွက်မှာ အခုလို ဝင်တိုက်ခံရတာလည်း ဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရကတော့ BMW ကားဟာ အရှိန်မထိန်းနိုင်ဘဲ ဘီဘာရဲ့ ကားကို ဝင်တိုက်တာလို့ ဆိုပါတယ်။

အားကစား၊ နိုင်ငံရေးနှင့် မသမာမှုများ



လက်ရှိ ဘရာဇီး နိုင်ငံ၌ ကျင်းပနေသော ၂၀၁၄ ကမ္ဘာ့ဖလား အားကစားပြိုင်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ တခု (ဓာတ်ပုံ – Reuters)

ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့် ဆန္ဒပြပွဲများက ခြိမ့်ခြိမ့်သဲမျှ ကျင်းပနေသည်။ ပြည်သူများ ဆင်းရဲမွဲတေ နေကြ သည့်ကြားမှ အမေရိကန်ဒေါ်လာ ဘီလီယံချီ၍ ကုန်သည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ ဘရာဇီး နိုင်ငံတွင် လက်ခံကျင်းပသည့် အတွက် ဆန္ဒပြနေကြခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။

သန္တာလှိုင်နဲ့ အငြင်းပွားဖွယ်ဝတ်စုံ



ပါတီပွဲတခုမှာ မော်ဒယ် သန္တာလှိုင် ဝတ်ခဲ့တဲ့ ဝတ်စုံက ဒီလထဲ လူပြောများတဲ့ ဝတ်စုံပါပဲ။

သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း အဲဒီပုံကို တင်ခဲ့ပါတယ်။

ဒီပုံက အွန်လိုင်းမှာ အင်မတန် ငြင်းခုံစရာဖြစ်ခဲ့တဲ့ပုံပါပဲ။
၁။ သူ့ရဲ့ဝတ်စုံ
၂။ သူ့ဘေးက သူငယ်ချင်း ကိုအေးနေဝင်း၊ ပြီးတော့ အလှမယ် မေမြတ်နိုး။
ဒီအကြောင်းအရာ နှစ်ခုက အငြင်းပွားစရာ ဖြစ်နေတာပါ။

တွင်းတောင်ကို ဘယ်လိုပြန်အသက်သွင်းမလဲ


စိမ်းပြာရေညှိထုတ်လုပ်ရာ တွင်းတောင်အားတွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)

မရောက်တာကြာပြီဖြစ်သည့် တွင်းတောင်သို့ ၂၀၁၃ တွင် ပြန်ရောက်လာသော တွင်းတောင်ရွာသား ဦးငွေမောင်သိန်းတစ်ယောက် တွင်းတောင်အတွင်းမှ ရေများကိုကြည့်ကာ အံ့သြသွားသည်။

သူတအံ့တသြဖြစ်စေသည့် မြင်ကွင်းက အခြားတော့မဟုတ်။ တစ်ချိန်က စိမ်းပြာရေညှိများ လှိုင်လှိုင်ထွက်ခဲ့ပြီး အစိမ်းပုပ်ရောင်သန်းနေသည့် ရေပြင်က ယခုတော့ အရောင်တွေလျော့ကျကာ အ၀ါရောင်ဖျော့ဖျော့ဘက်သို့ သန်းနေခြင်းဖြစ်သည်။