Wednesday, November 18, 2020

ရန်ကုန်တိုင်းရွေး/ကော်အဖွဲ့ခွဲအဆင့်ဆင့်မှအယောက်၇၀ကျော်ပိုးကူးခံရ

 


ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ကော်မရှင်အဖွဲ့ခွဲရုံးတွေက ၇၁ဦးဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ချိန်မှာ COVID-19ရောဂါပိုး ကူးစက်ခံရတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ပါတယ်။
ကူးစက်ခံရတဲ့ သူတွေကတော့ ဥက္ကဋ္ဌ /အဖွဲ့ဝင် အယောက်၃၀၊ ဝန်ထမ်း၈ယောက်နဲ့ မဲရုံအဖွဲ့ဝင် ၃၃ဦးတို့ဖြစ်ပြီး အဲ့ဒီထဲကမှ ၆၃ဦးကတော့ လက်ရှိအချိန်ထိ ကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲ့ဒီပိုးတွေ့သူတွေရဲ့ မိသားစုဝင်၁၂ဦးကလည်း COVID-19 ပိုးကူးစက်ခံထားရပြီး ကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုထုတ်ပြန်ထားတဲ့အချက်အလက်တွေဟာ ကူးစက်ခံရပြီးစာရင်းတင်ပြဖို့ကျန်နေတာ၊ ထပ်မံဆင့်ပွားကူးစက်တာ၊ ရောဂါလက္ခဏာမပြသေးလို့ မသိရှိရတာတွေ ကျန်နေနိုင်သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။




ဓာတ်ပုံ-Sub Election Commission-Yangon Region

0 comments:

Post a Comment