Friday, November 20, 2020

ရွေးကောက်ပွဲအနိုင်ရမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်ဝန်ကြီးချုပ် ဂုဏ်ပြုစကားပြောကြား

 

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီ၏ ခေါင်းဆောင် မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၂၀ နံနက်တွင် ဆက်သွယ်စကားပြောခဲ့သည်။
မကြာသေးခင်က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ပါတီက အနိုင်ရသွားခဲ့မှုနှင့် ပတ်သက်ပြီး ဂုဏ်ပြုသည်ဟု ဘောရစ်ဂျွန်ဆင်ကဆိုသည်။ ယခုကဲ့သို ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို ့ အသွင်ကူးပြောင်းရေးအတွက် အရေးပါသည့် တက်လှမ်းမှုတစ်ခုဖြစ်သည်ဟုလည်း ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။
မြန်မာနိုင်ငံ ကြုံတွေ ့လာရမည့်စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို ့ ဆွေးနွေးခဲ့ကြသည်။ ထို ့အတူ ရိုဟင်ဂျာ( မူရင်း ) ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့် စိုးရိမ်မှများရှိသည်ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ဗြိတိန်နှင့် မြန်မာ ခေါင်းဆောင် ၂ ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်အနိုင်ရယူရေးအတွက် ဗြိတိန်- မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
COP26 ကို ဗြိတိန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဗြိတိန်နှင့်မြန်မာအကြား ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စများကို အထူးတလည် တိုက်ဖျက်ရေးအတွက် ၂ နိုင်ငံ ခေါင်းဆောင်များအကြား သဘောတူညီနိိုင်ခဲ့ကြသည်။ ( COP26 မှာ ကုလသမဂ္ဂက ကြီးမှူးကျင်းပသည့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ၂၆ ကြိမ်မြောက် ညီလာခံဖြစ်သည်။ ၂၀၂၁ နိုဝင်ဘာ ၁ မှ ၂၁ အထိ စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို ့တွင် အလှည့်ကျ ဥက္ကဌ ဗြိတိန်အစိုးရက စကော့တလန်အစိုးရ၏ ပံ့ပိုးကူညီမှုများနှင့်အတူ ကျင်းပသွားမည်ဖြစ်သည်။ - The Ladies News )
ယူကေဝန်ကြီးချုပ်က “ပိုမိုကျယ်ပြန်လှသော အင်ဒို- ပစိဖိတ်ဒေသ မှ သည် အာဆီယံနိုင်ငံများ နှင့် ပိုမိုနီးကပ်လာမည့်မိတ်ဖက်ဖြစ်ရန် “ ဆိုသော ယူကေနိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
Photo - ၂၀၁၇ က မြန်မာနိုင်ငံကို ဗြတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဘောရစ်ဂျွန်ဆင် ၂ ရက်ကြာ လာရောက်ခဲ့စဉ်
The Ladies News

0 comments:

Post a Comment