
မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးလာလျှင်တိုင်းရင်းသားအားလုံး တပ်မတော် နှင့်လက်ချင်းချိတ်ပြီး ကာကွယ်ကြရ မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချု ပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ ပြောကြားလိုက်သည်။
စက်တင်ဘာလ ၂၂ ရက်နေ့ညနေပိုင်းက အနောက်မြောက်တိုင်း စစ်ဌာနချုပ် အစည်းအဝေးခမ်းမတွင်ကျင်းပသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ခေါင်းဆောင်များ အားတွေ့ဆုံပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်ြး ဖစ်သည်။
ထို့အပြင် လက်ရှိအချိန်တွင် လက်နက်ကိုင်ပဋိပက္ခများမချုပ်ငြိမ်းသေးဘဲ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ အယူဝါဒရေးနှင့် အုပ်ချုပ်ရေးသဘောထားကွဲလွဲမှုများရှိနေကြောင်းနှင့် ပြည်သူ များမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေပြီဖြစ် သဖြင့် ကွဲပြားနေသည့် အမြင်များတူညီစေရန်အတွက် အားလုံးညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းဖြင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချု ပ်က ဆိုသည်။ ထို့အပြင် ကြည်း၊ရေ၊လေ တပ်မတော်သားများအနေဖြင့်လည်း စည်းစည်းလုံးလုံးဖြင့် ကျရာတာဝန်ကိုထမ်းဆောင်နေကြ ခင်းဖြစ်ပြီး တပ်မတော် အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အ တွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
ထို့နောက် တပ်တော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနားတက်ရောက် လာကြသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင်းရှိ တိုင်းရင်း သားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များအား အမှတ်တရ လက်ဆောင် ပစ္စည်း များပေးအပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့်  အရှေ့မြောက်တိုင်းစစ်ဌာနချု ပ်နယ်မြေအတွင်းရှိ တိုင်းရင်း သားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
မြဝတီ






0 comments:
Post a Comment