Wednesday, June 25, 2014

သန္တာလှိုင်နဲ့ အငြင်းပွားဖွယ်ဝတ်စုံ



ပါတီပွဲတခုမှာ မော်ဒယ် သန္တာလှိုင် ဝတ်ခဲ့တဲ့ ဝတ်စုံက ဒီလထဲ လူပြောများတဲ့ ဝတ်စုံပါပဲ။

သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း အဲဒီပုံကို တင်ခဲ့ပါတယ်။

ဒီပုံက အွန်လိုင်းမှာ အင်မတန် ငြင်းခုံစရာဖြစ်ခဲ့တဲ့ပုံပါပဲ။
၁။ သူ့ရဲ့ဝတ်စုံ
၂။ သူ့ဘေးက သူငယ်ချင်း ကိုအေးနေဝင်း၊ ပြီးတော့ အလှမယ် မေမြတ်နိုး။
ဒီအကြောင်းအရာ နှစ်ခုက အငြင်းပွားစရာ ဖြစ်နေတာပါ။သူ့ရဲ့ ၀တ်စုံနဲ့ ပတ်သက်ပြီး ထောက်ခံသူ ကန့်ကွက်သူ အများအပြား ရှိနေပါတယ်။

မြန်မာ့ယဉ်ကျေးမူ နဲ့ အညီဝတ်စားဆင်ယင်ရအောင် ဘုန်းကြီးကျောင်း သွားတာမှ မဟုတ်တာ.. ဆိုပြီး ထောက်ခံမှု ရှိသလို

ဘယ်လောက်ပဲလှပါစေ .မြန်မာ့ယဉ်ကျေးမှုနဲ့တော့လုံးဝဆန့်ကျင်နေပါတယ်...လို့ ကန့်ကွက်တာလည်း ရှိပါတယ်။

ဒီရဲ့ ပွဲတက်ဝတ်စုံနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတဲ့အပေါ် ကာယကံရှင်ရဲ့ အမြင်ကို ရန်ကုန်အခြေစိုက် အိုအေစစ်ဂျာနယ်မှာ ဒီတပတ် အပြည့်အစုံ ဖော်ပြထားပါတယ်။

ပွဲမှာ တွေ့တဲ့ ဧည့်သည်တွေထဲက အမျိုးသမီးတွေက တော်တော်သဘောကျလို့ လာမေးကြတယ်။ ဒါပေမယ့် အပြင်ကလူတွေသိလိုက်မှာမဟုတ်ဘူး၊ အခုတော့ online မှ ဝေဖန်တဲ့သူတွေက ရှိလာပြီး အစ်မပရိသတ်တွေကလည်း ပြန်ငြင်းနှင့်ဆိုတော့ စိတ်ဝင်စားစရာတော်တော်ဖြစ်သွားတယ်နှင့် တူပါတယ်။ အဲဒီအင်္ကျီကို ကြော်ငြာပြီးသားကို ဖြစ်သွားတော့တာပါပဲလို့ သန္တာလှိုင်က ဖြေကြားထားတာ တွေ့ရမှာပါ။

ဒီဝတ်စုံ မိုးကုတ်ပေါက်ပေါက်ချုပ်ပေးတာလို့ ဆိုပါတယ်။ 


နှစ်နာရီလောက်ပဲ တက်ရမယ့်ပွဲတစ်ခုအတွက်ဝတ်ဖို့ကို အလုပ်သမားတွေ နာရီပေါင်း (၂၀)ကျော် အချိန်ယူပြီး ချုပ်ထားတဲ့ အပြစ်အနာအဆာမရှိတဲ့ ဝတ်စုံကြီးရှိနေမှတော့ ပစ်ပြီး တစ်ခြားတစ်ထည်ချုပ်ခိုင်းစရာမလိုတော့ဘူးလို့ ထင်ပါတယ်။
အဲဒါနှင့်ပဲ အန်တီပေါက်အင်္ကျီကိုပဲဝတ်လိုက်မိပါတယ်။ သူ့ကိုလည်း ချစ်တာကိုး။
ဒါပေမယ့် ခက်တာကဘာလဲဆိုတော့ အစက နှစ်နာရီလောက်ပဲ သွားမယ်လို့စိတ်ကူးထားတဲ့ပွဲမှာ အင်္ကျီလေးကိုကြိုက်လို့ ဘယ်မှာအပ်ရမလဲလာမေးတဲ့ လူတွေကြောင့်လား၊ လူကိုခင်လို့ စကားမပြတ်ချင်ကြတဲ့ မိတ်ဆွေတွေကြောင့်လားမသိပါဘူး။ လေးနာရီလောက် ပွဲမှာ ကြာသွားတယ်လို့ မြန်မာပြည် မော်ဒယ်ခေတ်ဦးကတည်းက ထင်ရှားခဲ့တဲ့ သန္တာလှိုင်က အိုအေစစ်ဂျာနယ်ကို ပြောပါတယ်။

ဧရာဝတီ

0 comments:

Post a Comment