Thursday, July 31, 2014

Myanmar's Choice Award (Miss Golden Land Myanmar 2014 - Official Voting)

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီး (၅)ပွဲအတွက် ပြိုင်ပွဲကြီးတစ်ပွဲတည်းမှ Miss Myanmar (၅)ဦး ရွေးချယ်မည့် မြန်မာနိုင်ငံ၏ အကြီးကျယ်အခမ်းနားဆုံးအလှမယ်ပြိုင်ပွဲကြီးဖြစ်သည့် Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီးတွင် မြန်မာမိဘပြည်သူပရိသတ်များကိုယ်တိုင် မဲပေးနိုင်ပြီဖြစ်ပါတယ်...

ပရိသတ်များကိုယ်တိုင်မဲပေးရွေးချယ်ရာမှ မဲအများဆုံးရရှိတဲ့အလှမယ်လေးဟာ
Myanmar's Choice Award ကို ဆွတ်ခူးရရှိမည် ဖြစ်သည့်အပြင်
ဖိုင်နယ်ပြိုင်ပွဲကြီး၏ နောက်ဆုံးစကာတင်အလှမယ် (၁၅)ဦးစာရင်းတွင်လည်း အလိုအလျောက်ပါဝင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်...
မိမိနှစ်သက်ရာ Miss Golden Land အလှမယ်လေး၏ ဓာတ်ပုံကို LIKE လုပ်ခြင်းဖြင့် Voting စတင်ပေးနိုင်ပြီဖြစ်ပါတယ်....

Voting အရေအတွက်ကို ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ နေ့လယ် (၁၂)နာရီ အချိန်တွင် အပြီးသတ် ရယူသွားပါမည်...

မှတ်ချက်။ ။ (Facebook User အစစ်များ၏ "Like" မဟုတ်ဘဲ "Auto Like" အသုံးပြုခြင်းအား (လုံးဝ) မပြုလုပ်ပါရန် သတိပေးတားမြစ်အပ်ပါသည်။
LIKE ပေးသူများသည် Facebook User အစစ် ဟုတ် ၊ မဟုတ် ကို စနစ်တကျ စစ်ဆေးပြီး (LIKE) Voting အရေအတွက်ကို စိစစ်ရေတွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။)

www.facebook.com/MissGoldenLandMyanmar



























မရေးချင်ဘဲ ရေးလိုက်ရသည့်စာ (ဒီလှိုင်း အယ်ဒီတာအဖွဲ့သို့...)

ခြေဆင်း

စာရေးသူမှာ ကိုယ့်ကိုယ်ကိုယ် လူမုန်းများမှန်း စာရေးဆရာ ဖြစ်တော့မှပဲ သိရတော့သည်။ မြန်မာစာပေတွင် အဆက်ပြတ် အားနည်းနေဆဲဟုထင်သော ခေတ်ပြိုင်နိုင်ငံရေး၊ စီးပွားရေးနှင့် အိုင်ဒီယာရေစီးကြောင်းများကို လက်လှမ်း မီသလောက် မိတ်ဆက်ကြည့်တော့ အနောက်အုပ်စု၏ Mouth Piece ဟုအစွပ်စွဲခံရသည်။ အတွေးအခေါ်သစ်များနှင့်အတူ ကျွဲကူးရေပါ ပါလာသော ဝေါဟာရအချို့ကို ကျစ်လျစ်ထိမိသော ဘာသာပြန်ရှာမရသည်နှင့် အသံဖလှယ် သုံးမိတော့ မြန်မာစာပေဖျက်ဆီးသူဟု စွဲချက်တင်ကြပြန်သည်။ နောက်ဆုံး စိတ်ပျက်နေမိပြီဖြစ်သော သူ့ဘက်ကိုယ့်ဘက် အမြင်တွေမှခွာ၍ ကြားအမြင်ဖြင့် မြန်မာ့နိုင်ငံရေးကို ချဉ်းကပ်ကြည့်မိတော့ အစိုးရအဆက်ဆက်နှင့် ပျော်ပျော်ကြီး ပေးစားကြပြန်သည်။

ဝေါဟာရအငြင်းပွားမှုကြောင့် ငြိမ်းချမ်းရေးအလှမ်းဝေးနေဦးမှာလား


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ထိပ်သီးညီလာခံကို ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက်နေ့မှ စတင်၍ဆွေးနွေးခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ မျှော်လင့်နေသော စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရန် ယင်းဆွေးနွေးပွဲ၏ရလဒ်အပေါ် များစွာသက်ရောက်မှု ရှိပါတယ်။ 

ပွင့်လင်းမြင်သာမှုလား၊ လုံခြုံမှုကို ဦးစားပေးမှာလား


သမ္မတ လက်မှတ်မထိုးရသေးတဲ့ အမိန့်ကြေညာချက်တစ်ခုကို ဇူလိုင်လ ၃၀ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ်ပျံ့နှံ့နေတာသတိထားမိပါတယ်။ လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီး နေရာတွေကို ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းအောင်ကို ခန့်အပ်တဲ့ အမိန့်ပါ။ လွှတ်တော်မှာလည်း လစ်လပ်နေတဲ့ ဝန်ကြီးတွေနေရာမှာ လက်ရှိဒုဝန်ကြီး ၂ ဦးကို အစားထိုးခန့်အပ်ဖို့ လွှတ်တော်ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့အဆိုပြုပါတယ်။ ထူးခြားတာက လူမှုကွန်ရက်ပေါ်ပျံ့နေတဲ့ အမိန့်စာက သမ္မတလက်မှတ်မထိုးရ သေးတာပါ။