Wednesday, November 18, 2020

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း၂၅၀၀၀၀ ကျော်ရှိလာပြီး နယူးယောက်မှာ စာသင်ကျောင်းတွေ ပြန်ပိတ်



အမေရိကန်နိုင်ငံဟာ ဗုဒ္ဓဟူးနေ့ ( နိုဝင်ဘာ ၁၈ ရက်နေ့ ) မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၅၀၀၀၀ ကျော်လွန်သွားခဲ့ပြီး နယူးယောက်မြို့မှာ ဗိုင်းရပ်စ်ကူးစက်နှုန်းတွေ ခုန်တက်လာခြင်းကြောင့် နယူးယောက်စီးတီးမှာ အစိုးရစာသင်ကျောင်းတွေရဲ့ အခန်းတွင်းသင်ကြားမှုတွေကို ရပ်တန့်လိုက်တယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာအရေအတွက် မြင့်တက်လာခြင်းနဲ့ ဆောင်းရာသီမှာ ဆေးရုံတက်ကုသမှု ခံယူရမယ့် ကူးစက်လူနာအရေအတွက် ကျဆင်းစေဖို့အတွက် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ လူမှုဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာတွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပြီး ကြာသပတေးနေ့မှာတော့ စာသင်ကျောင်းတွေ ပိတ်ကာ နေအိမ်မှ သင်ကြားရေးစနစ်ကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
နယူးယောက်မြို့ဟာ နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံး ထွက်ပေါ်လာခဲ့ရာ ဗဟိုချက်နေရာ ဖြစ်ခဲ့ပေမယ့် ၈ လအကြာမှာတော့ အများပြည်သူ ကျန်းမာရေး အကျပ်အတည်းဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဟာ နိုင်ငံအနောက်အလယ်ပိုင်းကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ ပြည်နယ်များစွာထဲမှ တစ်ခုဖြစ်တဲ့ မင်နီဆိုးတားပြည်နယ်မှာ စားသောက်ဆိုင်၊ ဘား၊ အားကစားရုံ၊ ဖျော်ဖြေရေး အဆောက်အဦးများနဲ့ လူငယ်အားကစားပွဲတွေ အားလုံးကို သီတင်း ၄ ပတ်ကြာ ပိတ်လိုက်ကြောင်း၊ ပြည်နယ်အရှေ့အလယ်ပိုင်းရှိ ဆေးရုံတွေမှာ အထူးကြပ်မတ် ကုသရေးကုတင် ၉၀ ရာခိုင်နှုန်းကျော် တပ်ဆင်ထားရကြောင်း မင်နီဆိုးတားပြည်နယ်အစိုးရ Tim Walz က ပြောကြားပါတယ်။ နယူးယောက်မြို့ရှိ စာသင်ကျောင်းတွေ ပိတ်ပင်ခြင်း လုပ်ဆောင်ချက်ကို မြို့တော်ဝန် Bill de Blasio via က တွစ်တာမှာ ကြေညာခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၇၉၀၀၀ နီးပါး၊ သေဆုံးသူ ၁၄၀၀ ကျော် ထပ်တိုးပြီး ဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၁၁.၅ သန်းခန့်၊ သေဆုံးသူ စုစုပေါင်း ၂၅၀၀၁၆ ဦးခန့် ရှိနေပြီ ဖြစ်တယ်လို့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု ဒေတာကို အခြေခံပြီး ရိုက်တာသတင်းဌာနမှ ဖော်ပြချက်အရ သိရပါတယ်။


အကုန်သိ သတင်းဌာန

0 comments:

Post a Comment